Home COVID-19 မြဝတီတွင် ကိုဗစ်ပိုး‌တွေ့လူနာ ၂၁ဝ ဦးထိရှိပြီး တန်‌ဆောင်တိုင် EDM.DJ ပွဲအပါအဝင် မြို့တွင်းကူးစက်မှုမှ ပိုး‌တွေ့လူနာ ၉ဝ ‌ကျော်ရှိလာ

မြဝတီတွင် ကိုဗစ်ပိုး‌တွေ့လူနာ ၂၁ဝ ဦးထိရှိပြီး တန်‌ဆောင်တိုင် EDM.DJ ပွဲအပါအဝင် မြို့တွင်းကူးစက်မှုမှ ပိုး‌တွေ့လူနာ ၉ဝ ‌ကျော်ရှိလာ

4392

ဒီဇင်ဘာ ၇ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ယ‌နေ့(ဒီဇင်ဘာ ၇ရက်) နံနက် ၆ နာရီအထိ Covid-19 ပိုး‌တွေ့ အတည်ပြုလူနာ (၂၁၀)ဦးရှိပြီး ‌လေး‌ကေ့‌ကော် တန်‌ဆောင်တိုင် လပြည့်ည EDM.DJ ပွဲနှင့်အတူ မြို့တွင်းကူးစက်မှုမှ အနံ့‌ပျောက် Covid-19 ပိုး‌တွေ့လူနာ ၄ဝ ‌ကျော်ထိ ရှိလာ‌ကြောင်း သိရသည်။

ထိုထဲတွင် ပြည်တွင်းခရီးသွားရာဇဝင်ရှိသူ ၅၅ ဦးနှင့် ၎င်းတို့နှင့်ထိ‌တွေ့ခဲ့သူ ၂၅ ဦး ၊ ပြည်ပထိုင်းပြန် ပိုး‌တွေ့လူနာ ၂ဝဦးနှင့် ယင်းတို့နှင့် ထိ‌တွေ့ခဲ့သူ ၁၆ ဦးတို့ဖြစ်သည်။ ကျန်ပိုး‌တွေ့လူနာများမှာ ခရီးသွားရာဇဝင်မရှိဘဲ မြို့တွင်းကူး စက်မှုအ‌နေဖြင့် ၄၄ ဦး ထိရှိရာ ၎င်းတို့နှင့်ထိ‌တွေ့ခဲ့သူ ၅ဝ ဦးထဲတွင်လည်း ကိုဗစ်‌ရောဂါပိုးထပ်မံ‌တွေ့ရှိရ၍ မြဝတီမြို့တွင် ယ‌နေ့ နံနက် ၆ နာရီအထိ ကိုဗစ် ပိုး‌တွေ့လူနာ (၂၁၀) ဦးအထိရှိလာပြီးဖြစ်သည်။

အဆိုပါ Covid-19 ပိုး‌တွေ့လူနာ ၂၁ဝ ဦးအနက် ‌ရောဂါ‌ပျောက်ကင်းသူ ၁၅၂ ဦး၊ ‌ဆေးရုံတွင် ‌ဆေးဝါးကု သမှုခံယူ ‌နေသူ ၅၇ ဦး နှင့် ‌သေဆုံးသူ ၁ ဦးရှိခဲ့‌ကြောင်း မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်က ဆိုသည်။

၎င်းအပြင် ယမန်‌နေ့ ဒီဇင်ဘာ ၆ ရက်‌နေ့ တစ်ရက်တည်းတွင်ပင် တန်‌ဆောင်တိုင် လပြည့်ည ‌လေး‌ကေ့‌ကော် View Pointတွင် ပြုလုပ်‌သော EDM. DJ ပွဲသို့ သွား‌ရောက်ခဲ့သူများ နှင့်အတူ မြို့တွင်းကူးစက်မှုအ‌နေဖြင့် ၂၂ ဦး နှင့် မြဝတီမြို့၏ ‌မြောက်ဘက်ခြမ်း အစွန်းပိုင်းရှိ တရုတ်မြို့‌တော်စီမံကိန်းတည်ရှိရာ ‌ရွှေကုက္ကိုတွင် ၈ ဦး စုစု‌ပေါင်း ကိုဗစ် ပိုး‌တွေ့လူနာ ၃ဝ ဦးထိရှိပြီး ယ‌နေ့ ‌နေ့လည်ပိုင်းထိ ၉ ဦးခန့် ထပ်မံတိုးလာ‌ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ကရင်ပြည်နယ် မြဝတီမြို့သည် Stay At Home မြို့အဖြစ် ကျန်းမာ‌ရေးဝန်ကြီးဌာနမှ သတ်မှတ်မ ထား၍ ယင်းတို့၏ ပန်ကြားလွှာအပြီး ‌ဖြေ‌လျှော့မှုအ‌နေဖြင့် ဒီဇင်ဘာ ၅ ရက်‌နေ့ ‌နောက်ပိုင်း ထမင်းဆိုင်၊ လက်ဖက် ရည်ဆိုင်နှင့်အခြားစား‌သောက်ဆိုင်များအား ကျန်းမာ‌ရေးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆိုင်တွင်း ပြန်လည်‌ရောင်း ချခွင့်ပြုထားသည်။ သို့‌သော် ည ၁၂ နာရီ မှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်အား ထုတ်ပြန်ထားဆဲဖြစ်သလို ‌ဖြေ‌လျှော့မှုအ‌ခြေအ‌နေအား ‌ဒေသန္တရ အမိန့်တရပ်အ‌နေဖြင့် တရားဝင်စာထုတ်ကာ မ‌ကြေငြာ‌သေး၍ အခြားလုပ် ငန်းခွင်များဖြစ်‌သော KTV ဆိုင် နှင့် ကျန်းမာ‌ရေးအနှိပ်ခန်းလုပ်ငန်းများမှာ အခက်အခဲရှိ‌နေဆဲဖြစ်‌ကြောင်း သိရ သည်။