Home သတင်း မိရိုးဖလာပိုင်‌မြေယာအား အစိုးရအသိအမှတ်ပြု‌မြေယာအဖြစ် လုပ်‌ဆောင်‌ပေးမည်ဟု ‌ရွေး‌ကောက်ပွဲအနိုင်ရ ကရင်အမတ်‌ပြော

မိရိုးဖလာပိုင်‌မြေယာအား အစိုးရအသိအမှတ်ပြု‌မြေယာအဖြစ် လုပ်‌ဆောင်‌ပေးမည်ဟု ‌ရွေး‌ကောက်ပွဲအနိုင်ရ ကရင်အမတ်‌ပြော

2388

ဒီဇင်ဘာ ၅ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ် ‌ဒေသခံများ၏ မိရိုးဖလာပိုင် ‌တောင်ယာ‌မြေများကို အစိုးရအသိအမှတ်ပြု ပုံစံ (၇) ရရှိ‌အောင်လုပ်‌ဆောင်‌ပေးသွားမည်ဖြစ်‌ကြောင်း ကရင်ပြည်သူ့ ပါတီမှ လွှတ်‌တော်အမတ် ‌စောခရစ္စတိုဖာက ကတိပြု‌ပြောကြားသည်။

သံ‌တောင်ကြီးမြို့နယ်အတွင်း ‌မြေဧကစုစု‌ပေါင်း ကိုးသိန်းဝန်းကျင်ရှိပြီး အစိုးရက ‌မြေပိုင်ဆိုင်ခွင့် ပုံစံ (၇) ထုတ်‌ပေးထားသည့်ဧကမှာ စုစု‌ပေါင်း ခုနှစ်‌သောင်းဝန်းကျင်သာ ရှိ‌ကြောင်း သိရသည်။

ကျန်‌မြေများသည် ‌ဒေသခံများ၏မိရိုးဖလာပိုင်‌မြေများဖြစ်‌သော်လည်း တရားဝင်ပိုင်ဆိုင်ခြင်းမရှိ‌သော‌ကြောင့် ‌မြေလွတ်၊ ‌မြေရိုင်း အသွင်ရှိ‌နေ ခြင်းဖြစ်‌ကြောင်း သိရသည်။

“ပိုင်ဆိုင်မှုက‌တော့ ‌ကျေးရွာ‌ဘောင်ထရီ (‌ကျေးရွာ‌မြေပိုင်ဆိုင်မှု စည်းမျဉ်းများ) ‌တွေနဲ့ ဘယ်‌လောက်ပိုင်တယ်ဆိုတာ‌တော့ ရှိခဲ့တာ‌ပေါ့‌နော်။ သို့‌သော်လည်းဘဲ အခုချိန်မှာ ဒါ‌တွေအားလုံးက ‌မြေလွတ်၊ ‌မြေရိုင်း‌တွေပဲ ဖြစ်‌နေတယ်။ ပြည်သူ‌တွေ စိတ်ချမ်းသာမှုရ‌အောင်‌တော့ အတိုင်းအတာ တစ်ခုထိ‌ပေါ့။ ဒါကို ကျွန်‌တော့အ‌နေနဲ့ ဒီငါးနှစ်သက်တမ်းမှာ လုပ်‌ပေးဖို့ စဉ်းစားထားပါတယ်” ဟု ‌စောခရစ္စတိုဖာ ‌ပြောသည်။

ထို့အပြင် ‌ဒေသတွင်း စီးပွား‌ရေးလုပ်ငန်းများ ‌ကောင်းမွန်တိုးတက်လာ‌အောင် လုပ်‌ဆောင်‌ပေးမည်ဖြစ်‌ကြောင်း ၎င်းအ‌နေဖြင့် ‌ရွေး‌ကောက်ပွဲကတိအဖြစ်‌ပေးထားပြီး ကရင်ပြည်နယ်မြို့နယ်ခုနစ်မြို့နယ်လုံးရှိ လွှတ်‌တော်အမတ်များ အ‌နေဖြင့် ဆိုင်ရာမြို့နယ် လိုက် လိုအပ်ချက်များကို ဝိုင်းဝန်းတိုင်ပင်‌ဆွေး‌နွေး၍ လွှတ်‌တော်အတွင်း လုပ်‌ဆောင်‌ပေးမည်ဆိုပါက တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

သံ‌တောင်ကြီးမြို့နယ်တွင် ‌ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး၊ ‌တောင်ငူခရိုင် ထိန်းချုပ်နယ်‌မြေများလည်းရှိပြီး ‌မြေယာကိစ္စရပ်များနှင့် ‌ဒေသလမ်းပန်းဆက်သွယ်‌ရေး ပိုမို‌ကောင်းမွန်ရန်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး ပူး‌ပေါင်းလုပ်‌ဆောင်မည်ဆိုပါက ပိုထိ‌ရောက်နိုင်သည်ဟု ‌ဒေသခံများက ဆိုသည်။

ထို့အပြင်သံ‌တောင်ကြီး ‌ဒေသခံများအ‌နေဖြင့် ‌မြေပိုင်ဆိုင်ခွင့်အတွက် အစိုးရအသိအမှတ်ပြု ပုံစံ (၇) မရှိ‌သော်လည်း အချို့ရွာများတွင် ရွာ‌မြေယာထိန်းသိမ်း‌ရေး‌ကော်မတီက သတ်မှတ်ထားသည့် ‌တောင်၊ ယာ‌မြေ ပိုင်ဆိုင်လုပ်ပိုင်ခွင့်အတိုင်း လိုက်နာလျက်ရှိ‌ကြောင်း ‌ဒေသခံများက‌ပြောသည်။

သို့‌သော် ‌ဒေသခံများ မိရိုးဖလာပိုင်ဆိုင်သည့် ‌မြေများသည် အစိုးရ၊ သစ်‌တောကြိုးဝိုင်းအဖြစ် သတ်မှတ်ထားခြင်းများ၊ ‌မြေလွတ်၊ ‌မြေလပ်၊ ‌မြေရိုင်း အဖြစ်သတ်မှတ်ထားခြင်းများလည်း ရှိ‌နေ‌ကြောင်း သိရသည်။

“ကျ‌နော်တို့ ‌ပေ‌လေခီး (‌တောပြာကြီး) ရွာမှာဆို ‌တောင်ယာ‌မြေပိုင်ဆိုင်တာကို တစ်ဦးနဲ့ တစ်ဦးက သစ်ပင်၊ ‌ကျောက်တုံး၊ စမ်း‌ချောင်းတို့နဲ့ အမှတ်အသား ပြုလုပ်ထားတယ်။ အများစု က‌တော့ ရွာ‌မြေယာဥပ‌ဒေ (မိရိုးဖလာ) တိုင်းပဲ လိုက်နာကြတယ်။ ရွာနှစ်မိုင်ပတ်လည် ‌တောင်ယာခုတ်ခွင့်မရှိဘူး” ဟု ‌ဒေသခံတစ်ဦးက‌ပြောသည်။

‌စောခရစ္စတိုဖာသည် ပြီးခဲ့သည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် သံ‌တောင်ကြီး၊ ပြည်နယ်လွှတ်‌တော် မဲဆန္ဒနယ်အမှတ် ၁ တွင် ပြိုင်ဘက်များကို အနိုင်ရရှိခဲ့သူဖြစ်ပြီး ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင်လည်း ယင်းမဲဆန္ဒနယ်တွင်အနိုင်ရကာ ပြည်နယ်ဝန်ကြီးအဖြစ် ၂၀၁၁ မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်း‌ဆောင်ခဲ့‌ကြောင်းနှင့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ယခု‌ရွေး‌ကောက်ပွဲတွင် တဖန်ပြန်၍ အနိုင်ရခဲ့ခြင်းဖြစ်သည်။