Home ရွေးကောက်ပွဲသတင်း NLD ၏ဖိတ်‌ခေါ်ချက် သဲသဲကွဲကွဲဖြစ်‌အောင်‌လေ့လာဦးမည်ဟု KPP ‌ပြော

NLD ၏ဖိတ်‌ခေါ်ချက် သဲသဲကွဲကွဲဖြစ်‌အောင်‌လေ့လာဦးမည်ဟု KPP ‌ပြော

2154

နိုဝင်ဘာ ၂ဝရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) ၏ အနာဂတ် ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည် ‌ထောင်စု‌ဖော်‌ဆောင်ရာတွင်ပါဝင်ရန် ဖိတ်‌ခေါ်ချက်အ‌ပေါ် သဲသဲကွဲကွဲ‌လေ့လာပြီးမှ ဆုံးဖြတ် သွားမည်ဟု ကရင်ပြည်သူ့ပါတီ (KPP) ဒု-ဥက္ကဋ္ဌ ‌စော‌စေးဝါးက နိုဝင်ဘာ ၂ဝ ရက်တွင် ‌ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်သူ့ပါတီ (KPP) ၏ နိုဝင်ဘာ ၁၉ ရက်က ပါတီရုံး ချုပ်ခွဲတွင်ပြုလုပ်သည့် ဗဟိုအလုပ်မှု‌ဆောင်အစည်းအ‌ဝေး၌ ‌ခေါင်းစဉ်တစ်ခုအ‌နေဖြင့် ‌ဆွေး‌နွေးခဲ့ပြီး‌နောက် ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ‌စော‌စေးဝါးက‌ပြောသည်။

“NLD က တိုင်းရင်းသားပါတီ‌တွေနဲ့ ပူးတွဲ‌ဆောင်ရွက်မယ်ဆိုတဲ့ကိစ္စက သူ့ရဲ့‌ကြေငြာ ချက်‌ပေါ်မူတည်တာ‌ပေါ့‌နော်။ ‌ပြောရမယ်ဆိုရင် တရားဝင်စာ‌တော့ မ‌ရောက်‌သေးဘူး။ အ‌ခြေ အ‌နေ‌တွေအားလုံး သဲသဲကွဲကွဲဖြစ်‌အောင် ‌လေ့လာပြီးမှပဲ တခုခုဆုံးဖြတ်မယ်။ ဘာလို့လဲ ဆို‌တော့ အခုက ‌လော‌လောဖြစ်‌နေတယ်။ ဘာမှ သဲသဲကွဲကွဲမရှိဘူး” ဟု ၎င်းက ‌ပြောသည်။

‌ရွေး‌ကောက်ပွဲအနိုင်ရ NLD ပါတီသည် နိုဝင်ဘာ ၁၂ ရက်‌နေ့စွဲဖြင့် “‌နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ‌ရှေးရှုရမည့် ပြည်‌ထောင်စုအ‌ရေး ကိစ္စ” ဟု အမည်တပ်ထားသည့် စာတစ်‌စောင်ကို တိုင်းရင်းသားပါတီ ၄၈ ခုသို့ ‌ပေးပို့ခဲ့သည်။

အဆိုပါစာတွင် ‌ရွေး‌ကောက်ပွဲတွင် တိုင်းရင်းသားပါတီများ တက်တက်ကြွကြွပါဝင်ခဲ့သည်ကို သတိမူမိ‌ကြောင်း၊ ပြည်နယ်များတွင် တိုင်းရင်းသားပါတီအချို့ ‌ကျေနပ်ဖွယ်‌ရွေး‌ကောက်ပွဲရ လဒ်ကို ရခဲ့ကြ‌သော်လည်း အချို့မှာ ရည်မှန်းထားသည့်အတိုင်း ဖြစ်မလာသည်ကို သိရ‌ကြောင်း၊ မည်သို့ဆို‌စေ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်သည် အနာဂတ် ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စု‌ပေါ်ထွန်း‌ရေး ကြိုးပမ်းသွားမည်ဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

ထို့‌ကြောင့် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်ရည်မှန်းချက်နှင့် တူညီ သည့်အတွက် တိုင်းရင်းသားပါတီများအ‌နေဖြင့် အဖွဲ့ချုပ်က‌ဖော်‌ဆောင်မည့် ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စုအ‌ရေးကို တက်တက်ကြွကြွ ပူး‌ပေါင်းပါဝင်မည်ဟု ‌မျှော်လင့်ပါသည်ဟု ‌ဖော်ပြထားသည်။

ကရင်ပြည်သူ့ပါတီကို ၂၀၁ဝ ‌မေလတွင် ရန်ကုန်မြို့၌ တရားဝင်ဖွဲ့စည်းခဲ့ပြီး ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ကိုယ်စားလှယ် ‌ခြောက်‌နေရာအနိုင်ရရှိခဲ့‌သော်လည်း ၂၀၁၅ နှင့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲများတွင် ကိုယ်စားလှယ်တစ်ဦးသာ အနိုင်ရရှိခဲ့သည်။