Home ရွေးကောက်ပွဲသတင်း ကရင်‌ရေးရာ ၅ ‌နေရာလုံး NLD မှ ကိုယ်စားလှယ်‌လောင်းများ မဲအသာစီး

ကရင်‌ရေးရာ ၅ ‌နေရာလုံး NLD မှ ကိုယ်စားလှယ်‌လောင်းများ မဲအသာစီး

4145

နိုဝင်ဘာလ ၁ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

ကျင်းပပြီးစီးခဲ့သည့် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနသင်္ာရီတိုင်း‌ဒေသကြီးနှင့် မွန်ပြည်နယ် ကရင်‌ရေးရာအတွက် ပါတီအသီးသီးမှ ကိုယ်စားပြုပြီး အ‌ရွေးချယ်ခံကြသည့် ကိုယ်စား လှယ် ‌လောင်းများအနက် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် -NLD ကိုယ်စားပြု ကိုယ်စားလှယ်‌လောင်းများ မဲအသာစီးဖြင့် အနိုင်ရရှိ‌နေကြသည်ဟု သိရသည်။

နိုဝင်ဘာလ ၈ ရက်‌နေ့တွင် တပြည်လုံးကျင်းပခဲ့သည့် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ဧရာဝတီကရင်‌ရေး ရာအတွက် ဂါ့မိုးမြတ်မြတ်သူ၊ ရန်ကုန်တိုင်း‌ဒေသကြီးမှ ‌နော်စူစဲန်နာလှလှစိုး၊ ပဲခူးတိုင်း‌ဒေသကြီးတွင် ‌နော်ပွယ်‌စေး၊ တနသင်္ာရီတိုင်း‌ဒေသကြီးတွင် ‌စောလုကာနှင့် မွန်ပြည်နယ်မှ ‌ဒေါက်တာ‌စောသာစိန်တို့မှ အမျိုးသားဒီမိုက ‌ရေစီအဖွဲ့ချုပ် -NLD ကိုယ်စားပြုပြီးအသီးသီးဝင်‌ရောက် ယှဉ်ပြိုင်အ‌ရွေး ချယ်ခံခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ယှဉ်ပြိုင်အ‌ရွေးချယ်ခံကြရာတွင် အဆိုပါတိုင်း‌ဒေသကြီး ၄‌နေရာနှင့် ပြည်နယ် ၁‌နေရာမှ NLD ကိုယ်စားပြု ကရင်‌ရေးရာ ကိုယ်စား လှယ်‌လောင်းများမှာ လတ်တ‌လောတွင် မဲအသာစီးရ‌နေ‌ကြောင်းသိရှိရပြီး ၎င်းကရင်‌ရေးရာ ကိုယ်စားလှယ် ‌လောင်းများ၏ မဲရလဒ်များကို မကြာမီထုတ်ပြန်‌ပေးသွားရန်ရှိ‌ကြောင်းလည်း သက်ဆိုင်ရာ‌ရွေး ‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက‌ပြောသည်။

‌ရွေး‌ကောက်ပွဲတွင် အနိုင်ရရှိပါက ဧရာဝတီကရင်‌ရေးရာမှ ဂါ့မိုးမြတ်သူ၊ ပဲခူးတိုင်း ‌ဒေသကြီး ကရင်‌ရေးရာ ‌နော်ပွယ်‌စေးနှင့် တနသင်္ာရီတိုင်း‌ဒေသကြီး ကရင်‌ရေးရာမှ ‌စောလုကာတို့မှာ ဒုတိယအကြိမ်ပြန် လည်‌ရွေးချယ်ခံရမည့် ကရင်‌ရေးရာဝန်ကြီး များဖြစ်လာမည်ဖြစ်ကြသည်။ ‌နော်စူစဲန်နာလှလှစိုးမှာ ယခင်က ရန်ကုန်တိုင်း‌ဒေသကြီး အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ်မှ ရန်ကုန်တိုင်း‌ဒေသကြီး ကရင်‌ရေးရာဝန်ကြီးဖြစ်လာ မည်ဖြစ်သည်။