Home ရွေးကောက်ပွဲသတင်း ‌ကျေးရွာအုပ်စု ၇စုကို မဲဆန္ဒနယ်မှ ပယ်ဖျက်‌ပေးရန် ပြည်နယ်လွှတ်‌တော်ဥက္ကဌစာတင်

‌ကျေးရွာအုပ်စု ၇စုကို မဲဆန္ဒနယ်မှ ပယ်ဖျက်‌ပေးရန် ပြည်နယ်လွှတ်‌တော်ဥက္ကဌစာတင်

3988
‌အောက်တိုဘာ ၁၃ရက်၊ ၂၀၂ဝပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ်နှစ်ခုတွင် ပါဝင်‌နေသည့် ‌ကျေးရွာအုပ်စု ၇စုကို မဲဆန္ဒနယ်‌မြေအဖြစ်မှ ပယ်ဖျက်ရုပ်သိမ်း‌ပေးရန် ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံ လက်ရှိ ပြည်နယ်လွှတ်‌တော် ဥက္ကဌ ‌စောချစ်ခင်က ‌အောက်တိုဘာလ ၁၂ရက်‌နေ့က အ‌ကြောင်းကြား တင်ပြထားသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲရုံး အတွင်း‌ရေးမှူး ဦး‌မောင်‌မောင်နိုင်ထံ ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာ စာ‌ရောက်ရှိ‌နေ‌ကြောင်းနှင့် လက်ရှိအချိန်တွင် အဆိုပါတင်ပြထားသည့် အ‌ကြောင်းကြားစာနှင့်ပတ်သက်၍ ‌သေချာမဖတ်ရ‌သေး‌ကြောင်း ‌အောက်တိုဘာလ ၁၃ရက်‌နေ့တွင် အတည်ပြု ‌ပြောဆိုခဲ့သည်။

“‌လော‌လောဆယ် အဲဒီစာက ‌ရောက်‌တော့ ‌ရောက်‌နေပြီး။ ကျ‌နော်က အဲဒီစာ မဖတ်ရ‌သေးဘူး။ ဝင်တဲ့အ‌နေအထားပဲ ရှိ‌သေးတယ်။ ဘယ်လိုဆုံးဖြတ်မလဲ‌တော့ အဲဒါက မ‌ပြောတတ်‌သေးဘူး။ အချိန်‌စော‌နေ‌သေးတယ်။ ကျ‌နော်တို့လည်း စာကို‌သေချာ ဂဃနဏ မဖတ်ရ‌သေး‌တော့‌လေ။”ဟု ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အတွင်း‌ရေးမှူး ဦး‌မောင်‌မောင် နိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်း‌ကျေးရွာအုပ်စု ၇စုမှာ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ အမျိုးသားလွှတ်‌တော် မဲဆန္ဒနယ်အမှတ်(၉)နှင့် ပြည်နယ် လွှတ်‌တော် လှိုင်းဘွဲမဲဆန္ဒနယ်အမှတ်(၂)တွင် ပါဝင်ပြီး ထို‌ဒေသတွင် လက်နက်ကိုင်အဖွဲ့အစည်းတချို့ ရှိ‌နေသည့်အ တွက် လုံခြုံစိတ်ချမှု မရှိခြင်း၊ ကိုဗစ်‌ကြောင့် အချို့‌ကျေးရွာများတွင် ဝင်‌ရောက်ရန် ပိတ်ဆို့ခံရပြီး ကွင်းဆင်းစည်းရုံးရန် ခက်ခဲခြင်းနှင့် လမ်းပန်းဆက်သွယ်‌ရေး လွန်စွာခက်ခဲခြင်း စ‌သော အ‌ကြောင်းအမျိုးမျိုး‌ကြောင့် လွှတ်‌တော်ကိုယ်စား လှယ်‌လောင်းများ၏ တင်ပြချက်အရ မဲဆန္ဒနယ်‌မြေအဖြစ်မှ ပယ်ဖျက်ရုပ်သိမ်း‌ပေးရန် လွှတ်‌တော်ဥက္ကဌက ညှိနှိုင်း အ‌ကြောင်းကြားစာ ‌ပေးပို့ထားခြင်းဖြစ်သည်။

မဲဆန္ဒနယ်မှ ပယ်ဖျက်‌ပေးရန် တင်ပြထားသည့် လှိုင်းဘွဲမြို့နယ်ရှိ ‌ကျေးရွာအုပ်စု ၇စုမှာ ‌ရေတံခွန်‌ကျေးရွာအုပ်စု၊ တာလယ်‌ကျေးရွာအုပ်စု၊ ဝင်း‌စော‌ကျေးရွာအုပ်စု၊ မဲလ‌ရော‌ကျေးရွာအုပ်စု၊ သမို‌ကျေးရွာအုပ်စု၊ မိ‌ကြောင်‌ကျေးရွာအုပ်စု၊ ရင်းဘိုင်း‌ကျေးရွာအုပ်စုများဖြစ်သည်ဟု အ‌ကြောင်းကြားစာတွင် ‌ဖော်ပြထားသည်။

အဆိုပါ‌ကျေးရွာအုပ်စုများတွင် တစ်သီးပုဂ္ဂလနှင့် ပါတီအချို့၏ ကိုယ်စားလှယ်‌လောင်းက မဲဆွယ်စည်းရုံး‌ရေး ဝင်ထား ခဲ့ပြီးဖြစ်သလို လက်နက်ကိုင်နယ်‌မြေဖြစ်‌သော်လည်း အခက်အခဲမရှိ ဝင်ထွက်သွားလာလွယ်‌ကြောင်း ကိုယ်တိုင် သွား ‌ရောက်ခဲ့သူ လှိုင်းဘွဲမဲဆန္ဒနယ် အမှတ်(၂)၏ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်‌လောင်း ‌စော‌ကျော်လွင်ဦးက ယခုလို ‌ပြော သည်။

‌စော‌ကျော်လွင်ဦးက “အဲဒီ‌ကျေးရွာအုပ်စု‌တွေက ကျ‌နော် စည်းရုံး‌ရေးဝင်ပြီးထားတဲ့ရွာ ရှိတယ်။ ‌အေး‌ဆေးပါ။ ကျ‌နော့် အတွက် အခက်အခဲမရှိဘူး။ မဲဆန္ဒနယ်က‌နေ ဖျက်‌ပေးဖို့လည်း ကျ‌နော်တို့က မလိုလားဘူး။ အဲဒီက ‌ဒေသခံ‌တွေက မဲထည့်ဖို့ ဆန္ဒအပြည့်ရှိတယ်။ တစ်ခြားပါတီ‌တွေလည်း ဝင်‌နေတာပဲ။ လမ်းပန်း ဆက်သွယ်‌ရေးအခက်အခဲရှိလည်း ပြဿနာ မဟုတ်ပါဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ၎င်း‌ဒေသအတွင်း စည်းရုံး‌ရေးဝင်ရန်နှင့် မဲထည့်ရန် အသိပညာ‌ပေးမှု ဝင်‌ရောက်လုပ်‌ဆောင်‌ရေး ‌ကျေးရွာအုပ် ချုပ်‌ရေးမှူးနှင့် ‌ဒေသခံအချို့ကို ကမ်းလှမ်းထားပြီး ကွင်းဆင်းရန် အစီအစဉ်ရှိသည့်အတွက် မဲဆန္ဒနယ်မှ ဖျက်‌ပေးရန် ‌တောင်းဆိုခြင်းတွင် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP ကိုယ်စားလှယ်‌လောင်းများ၏ သ‌ဘောထားမပါဝင် ‌ကြောင်း ၎င်းမဲဆန္ဒနယ်၌ ကိုယ်တိုင် ဝင်‌ရောက်အ‌ရွေးခံမည့် KNDP ဥက္ကဌ မန်း‌အောင်ပြည်စိုးက ‌ကေအိုင်စီသို့ ‌ပြောဆို သည်။

“အဲဒီ‌နေရာမှာ KNU၊ BGF ရှိမယ်။ KNU ဆိုလည်း NCA ထိုးသားပြီးသား BGF ဆိုလည်း တပ်မ‌တော်တစ်ဝက်လို့ ‌ပြော လို့ရတယ်။ ခွဲထွက် DKBA ကလည်း အဲဒီ‌နေရာမှာရှိတယ်လို့ မကြားဘူး။ လက်နက်ကိုင်အချို့ရှိလို့ လုံခြုံစိတ်ချမှု မရှိ ဘူးလို့ သုံးတဲ့အသုံးအနှုန်းက ဘယ်လိုအဓိပ္ပါယ်‌ရောက်သွားလဲ။ အဲဒီတပ်‌တွေကို စိတ်မချဘူးဆိုတဲ့ အ‌နေအထား ‌ရောက်သွားတာ‌ပေါ့။ ကိုဗစ်‌ကြောင့် တခြားရွာ‌တွေလည်း ပိတ်တာပဲ။ သူတို့ချည်းပဲ မဟုတ်ဘူး။”ဟု ၎င်းက ‌ပြောသည်။

မဲဆန္ဒနယ် ပယ်ဖျက်‌ပေးရန် တင်ပြစာပါ အ‌ကြောင်းအရာများနှင့် ပတ်သက်၍ KNU-ကရင်အမျိုးသားအစည်းအရုံး၏ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အဆင့် တာဝန်ရှိသူတစ်ဦးက “ကျ‌နော်တို့ အဖွဲ့အစည်းအ‌နေနဲ့ မဲထည့်မှာ မဟုတ်သည့် တိုင် ဒီ‌ဒေသမှာရှိတဲ့ ရွာသူရွာသား‌တွေ မဲထည့်မှာကို ဘာမှတားမြစ်တာမှ မဟုတ်ဘဲဟာ။ လုံခြုံ‌ရေးအရလည်း ဘာမှ စိုးရိမ်ရဖို့ မရှိဘူး‌လေ။ ကျန်တဲ့အဖွဲ့‌တွေကလည်း ဒီ‌လောက်ရှိတာ မဟုတ်ဘူး။ BGF ‌တွေကလည်း သူတို့ဘက်ကပဲ ဟာ။”ဟု ‌ကေအိုင်စီ၏ ‌မေးမြန်းချက်ကို ‌ဖြေကြားခဲ့သည်။

အဆိုပါအ‌ကြောင်းကြားစာတွင် ကိုယ်တိုင် လက်မှတ်‌ရေးထိုးထားသူ ကရင်ပြည်နယ် လွှတ်‌တော်ဥက္ကဌ ‌စောချစ်ခင်ထံ ‌ကေအိုင်စီက ‌အောက်တိုဘာလ ၁၃ရက်‌နေ့တွင် ဖုန်းနှင့်ဆက်သွယ်‌မေးမြန်း‌သော်လည်း ပြန်လည် လက်ခံ‌ဖြေကြားမှု မရှိ‌သေး‌ပေ။

လှိုင်းဘွဲမြို့နယ်၊ ပြည်နယ်လွှတ်‌တော် မဲဆန္ဒနယ်အမှတ်(၂)တွင် ဝင်‌ရောက်အ‌ရွေးခံမည့် ကိုယ်စားလှယ်‌လောင်းများမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်‌လောင်း ‌စော‌ကျော်လွင်ဦး၊ လက်ရှိ ပြည်နယ် လွှတ်‌တော်ဥက္ကဌလည်းဖြစ်၊ အမျိုးသားဒီမို က‌ရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ‌စောချစ်ခင်၊ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီမှ ဦး‌စောစိုးဝင်း၊ ကရင်အမျိုး သားဒီမိုကရက်တစ်ပါတီ(KNDP)မှ မန်း‌အောင်ပြည်စိုးနှင့် ပြည်‌ထောင်စု‌ကောင်းကျိုး‌ဆောင်ပါတီမှ ဦး‌အောင်တိုးဝင်းတို့ ဖြစ်‌ကြောင်း ခရိုင်‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အဖွဲ့ခွဲ၏ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများ၏ အမည်စာရင်း ‌ကြေညာ ချက်အရ သိရသည်။