Home COVID-19 ဧရာဝတီတွင် အပြင်မထွက်ရ သတ်မှတ်ထားသည့် သုံးမြို့နယ်မှ ကိုယ်စားလှယ်‌လောင်းများကို မဲဆွယ်နိုင်‌ရေး အတွက် ကိုဗစ်စစ်‌ဆေး‌ပေးမည်

ဧရာဝတီတွင် အပြင်မထွက်ရ သတ်မှတ်ထားသည့် သုံးမြို့နယ်မှ ကိုယ်စားလှယ်‌လောင်းများကို မဲဆွယ်နိုင်‌ရေး အတွက် ကိုဗစ်စစ်‌ဆေး‌ပေးမည်

1538
Photo: တိုငျးဒ‌သေကွီးအစိုးရ အဖှဲ့ရုံး
‌အောက်တိုဘာ ၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ Stay at Home သတ်မှတ်ထားသည့် ပုသိမ်၊ ဖျာပုံနှင့် မအူပင်မြို့နယ်တို့မှ ‌ရွေး‌ကောက်ပွဲဝင်မည့် ကိုယ်စားလှယ်‌လောင်းများ အပြင်ထွက် မဲဆွယ်နိုင်‌ရေးအတွက် Covid-19 ရှိမရှိ ဆိုင်ရာ မြို့နယ် ပြည်သူ့‌ဆေးရုံများ၌ စစ်‌ဆေး‌ပေးသွားမည်ဟု တိုင်း‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ခွဲ၊ အတွင်း‌ရေးမှူး ဦးမြင့်နိုင်က ‌ပြောသည်။

“Stay Home မဟုတ်တဲ့ မြို့‌တွေက ကိုယ်စားလှယ်‌လောင်း‌တွေက စည်းရုံးလို့ရတယ်။ Stay Home ‌နေရတဲ့မြို့က ကိုယ်စားလှယ်‌လောင်း‌တွေက ထွက်လို့မရဘူး။ Stay Home မြို့နယ်သုံးမြို့နယ်က ကိုယ်စား လှယ်‌လောင်း‌တွေ အပြင်ထွက်စည်းရုံးလို့ရ‌အောင်လို့ Covid စစ်‌ပေးမှာပါ” ဟု ဦးမြင့်နိုင်က ‌အောက်တိုဘာ ၈ ရက်တွင် ‌ပြောသည်။

ယခုလို စစ်‌ဆေး‌ပေးမည့် အစီအစဉ်ကို ဧရာဝတီတိုင်း‌ဒေသကြီး Covid-19 ထိန်းချုပ်‌ရေးနှင့် တုံ့ပြန်‌ရေး ‌ကော်မတီ ၏ တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ရုံး၌ ‌အောက်တိုဘာ ၇ ရက်‌နေ့တွင် ပြုလုပ်သည့် အစည်းအ‌ဝေးတွင် ‌ဆွေး‌နွေး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ အစက ပုသိမ်နဲ့ သာ‌ပေါင်းသွားလိုက်ပြန်လိုက်ပဲ။ ကိုဗစ် ပိုဆိုးလာ‌တော့ ပုသိမ်ကို မပြန်ဖြစ်ဘူး။ သာ‌ပေါင်းမှာပဲ ‌နေဖြစ်တယ်” ပုသိမ်မြို့နယ်တွင် ‌နေထိုင်ပြီး သာ‌ပေါင်းမြို့နယ်၊ တိုင်း‌ဒေသကြီး အမှတ်-၂ မဲဆန္ဒနယ် ဝင်ပြိုင်မည့် ကရင်ပြည်သူ့ပါတီမှ ကိုယ်စားလှယ်‌လောင်း ‌စော‌အောင်ဆန်းဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ဧရာဝတီတိုင်း‌ဒေသကြီးတွင် Stay at Home သတ်မှတ်ထားသည့် မအူပင်မြို့နယ်တွင် ပြည်သူ့လွှတ်‌တော်တွင် ကိုယ်စားလှယ် ၅ ဦးနှင့် တိုင်း‌ဒေသကြီးလွှတ်‌တော် အမှတ် -၁ နှင့်-၂ တို့၌ ၆ ဦးစီအသီးသီးဝင်ပြိုင်သွားမည် ဖြစ်သည်။

အလားတူ ဖျာပုံမြို့နယ် ပြည်သူ့လွှတ်‌တော်တွင် ၄ ဦးနှင့် တိုင်း‌ဒေသကြီး အမှတ် -၁ နှင့် -၂ ၌ ၆ ဦးစီဝင်ပြိုင်မည် ဖြစ်ပြီး ပုသိမ်မြို့နယ် ပြည်သူ့ လွှတ်‌တော်တွင် ၉ ဦး တိုင်း‌ဒေသကြီး -၁ ၌ ၈ဦး၊ အမှတ် ၂ တွင် ၁၁ ဦးအသီးသီးဝင် ပြိုင်သွားမည်ဖြစ်ကာ ပုသိမ်မြို့တွင် ‌နေထိုင်ပြီး အခြားမြို့နယ် မဲဆန္ဒနယ်တွင် သွားပြိုင်မည့်သူများလည်းရှိ‌ကြောင်း သိရသည်။

‌အောက်တိုဘာ ၇ ရက်တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်း ‌ဒေသကြီး Covid-19 ထိန်းချုပ်‌ရေးနှင့် တုံ့ပြန်‌ရေး ‌ကော်မတီ အစည်းအ‌ဝေးတွင် မဲရုံပြု လုပ်မည့် စာသင်‌ကျောင်းများ၌ ကိုဗစ်‌စောင့်ကြည့်လူနာများ ထားရှိသည့် Quarantine Center များကို ‌ပြောင်းဖွင့်‌ရေးကိစ္စ၊ ပူး‌ပေါင်းစစ်‌ဆေး‌ရေး ဂိတ်များတွင် ဝင်ထွက်‌နေသည့် ကုန်တင် ကားများရှိ ယာဉ်‌မောင်းနှင့် ယာဉ်‌နောက်လိုက်များကို ကိုဗစ် စစ်‌ဆေးခြင်းလုပ်ငန်းများ ‌အောက်တိုဘာ ၈ ရက် တွင် စတင်စစ်‌ဆေးရန်စသည့် ကိစ္စရပ်များကိုလည်း ‌ဆွေး‌နွေးခဲ့‌ကြောင်း ‌ကော်မတီက သတင်းထုတ်ပြန် ထားသည်။