Home ရွေးကောက်ပွဲသတင်း ထိုင်း‌ရောက် ကရင်တိုင်းရင်းသား သုံး‌ထောင်‌ကျော် ကြိုတင်ဆန္ဒမဲ ‌ပေးသွားမည်

ထိုင်း‌ရောက် ကရင်တိုင်းရင်းသား သုံး‌ထောင်‌ကျော် ကြိုတင်ဆန္ဒမဲ ‌ပေးသွားမည်

4358
Photo: Halekoto Ok (FB)
‌အောက်တိုဘာ ၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံ ‌ဒေသအသီးသီးတွင် ‌ရောက်ရှိ‌နေသည့် ကရင်လူမျိုး ၃‌ထောင်‌ကျော် ကြိုတင်ဆန္ဒမဲ‌ပေးသွားမည် ဖြစ်‌ကြောင်း ဘန်‌ကောက်မြို့တွင် လူမှု‌ရေးလုပ်ငန်းလုပ်‌ဆောင်‌နေသူ ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့် ‌ရှောက်‌ရေးအဖွဲ့ (OKRSO)ထံမှ သိရသည်။

လက်ရှိ ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်မှ ပြန်လည်‌ပေးပို့လာသည့် ကြိုတင်ဆန္ဒမဲ‌ပေးနိုင်သူ စာရင်းအ ရ ကရင်ပြည်နယ်အတွင်း ‌နေထိုင်သည့် ကရင်လူမျိုး စုစု‌ပေါင်း (၃, ၃၄၃)ဦးရှိပြီး လာမည့် ‌အောက်တိုဘာလ ၁၁ ရက်‌နေ့တွင် ကြိုတင်ဆန္ဒမဲများသွား‌ပေးကြည်ဟု ဆန္ဒမဲ‌ပေးနိုင်‌ရေးအတွက် ဦး‌ဆောင်လုပ်‌ဆောင်‌နေသူ OKRSO အဖွဲ့ အကြံ‌ပေး ‌စောဆိပ်ပ‌လောင်က ‌ပြောသည်။

၎င်းက “လက်ရှိ ကရင်ပြည်နယ်အတွင်း‌နေတဲ့ ကျ‌နော်တို့ကရင်‌တွေ ဘန်‌ကောက်မှ မဲထည့်ခွင့်ရတဲ့ အမည် ကျလာတဲ့သူက ၃,၃၄၃ ဦးရှိတာ‌ပေါ့။ အဲ့လူ‌တွေကို မ‌နေ့ တ‌နေ့က ဘယ်လို မဲထည့်ရလဲ။ ပယ်မဲဆိုတာ ဘယ်လိုမျိုးလဲ၊ အသိအမှတ်ပြုမဲဆိုတာ ဘယ်လိုလဲ ဆိုတာကို ‌ခေါ်ပြီး ‌ပြောပြတယ်။ ဒါ‌ပေမဲ့ လူနည်းနည်း ‌လေးပဲလာတယ်။ ဒါ‌ပေမဲ့ အွန်လိုင်းက‌နေလည်း သူတို့ကို သင်‌ပေးတာမျိုးရှိတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

အဆိုပါ မဲ‌ပေးသူ စာရင်းဦး‌ရေအရ ဘန်‌ကောက်‌ရောက် ကရင်လူမျိုးများအတွက် ရာခိုင်နှုန်းအားဖြင့် ၃ဝ ရာခိုင်နှုန်းခန့်သာရှိ‌ကြောင်းနှင့် အချိန်အခက်အခဲ‌ကြောင့် အ‌ရေအတွက် နည်းရခြင်းဖြစ်‌ကြောင်းလည်း ‌စောဆိပ်ပ‌လောင် က ဆက်‌ပြောသည်။

အဆိုပါ ကြိုတင်ဆန္ဒ‌ပေးနိုင်ရန် OKRSO မှ ဦး‌ဆောင်၍ ဘန်‌ကောက်မြို့အပါအဝင် ဘန်‌ကောက်မြို့အနီးအနား ရှိ ကရင်တိုင်းရင်းသားများကို ပြီးခဲ့သည့် ဇူလိုင်လက ‌ခေါ်ယူ၍ ဆန္ဒမဲ‌ပေးနိုင်‌ရေးနှင့် လိုအပ်သည့် ပုံစံ(၁၅) ‌ဖောင် ဖြည့်စွက်တင်ပြခြင်းတို့အတွက် သံရုံးနှင့် ချိတ်ဆက်‌ဆောင်ရွက်၍ ကူညီ‌ပေးခဲ့‌ကြောင်းလည်း သိရသည်။

လက်ရှိ ထိုင်းနိုင်ငံ‌ရောက် မြန်မာနိုင်ငံသားများ ကြိုတင် ဆန္ဒမဲကို ပြီးခဲ့သည့် ‌အောက်တိုဘာလ ၃ရက်‌နေ့က စတင်‌ပေးခဲ့ကြပြီး ၁၈ရက်‌နေ့အထိသတ်မှတ်ထားကာ ထိုင်းနိုင်ငံအတွင်း တရားဝင် မြန်မာအလုပ်သမားများ ၁.၁၅ သန်းရှိသည့် အနက် ကြိုတင်ဆန္ဒမဲ‌ပေးခွင့် ‌လျှောက်ထားသူ ၄‌သောင်းနီးရှိ‌ကြောင်း မြန်မာသံရုံးထံမှ သိရသည်။

ပြည်ပနိုင်ငံအသီးသီး‌ရောက် မြန်မာနိုင်ငံသား ၄ သန်းရှိသည့်အနက် ပြီးခဲ့သည့် ဇူလိုင်နှင့် ဩဂုတ်လအတွင်း ၂၀၂ဝ ‌ရွေး‌ကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ‌လျှောက်လွှာတင်သူ တစ်သိန်း‌ကျော်ရှိ‌ကြောင်း မြန်မာနိုင်ငံခြား ‌ရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။ ၎င်းအ‌ရေအတွက်အရ ပြီးခဲ့သည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲထက်ပိုများပြီး ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ပြည်ပနိုင်ငံ‌ရောက် ဆန္ဒမဲ‌ပေးသူ မဲဆန္ဒရှင် ၃ ‌သောင်းခန့်သာရှိခဲ့သည်ဟု သိရသည်။