Home သတင်း ဖက်ဒရယ်ဥပ‌ဒေများ ‌ပေါ်‌ပေါက်‌ရေး မဟာမိတ်များနှင့်အတူလုပ်‌ဆောင်ရန် မူဝါဒချမှတ်ထားဟု KNP ‌ပြော

ဖက်ဒရယ်ဥပ‌ဒေများ ‌ပေါ်‌ပေါက်‌ရေး မဟာမိတ်များနှင့်အတူလုပ်‌ဆောင်ရန် မူဝါဒချမှတ်ထားဟု KNP ‌ပြော

2413
စက်တင်ဘာ ၁၁ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

‌ရွေး‌ကောက်ပွဲပြီး‌နောက် လွှတ်‌တော်တွင်း၌ ဖက်ဒရယ်ဆိုင်ရာ ဥပ‌ဒေများ ‌ပေါ်‌ပေါက်လာ‌ရေးအတွက် အခြား တိုင်းရင်းသား မဟာမိတ်များနှင့်အတူ လုပ်‌ဆောင်သွားရန် မူဝါဒ ချမှတ်ထားသည်ဟု ကရင်အမျိုးသားပါတီ (KNP) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး၊ မန်း‌ကျော်ငြိမ်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

KNP ၏ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ ‌ဆောင်ပုဒ်သည် “စစ်မှန်‌သော ဖက်ဒရယ် ပြည်‌ထောင်စုဆီသို့”ဟု သတ် မှတ်ကာ မဲဆွယ်သွားမည်ဖြစ်ပြီး အကယ်၍ ‌ရွေး‌ကောက်ပွဲအနိုင်ရ၍ လွှတ်‌တော်တွင်းသို့ ‌ရောက်ရှိပါက ယခုလို လုပ်‌ဆောင်ရန် မူဝါဒချမှတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းက“၂၀၀၈ ဖွဲ့ စည်းပုံက ဖက်ဒရယ် အ‌ခြေခံမူ‌တွေပါတာ မဟုတ်‌တော့ ဖက်ဒရယ်အ‌ခြေခံမူ‌တွေ ဖြစ်လာ ‌အောင် ဝိုင်း‌ပြောရမှာ‌ပေါ့။ ဒါ‌ပေမဲ့ ကျ‌နော်တို့ တဦးတည်း‌တော့ မဟုတ်ဘူး‌ပေါ့။ ကျန်တဲ့ တိုင်းရင်း သား‌တွေနဲ့ ပူး‌ပေါင်းပြီး ‌တော့ ဖက်ဒရယ်ဆိုင်ရာဥပ‌ဒေ‌တွေ ‌ပေါ်လာ‌အောင် ဝိုင်းလုပ်သွားမယ်” ဟုစက်တင်ဘာ ၉ ရက်‌နေ့တွင်‌ပြောသည်။

ကရင်အမျိုးသားပါတီသည် လက်ရှိ ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် ပါတီ ဖြစ်ကာ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ဧရာဝတီတိုင်း‌ဒေသကြီး၊ ပဲခူးတိုင်းနှင့် ကယား (ကရင်နီ) ပြည်နယ်၊ ဖား‌ဆောင်းမြို့နယ်တို့တွင် စုစု‌ပေါင်း ကိုယ်စားလှယ် ၁၃ ဦးဝင်ပြိုင်သွားမည်ဖြစ်သည်။

KNP ကိုယ်စားလှယ် ၁၃ ဦးတွင် အမျိုးသမီးကိုယ်စားလှယ်‌လောင်းများ မပါဝင်‌သော်လည်း ၃၅ ရာခိုင်နှုန်းမှာ လူငယ်များဖြစ်‌ကြောင်း၊ ကိုယ်စားလှယ်‌လောင်းများထဲတွင် ဆယ်တန်း‌အောင် ဘွဲ့ရများ အများစုပါဝင်ပြီး ၁ဝ တန်းမ‌အောင်သူ ၂ ဦးပါဝင်သည်ဟု ပါတီဗဟိုအလုပ်အမှု‌ဆောင် ‌ကော်မတီထံမှ သိရသည်။

KNP ကို ၂၀၁၄ ခုနှစ်တွင် ဧရာဝတီတိုင်း‌ဒေသကြီးရှိ ကရင်လူထုကို အားပြုကာ တည်‌ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ၂၁ ဦးဝင်ပြိုင်‌သော်လည်း အနိုင်ရခြင်းမရှိ‌သော်လည်း လာမည့်‌ရွေး‌ကောက်ပွဲတွင် ကိုယ်စားလှယ်‌လောင်း ၁၃ ဦးထဲတွင် ထက်ဝက်နီးပါး အနိုင်ရရန် ‌မျှော်မှန်းထားသည်ဟု ပါတီတာဝန်ရှိသူ များ က ‌ပြောသည်။

လက်ရှိတွင် ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွား‌နေ၍ အစိုးရက ‌ရောဂါထိန်းချုပ်‌ရေးလုပ်‌ဆောင်‌နေသည့်အတွက် နယ်သို့ စည်းရုံး‌ရေးဆင်းရန် အခက်‌တွေ့‌နေပြီး ပါတီတွင်း ရံပုံ‌ငွေ အခက်အခဲများနှင့်လည်း ရင်ဆိုင်‌နေရသည်ဟု ပါတီ တာဝန်ရှိသူများက ‌ပြောသည်။

KNP ပါတီသည် ပါတီဝင် အင်အား တစ်‌သောင်း‌ကျော်ရှိပြီး ပါတီဝင်အများစုမှာ ဧရာဝတီတိုင်း‌ဒေသကြီးတွင် ဖြစ်‌ကြောင်းသိရသည်။