Home သတင်း ရခိုင်ပြည်နယ်မှလာသူ ၇ဦး အ‌ထောက်အထားမဲ့ဖြင့် မြဝတီမြို့တွင် ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်မှလာသူ ၇ဦး အ‌ထောက်အထားမဲ့ဖြင့် မြဝတီမြို့တွင် ဖမ်းဆီးခံရ

7955
Photo: Nay Naw

စက်တင်ဘာ ၃ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်းနိုင်ငံသို့ သွားရန် ရခိုင်ပြည်နယ် ဘူးသီး‌တောင်မြို့ မှတဆင့် စစ်‌တွေမြို့နှင့် ရန်ကုန်တိုင်း‌ဒေသကြီး မဂင်္လာ‌တောင်ညွှန့်မြို့တို့တွင် အဆင့်ဆင့်‌နေထိုင်ခဲ့ကာ ပြီးခဲ့သည့် ဩဂုတ်လ ၃ဝ ရက်‌နေ့တွင် မြဝတီမြို့၌ အ‌ထောက်အထားမဲ့ဖြင့် ‌ရောက်ရှိ‌နေထိုင်သူ ၇ဦးအား ယမန်‌နေ့ ညက မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ဆင်း‌ရွှေလီ(၃)လမ်းရှိ ‌နေအိမ်တစ်ခု၌ ဖမ်းဆီးခံရ‌ကြောင်း သိရသည်။

၂၀၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက်‌နေ့ ည (၉း၃၀) အချိန်ခန့်တွင် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက် ဆင်း‌ရွှေလီ(၃)လမ်းရှိ တန်းလျားအခန်းတစ်ခု၌ ရခိုင်ပြည်နယ်ဘက်မှ လာ‌ရောက်၍ ‌နေထိုင်လျက်ရှိ‌ကြောင်း သတင်းအရ မြဝတီမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် မင်းမင်းထွန်း ဦးစီးအဖွဲ့၊ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်‌ရေးမှူး ဦး‌အောင်ဝင်းနှင့် အုပ်ချုပ်‌ရေးအဖွဲ့ဝင်များက သွား‌ရောက်စစ်‌ဆေးခဲ့စဉ် ရခိုင်ပြည်နယ် ဘူးသီး‌တောင်မြို့ဘက်မှလာသည့် အ‌ထောက်အထားမဲ့ ကျား(၅)ဦး မ(၂)ဦး၊ စုစု‌ပေါင်း (၇)ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံရသူများမှာ ဦးမာမတ်ဟာဆွန်(၃၅) နှစ်၊ ဦးမာမတ်‌ကော‌မောင် (၂၄) နှစ် ၊ ဟာကီ နက်ဟူစိန်(ခ)‌ကျော်သီဟ (၇)နှစ်၊ မာမတ်ဟူစိန်(ခ)‌ကျော်သူရ (၂) နှစ်၊ မလှလှ‌မေ (၂၈) နှစ်၊ မဘီဘီစီ တန်(ခ)စန္ဒာ‌ကျော် (၅) နှစ်နှင့် ‌နေအိမ်တန်းလျားတွင် လက်ခံထားရှိသူ ‌မောင်ထွန်းနိုင်(ခ)ရမ်ရတ်ချ် (၂၇) နှစ်တို့အား လိုအပ်သည့်ကျန်းမာ‌ရေးစစ်‌ဆေးမှုများပြုလုပ်ပြီး ဥပ‌ဒေနှင့်အညီ အ‌ရေးယူ‌ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးခံရသူ ၇ ဦးအနက် ဦးမာမတ်ဟာဆွန်ပါမိသားစုဝင်(၆)ဦးမှာ ထိုင်းနိုင်ငံသို့ သွား‌ရောက် အလုပ်လုပ်ကိုင်ရန်အတွက် ဘူးသီး‌တောင်မြို့မှ လွန်ခဲ့‌သော (၃) လ‌ကျော်ခန့်မှ ထွက်ခွာခဲ့ပြီး စစ်‌တွေမြို့ တွင်(၂)လခန့် နှင့် ရန်ကုန်တိုင်း‌ဒေသကြီး၊ မဂင်္လာ‌တောင်ညွန့်မြို့တွင် (၁)လခန့်‌နေထိုင်ခဲ့သည်။

ထို့‌နောက် မဂင်္လာ‌တောင်ညွန့်မြို့မှ ၂၀၂ဝ ဩဂုတ်လ ၃ဝ ရက်‌နေ့ ညပိုင်းက ထွက်ခွာခဲ့ရာ ဩဂုတ်လ ၃၁ ရက်‌နေ့တွင် မြဝတီမြို့သို့ ‌ရောက်ရှိခဲ့ကာ ‌မောင်ထွန်းနိုင်(ခ)ရမ်ရတ်(ချ်)၏‌နေအိမ်တန်းလျားတွင် ‌ခေတ္တ‌နေထိုင်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။