Home Facts Checking News ကြာအင်းဆိပ်ကြီးမြို့နယ် COVID-19 လူနာအမှတ် ၃၅၁ ပိုးမ‌တွေ့‌တော့၍ ‌ဆေးရုံဆင်းခွင့်ရ

ကြာအင်းဆိပ်ကြီးမြို့နယ် COVID-19 လူနာအမှတ် ၃၅၁ ပိုးမ‌တွေ့‌တော့၍ ‌ဆေးရုံဆင်းခွင့်ရ

2162

ဩဂုတ် ၁၉ရက်၊ ၂ဝ၂ဝပြည့်နှစ်၊ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားသည့် လူနာအမှတ် ၃၅၁ကို တတိယအ ကြိမ်‌မြောက် ဓာတ်ခွဲစစ်‌ဆေး အ‌ဖြေရှာရာတွင် ‌ရောဂါပိုးမ‌တွေ့ရှိ‌တော့၍ ယမန်‌နေ့(ဩဂုတ်လ ၁၉ ရက်)တွင် ‌ဆေးရုံ မှ ဆင်းခွင့်ရသွားပြီးဟု တာဝန်ရှိသူများထံမှ သိရသည်။

အားကစားနှင့်ကျန်းမာ‌ရေးဝန်ကြီးဌာနမှ ဩဂုတ် ၇၊ ၁၁ ရက်‌နေ့တွင် လူနာအမှတ် ၃၅၁ ၏ Covide-19 ဓာတ်ခွဲ အ‌ဖြေထုတ်ပြန်ရာတွင် ‌နောက်ဆုံး ၂ကြိမ်စလုံး ပိုးမ‌တွေ့‌တော့ဟု ထုတ်ပြန်ပြီး‌နောက်ပိုင်း လူနာအား ‌ဆေးရုံမှ ဆင်း ခွင့်‌ပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

လူနာအမှတ် ၃၅၁ က “အခုလို‌ရောဂါ‌ပျောက်သွား‌တော့ ဆရာ ဆရာမ‌တွေ ‌ကျေးဇူးအများကြီးတင်တယ်။ ‌ဆေးရုံမှာ ၂၁ရက်‌နေခဲ့တယ်။ အားရှိတဲ့အစားအစာ‌တွေ စားတယ်။ ဘုရားရှိခိုးတယ်။ ‌နေ့စဉ်ကျန်းမာ‌ရေး လုပ်တယ်‌ပေါ့‌နော်။ ဒီ‌ရောဂါကို ‌ကျော်ဖြတ်နိုင်‌အောင်လည်း စိတ်ထဲထည့်ထားတယ်။ လူစုလူ‌ဝေး‌ရှောင်ကြဖို့ ‌ပြောချင်တယ်။”ဟု ဩဂုတ် လ ၁၉ရက်(ယမန်‌နေ့)က ‌ကေအိုင်စီသို့‌ပြောသည်။

ယခုလူနာအမှတ် ၃၅၁ သည် မ‌လေးရှားနိုင်ငံမှတဆင့် ဇူလိုင်လ ၂၂ရက်‌နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်သို့ ပြန် လည်‌ရောက်ရှိလာကာ ၎င်း‌နေထိုင်သည့်‌ကျေးရွာ၏ ‌စောင့်ကြည့်‌နေရာတွင်ထားရှိပြီး Covid-19 ဓာတ်ခွဲအ‌ဖြေအရ ပိုး‌တွေ့ရှိသည့်အတွက် ‌မော်လမြိုင်ပြည်သူ့‌ဆေးရုံသို့ ပို့‌ဆောင်ကာ ‌ဆေးကုသမှု ခံယူ ‌စေခဲ့သည်။

ကရင်ပြည်နယ်တွင် ကိုဗစ်‌ရောဂါကူးစက်ခံခဲ့ရသူ ၇ ဦးရှိပြီး ‌ဆေးရုံမှအသီးသီး ဆင်းခွင့်ရသွားပြီးဟု သိရသည်။ ယခု လူနာအမှတ် ၃၅၁ သည် ‌နေအိမ်တွင် ရက်သတ္တပတ်ကြာ home quarantine ‌စောင့်ကြည့်‌နေထိုင်သွားရအုံးမည်ဖြစ် ‌ကြောင်းလည်း တာဝန်ရှိသူထံမှ သိရသည်။