ဩဂုတ် ၂၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်းရှောင်း
ကရင်လူမျိုးတို့၏ ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် ဝါခေါင်လ ရိုးရာချည်ဖြူဖွဲ့မဂင်္လာအခမ်းအနားများကို လတ် တလော Covid -19 အခြေအနေများကြောင့် ရန်ကုန်နှင့်ဧရာဝတီတိုင်းဒေသကြီးများတွင် ယခုနှစ်ကျင်းပနိုင် မည့် အလားအလာမရှိကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီးရှိ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ တာဝန်ရှိ သူများထံမှ သိရသည်။
ယခင်နှစ်များက အဆိုပါ တိုင်းဒေသကြီးများရှိ တိုင်းဒေသကြီးအစိုးရ၊ ကရင်စာပေယဉ်ကျေးမှုစသည့် အဖွဲ့စည်း အသီးသီးများမှ ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့မဂင်္လာအခမ်းအနားများကို တိုင်းအဆင့်၊ ခရိုင်အဆင့် စသည်ဖြင့် အခမ်းအနားများဖြင့် စည်စည်ကားကား ပြုလုပ်ကျင်းပခဲ့ကြသည်။
“ဒီနှစ်ကတော့ Covid 19 ကျန်းမာရေးဆိုင်ရာ အခြေအနေတွေကြောင့် ဘာမှပြောသံမကြားရဘူး။ အစုအဝေးနဲ့ လုပ်တဲ့အခမ်းအနားတွေမရှိပေမယ့် ကိုယ့်အိမ်မှာပဲ မိသားစုလိုက်လုပ်တာတော့ ရှိကောင်းရှိလိမ့်မယ်” ဟု ဧရာ ဝတီတိုင်းဒေသကြီး ကရင်စာပေယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ မန်းအိုင်ခလိန်က ကေအိုင်စီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် Covid -19 နှင့်ပတ်သက်၍ ဩဂုတ်လ ၂၁ ရက်နေ့ ညနေ ၈ နာရီအထိ Covid-19 အတည်ပြုလူနာ ၄၁၉ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား သလို Covid -19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် လူ၃ဝ ဦးထက်ပို၍ စုဝေးခြင်းမပြုရန် ဩဂုတ်လ ၁၂ ရက်နေ့က အမိန့်ထုတ်ပြန်မှုများလည်းရှိခဲ့သည်။
Covid -19 ကြောင့် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့အခမ်းအနားများကို ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ကျင်းပရန် အလားအလာနည်းပါးနေသလို မွန်ပြည်နယ်တွင်လည်း ယခင်ကျင်းပနေကျ အခမ်းအနား များကဲ့သို့ မကျင်းပနိုင်တော့ဘဲ မိသားစုလက်ချည်ပွဲပုံစံများဖြင့်သာ ကျင်းပနိုင်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။
ယမန်နှစ်က ဧရာဝတီတိုင်းဒေသကြီး ကရင်ရိုးရာချည်ဖြူဖွဲ့အခမ်းအနားများကို တိုင်းဒေသကြီးခန်းမတစ် ခုဖြစ်သည့် ပုသိမ်မြို့တော်ခန်းမတွင် ကျင်းပခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ စာပေယဉ်ကျေးမှုှကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် ကရင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အလားတူ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က နိုင်ငံတော်အကြီးအကဲများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ KNU ခေါင်း ဆောင်များအပါအဝင် လူပေါင်းသိန်းချီတက်ရောက်ခဲ့ကြသည့် တိုင်းအဆင့် ပထမအကြိမ် ကရင်ရိုးရာ ဝါခေါင် လ လက်ချည်ပွဲအခမ်းအနားကို ရန်ကုန်ရှိ မြန်မာကွန်ဗစ်ရှင်းစင်တာ (MCC) ခန်းမတွင် ခမ်းခမ်းနားနား ကျင်းပ နိုင်ခဲ့ကြသည်။
“အရင်လို ရန်ကုန်မှာ ခမ်းခမ်းနားနားလုပ်ဖို့က ကရင်ရေးရာဝန်ကြီးဆီက ဘာမှပြောသံတော့မကြားရသေးဘူး။ အရင်ကတော့ စာပေယဉ်ကျေးမှုအနေနဲ့ ၆ ထပ်ကြီးဘုန်းကြီးကျောင်းက ဘူမိနက်သန်နေရာပေါ့။ ဒီနှစ်ကတော့ ကျန်းမာရေးညွှန်ကြားမှုတွေနဲ့အညီလုပ်မယ်ပေါ့။ ဆရာတော်ကို လျှောက်ထားတယ်။ ဆရာတော်က ခွင့်ပြုလား မပြုလားမသိရသေးဘူး။ နောက်တစ်ခုက Covid -19 အခြေအနေကလည်း နည်းနည်း ထပ်လှုပ်လာတော့ သတိထားစောင့်ကြည့်နေရတဲ့အခြေအနေမှာရှိတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေယဉ်ကျေးမှု ကော် မတီအတွင်းရေးမှူး မန်းသန်းဝင်းဦးက ကေအိုင်စီသို့ ပြောသည်။
ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်းကို ပြည်ပရောက်ကရင်လူမျိုးများအပါအဝင် မြန်မာပြည်တွင်းရှိ ဧရာဝတီ၊ ရန် ကုန်၊ ကရင်ပြည်နယ်၊ ပဲခူး၊ မွန်ပြည်နယ်နှင့် တနသင်္ာရီစသည့် ကရင်လူမျိုးများပျံ့နှံ့နေထိုင်ရာ နေရာဒေသ အသီးသီးတွင် အနည်းနှင့်အများဆိုသလို နှစ်စဉ်ဝါခေါင်လရောက်တိုင်းကျင်းပလေ့ရှိသည့် ကရင်လူမျိုးတို့၏ ရိုးရာအမွေအနှစ်တစ်ခုလည်း ဖြစ်သည်။



















