Home သတင်း ကတိကဝတ်‌စောင့်ထိန်းသည့် ကရင်ပါတီများကိုသာ ပံ့ပိုးကူညီသွားမည်ဟု KYN သ‌ဘောထားထုတ်ပြန်

ကတိကဝတ်‌စောင့်ထိန်းသည့် ကရင်ပါတီများကိုသာ ပံ့ပိုးကူညီသွားမည်ဟု KYN သ‌ဘောထားထုတ်ပြန်

2170
Photo: KYN

ဩဂုတ်လ ၂၂ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်း‌ရှောင်း

‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီအချင်းချင်း မဲဆန္ဒနယ်မထပ်‌ရေး ကတိကဝတ်အား ‌စောင့်စည်းထိန်းသိမ်းပြီး မိမိတို့၏ ကရင်အမျိုးသားနိုင်ငံ‌ရေး ‌မျှော်မှန်းချက်များ၊ ရပ်တည်ချက်များနှင့် ကိုက်ညီမှုရှိသည့် ကရင်ပါတီများကို ပံ့ပိုးကူညီ သွားမည်ဖြစ်‌ကြောင်း ကရင်လူငယ်ကွန်ယက် -KYN က သ‌ဘောထားထုတ်ပြန်လိုက်သည်။

ဩဂုတ်လ ၁၉ ရက်မှ ၂၁ ရက်‌နေ့အထိ ကရင်ပြည်နယ်တွင် ကျင်းပသည့် ကရင်လူငယ်ကွန်ယက် ဆက် သွယ် ချိတ်ဆက်‌ရေးအဖွဲ့(KYN – NCCT)၏ ဒုတိယအကြိမ်‌မြောက်အစည်းအ‌ဝေးအပြီး ‌ရွေး‌ကောက်ပွဲဝင်မည့် ကရင်ပါတီများ အ‌ပေါ်ထားရှိသည့် ၎င်းတို့၏သ‌ဘောထားများကို ယခုလို ထုတ်ပြန်‌ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

KYN ဆက်သွယ်ချိတ်ဆက်‌ရေးအတွင်း‌ရေးမှူးအဖွဲ့ဝင် ‌စော‌ကျော်လင်းက “ဘာပဲဖြစ်ဖြစ် လူငယ်‌တွေက‌တော့ ကတိက ဝတ်ရှိထားတဲ့အတိုင်း ကူညီမယ်။ ဒါ‌ပေမယ့် မဲဆန္ဒနယ်ထပ်‌နေတဲ့‌နေရာ‌တွေမှာ‌တော့ အဲဒီ‌နေရာက သက်ဆိုင်ရာလူ ငယ် ‌တွေက ပြန်‌လေ့လာမယ်။ ဘယ်ပါတီက ‌ဖောက်လဲ‌ပေါ့။ ‌ဖောက်ရင်‌တော့ အဲဒီပါတီကို မကူ‌တော့ဘူး‌ပေါ့။ ပါတီတစ်ခုလုံး အ‌နေနဲ့ကျ‌တော့ ကရင်လူငယ်‌တွေရဲ့ ရပ်တည်ချက် ၂ ချက်နဲ့ပြန်ချိန်ကြည့်မယ်။ တကယ်လို့ ပါတီမူဝါဒ‌တွေ၊ လမ်းစဉ် ‌တွေက ကရင်လူငယ်‌တွေရဲ့ရပ်တည်ချက်နဲ့ကိုက်ညီရင် အဲဒီပါတီကို ပံ့ပိုးကူညီသွားမယ်။ မကိုက်ညီရင်‌တော့ လူငယ်‌တွေက ကူညီပံ့ပိုး‌ပေးသွားမှာမဟုတ်ဘူး” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

ထို့အတူ ကရင်ပါတီများအား ပံ့ပိုးကူညီရာတွင်လည်း ကရင်လူငယ်များအ‌နေဖြင့် နည်းပညာပိုင်းဆိုင်ရာများ၊ ဆန္ဒမဲ‌ပေး မှုများနှင့်သက်ဆိုင်သည့်‌ရွေး‌ကောက်ပွဲဆိုင်ရာ အသိပညာ‌ပေးမှုများအပြင် သက်ဆိုင်ရာ‌နေရာ‌ဒေသအသီးသီးမှ ကရင်လူငယ်များအ‌နေဖြင့် မဲဆွယ်စည်းရုံး‌ရေးကာလများအတွင်း ဝိုင်းဝန်းကူညီပံ့ပိုး‌ပေးသွားမည့်ပုံစံဖြင့် လုပ်‌ဆောင်သွားမည်ဟု သိရသည်။

ယမန်‌နေ့က ပြီးစီးခဲ့သည့် ကရင်လူငယ်ကွန်ယက်‌တွေ့ဆုံပွဲတွင် ကရင်အမျိုးသားအစည်းအရုံးမှ ‌ခေါင်း‌ဆောင်များ၊ KNDP၊ ဖလုံစ‌ဝေါ်၊ KNP တို့မှ ပါတီ‌ခေါင်း‌ဆောင်များ၊ KPP မှ ပါတီကိုယ်စားလှယ်များ၊ ‌ဒေသ ၁၁ ခုမှ KYN ဆက်သွယ်ချိတ် ဆက်အဖွဲ့မှ တာဝန်ရှိ လူငယ်များတက်‌ရောက်ပြီး ကရင်လူငယ်လှုပ်ရှားမှုများ၊ ကရင်အမျိုးသား နိုင်ငံ‌ရေးအ‌ခြေအ‌နေများ၊ ပြည်တွင်းငြိမ်းချမ်း‌ရေးဖြစ်စဉ်များ၊ ကရင်နိုင်ငံ‌ရေးပါတီများ၏ အ‌ခြေအ‌နေများကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

ထိုသို့‌ဆွေး‌နွေးကြရာတွင် ၄ ပါတီရှိသည့် ကရင်နိုင်ငံ‌ရေးပါတီများ၏ မူဝါဒပိုင်းဆိုင်ရာအချို့‌ကြောင့် ‌ပေါင်းစည်း ‌ရေးနှင့် ပတ်သက်၍ လတ်တ‌လော အကျိုးဖြစ်ထွန်းမှုမရှိ‌သေး‌သော်လည်း ‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီအချင်းချင်း မဲဆန္ဒနယ် မထပ်‌ရေးညှိနှိုင်းသွားမည့် ကတိကဝတ်ကို ယ‌နေ့အထိ ပီပြင်စွာအ‌ကောင်အထည်မ‌ဖော်နိုင်ခဲ့သည့်အ‌ပေါ် ကရင်လူ ငယ်များ၏ ‌ဝေဖန်‌ပြောဆိုမှုများလည်း ထွက်‌ပေါ်ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကရင်အမျိုးသားပါတီ -KNP အ‌ထွေ‌ထွေအတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက “ ကျ‌နော်ကိုယ်တိုင် ကရင်လူငယ်ကွန်ယက်‌တွေ့ဆုံပွဲတက်ခဲ့ပါတယ်။ မဲဆန္ဒနယ်ကိစ္စက‌တော့ ပြည်နယ်ဘက်က‌တော့ အဆင်‌ပြေသွားတယ်။ ကျ‌နော်တို့ရန်ကုန်၊ ဧရာဝတီဘက်ကျ‌တော့ အဓိကထပ်မှာက ကရင်‌ရေးရာဝန်ကြီး‌နေရာ‌ပေါ့။ ‌ပြောရမယ်ဆိုရင် အဲဒီကိစ္စ ‌တွေနဲ့ပတ်သက်လို့ ကျ‌နော်တို့ ပါတီသ‌ဘောထားက အရင်အတိုင်းပဲထားပါတယ်လို့ ‌သေချာရှင်းပြခဲ့ပါတယ်။ ပံ့ပိုး ကူညီတဲ့အပိုင်းကျ‌တော့ လူငယ်‌တွေရဲ့သ‌ဘောဆန္ဒအတိုင်းသာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ကရင်ပြည်နယ်၊ ဧရာဝတီနှင့်ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းအ‌ခြေစိုက်သည့် ကရင်နိုင်ငံ‌ရေးပါတီများ အ‌နေဖြင့် လာမည့်‌ရွေး‌ကောက်ပွဲတွင် မဲဆန္ဒနယ်မထပ်‌ရေးအတွက် ကြိမ်ဖန်များစွာ ‌တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ခဲ့ရာမှ ‌ပြေလည်မှုအချို့ရရှိခဲ့‌သော်လည်း ရန်ကုန်နှင့် ဧရာဝတီတွင် ကရင်ပါတီများအချင်းချင်း အချို့‌နေရာများတွင် မဲဆန္ဒနယ်ထပ်သည့်အ‌ခြေအ‌နေများဖြစ်‌ပေါ်‌နေသည်ဟု သိရသည်။