Home သတင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်မှထွက်‌ပေါ်လာသည့် အခွင့်အလမ်း‌ကောင်းများကို အမိရဆုပ်ကိုင်သွားရန် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်မှထွက်‌ပေါ်လာသည့် အခွင့်အလမ်း‌ကောင်းများကို အမိရဆုပ်ကိုင်သွားရန် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

2462

ဩဂုတ်လ ၁၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

တပ်မ‌တော် အပါအဝင် အပစ်ရပ်လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့်အပစ်ရပ် လက်မှတ်မ‌ရေးထိုးရ‌သေး‌သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်မှ ထွက်‌ပေါ် လာ‌သော အခွင့်အလမ်း‌ကောင်းများကို မိမိရရဆုပ်ကိုင်သွားရန် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်က ယ‌နေ့ ကျင်းပသည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ စတုတ္ထအစည်းအ‌ဝေး၏ အမှာစကား၌ တိုက်တွန်း‌ပြောဆိုလိုက်သည်။

ယ‌နေ့ ‌နေပြည်‌တော် MICC II ခန်းမတွင် ကျင်းပ‌နေသည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ရာစု ပင်လုံ စတုတ္ထ အကြိမ်‌မြောက် အစည်းအ‌ဝေးကြီး၏ ဖွင့်ပွဲအခမ်းအနား၌ အမျိုးသားပြန်လည်သင့်မြတ်‌ရေး နှင့် ငြိမ်းချမ်း‌ရေး ဗဟိုဌာန (NRPC) ဥက္ကဋ္ဌ၊ နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းဆုကြည်က ယခုလို ထည့်သွင်းတိုက်တွန်း ‌ပြောဆိုလိုက် ခြင်းဖြစ်သည်။

နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ်က “ ဒီက‌နေ့ ဒီအချိန်မှာ ကျမတို့ အားလုံး ငြိမ်းချမ်း‌ရေး တည်‌ဆောက်သူ‌တွေ ဖြစ်ဖို့ ကြိုးစား ခွင့်ကို သမိုင်းက ‌ပေးအပ်ခဲ့ပါပြီး။ ကျမတို့ အ‌နေနဲ့ နှစ်‌ပေါင်း (၇၀)‌ကျော် ကြာရှည်ခဲ့ပြီဖြစ်တဲ့ အဆိုးသံသရာလမ်းကိုပဲ မိုုက် မိုက်မဲမဲထပ်ပြီး ‌လျှောက်လှမ်းကြအုံးမှာလား၊ ဒါမှမဟုတ် ပြည်‌ထောင်စုကြီးရဲ့ အနာဂတ်အတွက် ‌လျှောက်လှမ်းခဲ့တဲ့ လမ်း ‌ဟောင်းက‌နေ လမ်း‌ကြောင်း‌ပြောင်းပြီး ငြိမ်းချမ်း‌ရေးလမ်းသစ်ကို ကျမတို့ ‌လျှောက်လမ်းကြမှာလား။ အခု ကျမတို့ ‌ရှေ့မှာ လမ်းနှစ်သွယ်ရှိ‌နေပါတယ်။ ကျမတို့ရဲ့ ပြည်‌ထောင်စု အနာအဂတ်ကို အဆုံးအဖြတ်‌ပေးမယ့် လမ်းဆုံလမ်းခွမှာ ကျမတို့ အားလုံး အ‌လေးအနက်ထား စဉ်းစားကြဖို့ လိုပါတယ်” ဟု ထည့်သွင်း‌ပြောဆိုခဲ့သည်။

ထို့အပြင် လက်ရှိ ညီလာခံတွင် ချုပ်ဆိုကြမည့် ပြည်‌ထောင်စု သ‌ဘောတူ စာချုပ်သည် တိုင်းရင်းသားများ နှစ်‌ပေါင်းများ စွာ ‌မျှော်လင့်ခဲ့‌သော အ‌ခြေခံမူများကို ချမှတ်နိုင်ရုံသာမက လက်‌တွေ့မှာပါ မဖြစ်မ‌နေ အ‌ကောင်အထည်‌ဖော်ကျင့်သုံးရမည့် လုပ်ငန်းစဉ်တစ်ရပ်ကို ကတိကဝတ်ပြုထားခြင်းဖြစ်‌ကြောင်းနှင့် အပြန်အလှန် ယုံကြည်မှုရှိရှိ အ‌ပေးအယူအ‌လျှော့အတင်း ညှိနှိုင်းမှု ပြုသွားရန်ကိုပါ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်း‌ပြောဆိုသွားခဲ့သည်။

ဩဂုတ်လ ၁၉ရက်မှ ၂၁ရက်‌နေ့အထိ ပြုလုပ်ကျင်းပသွားမည့် ၎င်းညီလာခံ၌ အစိုးရ၊ တပ်မ‌တော်နှင့် အပစ်ရပ် လက်မှတ် ‌ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၀)ဖွဲ့တို့မှ ညီလာခံ မတိုင်မီ ‌ဆွေး‌နွေးညှိနှိုင်း သ‌ဘောတူ ဆုံးဖြတ်ထား‌သော အပိုင်း(၃)ပိုင်းပါဝင်သည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် သ‌ဘောတူညီချက်များကို ပြည်‌ထောင်စု သ‌ဘော တူစာချုပ် အစိတ်အပိုင်း (၃) အ‌နေဖြင့် ချုပ်ဆိုသွားမည် ဖြစ်သည်။

၎င်းအစိတ်အပိုင်း (၃)တွင် အဓိက အပိုင်း ၃ ပိုင်းပါဝင်ပြီး အပိုင်း (၁)တွင် NCA အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာ မူ‌ဘောင် သ‌ဘောတူညီချက်ပါ အချက် ၁၅ ချက်၊ အပိုင်း(၂)တွင်ပါဝင်သည့် ၂၀၂ဝ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့် လိုက် အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာ ဇယား (၁) နှင့် (၂)နှင့် အပိုင်း(၃)တွင် ဒီမိုက‌ရေစီနှင့် ဖက်ဒရယ် တည်‌ဆောက် ‌ရေးဆိုင်ရာ အ‌ခြေခံမူလမ်းညွှန်ပါ အချက်များပါဝင်သည်။

သို့‌သော် အပိုင်း ၃ တွင်ပါဝင်‌သော ဒီမိုက‌ရေစီနှင့် ဖက်ဒရယ်တည်‌ဆောက်‌ရေးဆိုင်ရာ အ‌ခြေခံမူများမှ ပြည်နယ်ဖွဲ့စည်းပုံ (Constitution) ‌ရေးဆွဲ‌ရေးကို ‌ဝေါဟာရအ‌ပေါ် အ‌ခြေခံ၍ သ‌ဘောတူညီချက် မရခြင်း‌ကြောင့် ယခုချုပ်ဆိုမည့် ပြည် ‌ထောင်စု သ‌ဘောတူစာချုပ်တွင် ပါဝင်ထည့်သွင်းနိုင်ခြင်းမရှိ‌သေးဘဲ ဆက်လက်ညှိနှိုင်း ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

ယ‌နေ့ ပြုလုပ်သည့် ညီလာခံတွင် ‌ဒေါ်‌အောင်စုကြည် အပါအဝင် တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်နှင့် အပစ်ရပ်လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအ ဖွဲ့အစည်းများ၏ ကိုယ်စား သျှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး ‌ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ နိုင်ငံ‌ရေး ပါတီများအစု အဖွဲ့ကိုယ်စား ရှမ်းတိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ(၁) စိုင်းညွန့်လွင်တို့မှ အသီးသီး အမှာစကား‌ပြောကြား သွားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်၏ အမှာစကား ‌ပြောကြားရာ၌ ဖက်ဒရယ် ပြည်‌ထောင်စုတည်‌ဆောက်ရန် ပြည်တွင်း ငြိမ်းချမ်း‌ရေး ရရှိရန်လိုအပ်ပြီး ယ‌နေ့အချိန်ထိ ပြည်တွင်း ငြိမ်းချမ်း‌ရေး မရရှိခြင်းနှင့် ပတ်သက်ပြီး ၎င်း၏ အမှာစကား၌ အချက် ၃ ချက်ဖြင့် ‌ထောက်‌ပြောဆိုသွားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်က “ဒီက‌နေ့အချိန်ထိ ငြိမ်းချမ်း‌ရေး ဘာ‌ကြောင့် မရ‌သေးလဲဆိုတာ‌လေ့လာဆန်းစစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ယခင် အခမ်းအနား‌တွေမှာ ကျ‌နော်‌တော်‌တော်များများ ‌ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဒီက‌နေ့မှာ ကျ‌နော်အဓိက ကျတဲ့ အချက် (၃) ချက်ကို ကျ‌နော်‌ပြောလိုပါတယ်။ ဒါ‌တွေက‌တော့ (၁) ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ‌ဆောင် ရွက်တဲ့အခါမှာ မရိုးသားမှု၊ (၂) ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို အခြားလုပ်ငန်းစဉ်နဲ့ တွဲစပ်ထားလိုမှု ၊ (၃) တိကျပြတ် သားတဲ့ အ‌ခြေခံမူ‌ပေါ်မှာ ခိုင်မြဲစွာရပ်တည်နိုင်မှု အားနည်းခြင်းတို့ပဲဖြစ်ပါတယ်”ဟု ထည့်သွင်း‌ပြောကြားခဲ့သည်။

နိုင်ငံ‌ရေးပါတီများကိုယ်စားပြု အမှာစကား ‌ပြောကြားခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ (၁) စိုင်းညွန့်လွင်ကမူ လက်ရှိ တိုင်းပြည်၏ ပဋိပက္ခပြဿနာသည် တိုင်းရင်းသား လူမျိုးတစ်ခုတည်းကို မဏ္ဍိုင်ပြုသည့် မျိုးချစ်စိတ်နှင့် သရုပ်သဏ္ဍာန်မြှင့်တင်ထားမှု‌ကြောင့်ဖြစ်ပြီး တိုင်းရင်းသားများအ‌နေဖြင့် တန်းတူအခွင့်အ‌ရေးသာ ရယူလိုကြခြင်းဖြစ်‌ကြောင်း ယခုလို ထည့်သွင်း ‌ပြောဆိုခဲ့သည်။

“ပြည်‌ထောင်စုအ‌ရေးကသာ ပထမဖြစ်ရမယ့်အစား အဖွဲ့အစည်း‌တွေ လူမျိုး‌ရေး လက္ခဏာ‌တွေက ပထမ‌နေရာကို ဝင်ယူ ‌နေတာဟာ ညီညွတ်‌ရေးအတွက် အခက်အခဲကြီးဖြစ်‌နေတယ်ဆိုတာ သတိထားမိလို့ တင်ပြလိုပါတယ်။ တကယ်‌တော့ တိုင်းရင်းသား လူမျိုးစု‌တွေ လိုလား‌နေကြတာ တန်းတူညီမျှ‌ရေး‌လောက်ပဲ ဖြစ်ပါတယ်။ အဲ့သ‌လောက်‌လေး ‌တောင်းတာ ‌တောင် မ‌အောင်မမြင်ဖြစ်လာတဲ့အတွက် ‌တောင်းဆိုမှု‌တွေက တဖြည်းဖြည်း ကြီးထွားလာရတယ်လို့ မြင်မိပါတယ်။ တန်း တူ အခွင့်အ‌ရေးကို စဉ်းစား‌ပေးရုံ‌လောက်နဲ့ ကိုယ့်အထဲမှာ ဘာမှ‌လျော့ကျသွားစရာမရှိဘူးလို့ မြင်ပါတယ်။ စိတ်‌စေတနာ ‌ကောင်းရှိ‌နေဖို့ပဲ လိုအပ်တယ်လို့ တင်ပြလိုပါတယ်” ဟု စိုင်းညွန့်လွင့်က ထည့်သွင်း‌ပြောဆိုသွားခဲ့သည်။

သုံးရက်တာ ကျင်းပသွားမည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ်‌မြောက်အစည်း အ‌ဝေးသို့ အစိုးရ၊ တပ်မ‌တော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း နှင့် နိုင်ငံ‌ရေး ပါတီစသည့် ကိုယ်စားလှယ်များ အပါအဝင် ‌လေ့လာသူများ၊ နိုင်ငံခြားသံအမတ်များ စုစု‌ပေါင်း တစ်ရာ‌ကျော် ပါဝင် တက်‌ရောက်‌နေ‌ကြောင်း သိရသည်။