Home ဆောင်းပါး ၂၀၂ဝ ‌ရွေး‌ကောက်ပွဲနဲ့ ခဝါသည်ပါတီလား – အိုးထိန်းသည်ပါတီလား

၂၀၂ဝ ‌ရွေး‌ကောက်ပွဲနဲ့ ခဝါသည်ပါတီလား – အိုးထိန်းသည်ပါတီလား

2102

‌မောင်‌ကျော်စွာ

(၂၀၂ဝ ပြည့်နှစ်၊ ဩဂုတ် ၂၀)

၂၀၂ဝ ပြည့်နှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ ကျင်းပဖို့ ရက်‌ပေါင်း ၈ဝမျှ လိုပါ‌သေးတယ်။ ဒီ‌ရွေး‌ကောက်ပွဲမှာ လည်း ဒီချုပ်ပါတီကပဲ အနိုင်ရလိမ့်အုံးမယ်လို့ ယူဆပါတယ်။ အတိုင်းအတာ ဘယ်‌လောက်နဲ့နိုင်မည်ကို‌တော့ အ‌သေ အချာ မခန့်မှန်းတတ်ပါ။ မခန့်မှန်းလိုပါ။ ဒီချုပ်ပါတီပဲ အနိုင်ရအုံးမှာက‌တော့ ‌သေချာပါတယ်။

မဲဆန္ဒရှင် ပြည်သူအဖို့ သူတို့လက်‌တွေ့ဘဝ အ‌တွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး ‌ရွေးချယ်ကြမှာ ‌သေချာပါတယ်။ မဲဆန္ဒရှင်ပြည်သူများရဲ့ ခါးသီး‌သော လက်‌တွေ့ဘဝဖြတ်သန်းမှုက‌ပေး‌သော အသိနဲ့‌ရွေးချယ်မှုဟာ ဘယ်တုန်းကမှ မမှားခဲ့ပါ။ မဲနိုင်သွား‌သောအခါ တခဲနက် မဲ‌ပေးခဲ့ကြ‌သော မဲဆန္ဒရှင်ပြည်သူများဘက် လှည့်မကြည့်ခြင်းဆိုတာက ‌တော့ ထိုအနိုင်ရပါတီရဲ့ ရက်စက်‌သော၊ တာဝန်မဲ့‌သော၊ တစ်နပ်စားကြံ‌သော လှည့်ဖြားမှုသာဖြစ်ပါလိမ့်မယ်။

၁၉၆ဝ ပြည့်နှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ၊ ၁၉၉ဝ ပြည့်နှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ၊ ၂၀၁၅ ခုနှစ် အ‌ထွေ ‌ထွေ ‌ရွေး‌ကောက်ပွဲများတွင် မဲဆန္ဒရှင်ပြည်သူများဟာ သူတို့ဘဝဖြတ်သန်းမှုက‌ပေး‌သော အသိနဲ့ယှဉ်ပြီး သူတို့ အသဲ ကြားက မဲတစ်ပြားကို တာဝန်‌ကျေစွာ‌ပေးခဲ့ကြပါတယ်။ သို့‌သော်လည်း သူတို့‌မျှော်လင့်‌သော ဆန္ဒများ မပြည့်ဝခဲ့ကြ ပါ။ သူတို့‌မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါ။ သို့‌သော်လည်း ပြည်သူများဟာ သူတို့တာဝန်ကို သူတို့‌ကျေပွန်စွာ မပျက် မကွက် မဲ‌ပေးခဲ့ကြပါတယ်။

၁၉၆ဝ ပြည့်နှစ်အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲမှာတုန်းက လူတည်မြဲ – မဲသန့်ရှင်းဆိုတဲ့ စကားနဲ့ ဖိနှိပ်မှု‌တွေအ ကြားက၊ စစ်တပ်က တဖက်သတ်ပင်း‌နေတဲ့အကြားက “သန့်ရှင်းဖဆပလ”ကို တခဲနက် မဲ‌ပေးခဲ့ကြပါတယ်။ စစ်တပ် က တစ်ဖက်သတ် ပင်းတဲ့ “တည်မြဲဖဆပလ” ‌တွေ အရှုံးကြီးရှုံးသွားပါတယ်။ ဒီ‌ရွေး‌ကောက်ပွဲဟာ စစ်အစိုးရ (အိမ်‌စောင့်အစိုးရ)က စီစဉ်‌ပေးတဲ့ ‌ရွေး‌ကောက်ပွဲဖြစ်ပါတယ်။ ဒါ‌ပေမယ့် အဲဒီ‌ရွေး‌ကောက်ပွဲက တက်လာတဲ့ အရပ် သားအစိုးရ (ပထစ)ဟာ ဗိုလ်‌နေဝင်းဦးစီးတဲ့ စစ်အုပ်စုက အာဏာသိမ်းလိုက်တဲ့အတွက် အစိုးရတစ်ဖွဲ့လုံး ဖမ်းဆီး ထိန်းသိမ်းခံရပြီး၊ ၁၉၄၇ ခုနှစ်အ‌ခြေခံဥပ‌ဒေလည်း စစ်အုပ်စုရဲ့ ဖျက်သိမ်းတာ ခံလိုက်ရပါတယ်။ သမ္မတ‌ဟောင်း စဝ်‌ရွှေသိုက်ရဲ့သားတစ်‌ယောက်က‌တော့ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တာခံရလို့ ‌သေဆုံးခဲ့ရပါတယ်။

တဖန် ၁၉၉ဝ ပြည့်နှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲကို ပြည်သူ‌တွေ ကြုံကြရပြန်ပါတယ်။ ဒီမှာ ထူးခြားတာက ‌တော့ ဗမာပြည်နိုင်ငံ‌ရေးသမိုင်းမှာ (ယ‌နေ့အထိ) အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံးဖြစ်တဲ့ ၁၉၈၈ ဒီမိုက‌ရေစီအ‌ရေး ‌တော်ပုံကြီး ‌ပေါ်‌ပေါက်ဖြစ်ပွားပြီး ၂နှစ်မျှမရှိ‌သေးတဲ့ ကာလမှာကျင်းပတဲ့ ‌ရွေး‌ကောက်ပွဲဖြစ်ပါတယ်။ အ‌ရေး‌တော်ပုံ စိတ်ဓာတ်နဲ့ နိုးကြားတက်ကြွ‌နေတဲ့ ပြည်သူများဟာ (မဆလ) တဖြစ်လည်း (တစည) ပါတီကို စီးချင်းထိုးတဲ့ စိတ် ဓာတ်နဲ့ ဒီချုပ်ပါတီကို တခဲနက် မဲ ‌ပေးခဲ့ကြပြန်ပါတယ်။ ဒီ‌ရွေး‌ကောက်ပွဲကို အာဏာသိမ်းစစ်အစိုးရဖြစ်တဲ့ (နဝတ) စစ်အစိုးရက ကျင်းပ‌ပေးခဲ့တာပါ။ သူတို့‌မျှော်လင့်သလိုဖြစ်မလာတဲ့အခါ (နဝတ) စစ်အစိုးရဟာ သူတို့လက်နဲ့‌ရေးခဲ့ တာကို သူတို့‌ခြေ‌ထောက်နဲ့ ပြန်ဖျက်ဆီးပစ်ပါတယ်။ ဒီတခါ‌တော့ ၁၉၆ဝ ပြည့်နှစ်တုန်းကလို “အာဏာသိမ်းတဲ့နည်း” နဲ့ မရှင်း‌တော့ဘဲ သူတို့‌ခေါင်း – သူတို့ ဖြုတ်လဲတဲ့နည်းနဲ့ ၁၉၉ဝ ပြည့်နှစ်‌ရွေး‌ကောက်ပွဲရလဒ်ကို ဖျက်သိမ်းပစ်ခဲ့ပါ တယ်။ “သူတို့‌ခေါင်း – သူတို့ဖြုတ်လဲတဲ့နည်း” ဆိုတာ သူတို့ (နဝတ) စစ်‌ကောင်စီရဲ့ ‌ခေါင်း‌ဆောင် ကာချုပ် ဗိုလ်‌စော ‌မောင်ကို ဖြုတ်ပစ်တဲ့နည်းကို‌ပြောတာပါ။

၂၀၁၅ ခုနှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲမှာလည်း မဲဆန္ဒရှင်ပြည်သူ‌တွေဟာ ကြံ့ခိုင်‌ရေးအသင်း တဖြစ်လဲ “ကြံ့ခိုင်‌ရေးပါတီ”ကို အရှုံးကြီးရှုံး‌စေပြီး၊ ဒီချုပ်ပါတီကို တခဲနက် မဲ‌ပေးခဲ့ကြပြန်ပါတယ်။ ဒီအခါမှာ‌တော့ ၁၉၉ဝ ပြည့် နှစ် ‌ရွေး‌ကောက်ပွဲနဲ့ ခြားနားတဲ့ ဖြစ်စဉ်တစ်ခုဖြစ်လာပါတယ်။ ဒါက‌တော့ ဒီချုပ်ပါတီဟာ လွှတ်‌တော်ထဲမှာ မဲအများစု နဲ့ အစိုးရ ဖွဲ့ခွင့်ရရှိသွားတဲ့အချက်ပါ။ အနှစ်နှစ်အလလက သူတို့ဆန္ဒ‌တွေ အ‌ကောင်‌ပေါက်ပြီး၊ အ‌တောင်‌ပေါက်ပြီး လွတ်လပ်ငြိမ်းချမ်း‌သော ‌ကောင်းကင်ပြာထက်မှာ ‌အေးချမ်းစွာ ပျံသန်းနိုင်ကြ‌တော့မယ်လို့ အားတက်‌မျှော်လင့်ခဲ့ကြ တာပါ။ လက်သန်း‌တွေ မင်စွန်းခံရကျိုး‌တော့ နပ်ပြီဟဲ့လို့ ထင်ခဲ့ကြတာပါ။ ဒါ‌ပေမယ့် တကယ့်လက်‌တွေ့ဘဝက မဲဆန္ဒရှင်ပြည်သူ‌တွေကို ခါးသီးတဲ့ အသိတရားနဲ့ သတိထားစရာအ‌တွေ့အကြုံနဲ့ သင်ခန်းစာ‌တွေ ထပ်မံသင်ကြား‌ပေး ခဲ့ပြန်ပါတယ်။

ဒီချုပ်ပါတီအစိုးရရဲ့ အုပ်စိုးမှု (၂၀၁၅-၂၀၂၀) ငါးနှစ်တာ ကာလကို လက်‌တွေ့ ဖြတ်သန်းလိုက်တဲ့အခါမှာ –
မဲဆန္ဒရှင်ပြည်သူ‌တွေ ‌မျှော်လင့်အားခဲထားသလို ပြည်တွင်းစစ်ရပ်စဲပြီး – ပြည်တွင်းငြိမ်းချမ်း‌ရေး မရရှိခဲ့‌သေး ပါဘူး။ တရားဥပ‌ဒေစိုးမိုး‌ရေးလည်း ထင်သ‌လောက် ဖြစ်မလာခဲ့ပါဘူး။ တန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တကယ်တမ်း အာမခံနိုင်တဲ့၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်‌ထောင်စုလည်း မတည်‌ဆောက်နိုင်ခဲ့‌သေးပါဘူး။ ဒီလိုဖြစ်မ လာခဲ့မှု‌တွေထဲက‌နေ
ဒီလို မဖြစ်နိုင်တာရဲ့ အဓိကအ‌ကြောင်းတရား အတားအဆီးဟာ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ကြောင့်ဖြစ်တယ်” ဆိုတဲ့အသိကို ပီပြင်ပြတ်သားစွာ မြင်‌တွေ့၊ သိရှိလာခဲ့ကြတယ်။ ဒါ့အပြင် “၂၀၀၈အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေး” ကို လွှတ်‌တော်တွင်း နည်းလမ်းနဲ့ ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့တာဟာ ဘာမှအရာမထင်ဖြစ်ခဲ့မှုက‌နေလည်း ‌လေးနက်တဲ့ အ‌တွေ့ အကြုံနဲ့ သင်ခန်းစာ‌တွေ ထပ်မံသင်ကြား ရရှိ‌စေခဲ့ပြန်ပါတယ်။

၂၀၁၅ ခုနှစ် မတိုင်မီကဆိုရင် (တိတိကျကျဆိုရရင် ၂၀၂ဝ ပြည့်နှစ်၊ မတ်လ ၂ဝရက် မတိုင်မီကဆိုရင်) ၂၀၀၈ အ‌ခြေခံ ဥပ‌ဒေကို ဒီချုပ်ပါတီကလွှတ်‌တော်တွင်းမှာ “ပြင်ဆင်နိုင်မှာပဲ/ပြင်ဆင်လို့ရမှာပဲ”လို့ ထင်မှတ်ထားခဲ့ကြတာပါ၊ ယုံကြည် ‌မျှော်လင့်ထားခဲ့ကြတာပါ။ အဲဒီထင်မှတ်ယုံကြည်‌မျှော်လင့်ထားမှု ‌လေပူ‌ဖေါင်း‌လေးကို (၂၀၂ဝ ပြည့်နှစ် မတ်လ ၂ဝ ရက်မှာ ပြီးဆုံးခဲ့တဲ့) ပြည်‌ထောင်စုလွှတ်‌တော်မှာ ကိုးရက်တိုင်တိုင် မဲခွဲဆုံးဖြတ်မှုက အကြင်နာကင်းမဲ့စွာနဲ့ ထိုး‌ဖောက်ပစ်လိုက်ပါတယ်။

“၂၀၀၈ အ‌ခြေခံဥပ‌ဒေကို လွှတ်‌တော်တွင်းမှာ ပြင်ဆင်လို့မရနိုင်ဘူး” ဆိုတဲ့အချက်ဟာ အ‌ကောင်အထည်မဲ့ ဆင်ခြင်မှုစကားသက်သက် မဟုတ်‌တော့ပါဘူး။ တကယ့် လက်‌တွေ့က‌နေ တိုက်ရိုက်သိခဲ့ကြရတဲ့ အ‌တွေ့အကြုံသိ ဖြစ်လာပါပြီ။ ဒီချုပ်ပါတီရဲ့ ကိုယ်တိုင်ကြုံ‌တွေ့ရတဲ့၊ ကိုယ်တိုင်သိဖြစ်လာပါတယ်။

အခုတဖန် ၂၀၂ဝ ပြည့်နှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲက ‌ရှေ့မှာ‌စောင့်ကြို‌နေပြန်ပါတယ်။ မဲဆန္ဒရှင်ပြည်သူ ‌တွေဟာ ဘာကို ဘယ်လို‌မျှော်လင့်အားထားပြီး ဘယ်ပါတီကို မဲ‌ပေးကြမလဲ။ ၂၀၀၈အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲမှာ ပြည်သူ‌တွေဟာ “ဗိုလ်သိန်းစိန်တို့ရဲ့ကြံဖွံ့အစိုးရ ငါးနှစ်တာအုပ်စိုးမှု” နဲ့ “‌ဒေါ်‌အောင်ဆန်းစုကြည်၊ ဦးဝင်းမြင်တို့ရဲ့ ဒီချုပ် ပါတီအစိုးရရဲ့ ငါးနှစ် တာအုပ်စိုးမှု”ကို လက်‌တွေ့နှိုင်းယှဉ်ဖို့ ကိုယ်‌တွေ့အားဖြင့်၊ အချက်အလက်အားဖြင့်ရှိ‌နေပါတယ်။ မဲဆန္ဒရှင်ပြည်သူများဟာ အနိမ့်ဆုံး၊ အနီးဆုံးဖြစ်တဲ့ ဒီနှိုင်းယှဉ်ချက်နဲ့ ၂၀၂ဝ ပြည့်နှစ်‌ရွေး‌ကောက်ပွဲမှာ သူတို့အဖို့ “ ပို၍ သက်သာတဲ့ အဆိုး”ကို ‌ရွေးချယ် မဲ‌ပေးကြရအုံးမှာပါ။

၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲမှာ နိုင်ငံ‌ရေးပါတီအဖြစ် တရားဝင်မှတ်ပုံတင်ပြီး လှုပ်ရှား‌နေကြတဲ့ နိုင်ငံ‌ရေး ပါတီတိုင်းက သူတို့ပါတီဟာ အခြား‌သောပါတီ‌တွေထက် ပြည်သူ့အကျိုးကို ‌ဆောင်ရွက်နိုင်တယ်၊ တာဝန်ယူနိုင်တယ် လို့ ‌ပြောကြမှာပါ။ မဲဆန္ဒရှင်ပြည်သူ‌တွေဆီက မဲရဖို့ ဒီလို မ‌ပြောရင် သူတို့ ဘယ်လို‌ပြောမလဲ။

တကယ့်အချက်က “၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင်”ထဲမှာ တနည်းအားဖြင့် စစ်အုပ်စုရဲ့ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုက‌ရေစီစည်းဝိုင်း”ထဲမှာ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်း‌ရေးရရှိဖို့၊ တန်တူပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်‌ထောင်စုတည်‌ဆောက်ဖို့၊ ၂၀၀၈ အ‌ခြေခံဥပ‌ဒေကို ပြင်ဆင်ဖို့ဆိုတာလည်း ဘယ်ပါတီအတွက်မဆို ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဘယ်လိုဖြစ်ရပ်နဲ့သွားတူ‌နေသလဲဆို‌တော့ ငယ်စဉ်က မူလတန်းမြန်မာစာဖတ်စာထဲမှာ သင်ခဲ့ကြရဖူးတဲ့ “အိုးထိန်းသည်နဲ့ ခဝါသည်” တို့ အပြန်အလှန်‌ချောက်တွန်းတဲ့ ပုံပြင်က‌လေးနဲ့ သွားတူ‌နေပါတယ်။ ပုံပြင်အနှစ်ချုပ်က ‌တော့ အိုးထိန်းသည်က ခဝါသည်ကို ‌ချောက်တွန်းချင်‌တော့ ဘုရင့်စီး‌တော်ဆင်မည်းကြီးကို ခဝါသည်ကို ‌လျှော်ခိုင်းရင် ဆင်‌တော် ‘ဖြူ’ လာပါလိမ့်မယ်လို ကုန်း‌ချောတယ်။ ဒီ‌တော့ ခါဝါသည် ပြန်ပြီး စီး‌တော်ဆင်ကြီးဝင်ဆံ့နိုင်တဲ့အိုးသာ ဖုတ်‌ပေးပါလို့ ပြန်ပြီး‌ပြောပါတယ်။ ဆင်ကြီးဝင်ဆံ့နိုင်တဲ့ အိုးကြီး ဖုတ်‌ပေး‌ပေမယ့် ဒီအိုးကြီးထဲ ဆပ်ပြာရည်‌တွေထည့် ပြီး ဆင်မဲကြီး‌လျှော်ဖို့ အဲဒီ‌မြေအိုးကြီးထဲ ဆင်ကြီး ဝင်လိုက်တာနဲ့ အိုးကြီးကွဲသွားတာပဲ အဖတ်တင်သလိုပါပဲ။

၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲက ပါတီ‌တွေရဲ့အဖြစ်ဟာ ပုံပြင်ထဲက အိုးထိန်းသည်နဲ့ ခဝါသည်တို့လို အပြန်အလှန် ‌ချောက်ချ‌နေကြတာမျိုးပါ။ တကယ့်လက်‌တွေ့မှာ ၂၀၀၈ အ‌ခြေခံဥပ‌ဒေနဲ့တူတဲ့ ဆင်မည်းကြီးဟာ ဘာနဲ့ ပဲ‌လျှော်‌လျော် ‘ဖြူ’ မလာနိုင်ပါဘူး။ ထို့အတူ ‌မြေအိုးကြီးနဲ့တူတဲ့၊ ဆပ်ပြာရည်‌တွေနဲ့တူတဲ့ ပြည်သူ့အကျိုးစီးပွား‌တွေ၊ ပြည်သူ‌မျှော်လင့်ချက်‌တွေ၊ အထပ်ထပ်အခါခါ သဲထဲ‌ရေသွန်သလို ပျက်စီးဆုံးရှုံးတာပဲ အဖတ်တင်ပါလိမ့်မယ်။ ဆင်ပိုင်ရှင် ဘုရင်ကြီးနဲ့တူတဲ့ စစ်အုပ်စုက‌တော့ အိုးဖုတ်လိုက် အိုးကွဲလိုက်၊ ဆပ်ပြာရည်‌တွေ ဆုံးရှုံးလိုက်ဖြစ်‌နေတာ ကို ကြည့်ပြီးပြုံး‌နေမှာ‌ပေါ့။ ဒီနည်းဟာ လက်‌တွေ့မှာ စစ်အုပ်စုသက်တမ်းရှည်‌ရေးနဲ့ ၂၀၀၈ အ‌ခြေခံဥပ‌ဒေ ထာဝစဉ် တည်မြဲ‌ရေးသာ ဖြစ်‌နေပါတယ်။

၂၀၂ဝ ‌ရွေး‌ကောက်ပွဲအတွက် စစ်အုပ်စုက မဲကြဲ‌ရေး၊ မဲပြန့်‌ရေးကို ဖန်တီးလာတယ်။ မဲဆန္ဒရှင်ပြည်သူ‌တွေက ၁၉၆ဝ လို၊ ၁၉၉ဝ လို၊ ၂၀၁၅ လို သူတို့နှစ်သက်တဲ့ ပါတီကို မဲ‌တွေ ပုံ‌အော‌ပေးတဲ့ အဖြစ်မျိုး စစ်အုပ်စုက လုံးဝ မလို လားပါဘူး။ ဒါ‌ကြောင့် မဲ‌တွေပြန့်ကြဲကွဲကုန်‌အောင် နည်းမျိုးစုံနဲ့လုပ်‌နေတာပါ။ ကျင့်သုံး‌နေတဲ့နည်းက လူမျိုးစု‌တွေနဲ့ ရန်တိုက်‌ပေးတဲ့နည်းကို ပင်မပစ်မှတ်အဖြစ်ထားတဲ့‌အောက်မှာ အခြားနည်းလမ်းမျိုးစုံနဲ့ ဆက်စပ်‌ပေး‌နေတာပါ။

အဲဒီအချိန်မှာ သူတို့ခံစားချက်၊ နာကျည်းချက်နဲ့သူတို့ အသံထွက်ပြီး လှုပ်ရှားလာတဲ့ “ ဒီချုပ်ပါတီကို မဲမ‌ပေး ‌ရေး (နိုးဗုတ် – No Vote)နဲ့ လူမျိုးစုတိုင်းရင်းသားများက လူမျိုးစုပါတီများကိုသာ မဲ‌ပေး‌ရေး” ဆိုတဲ့ လှုံ့‌ဆော်မှုက ကာယံ‌မြောက်‌မြောက် စစ်အုပ်စုနဲ့ မ‌ပေါင်းဖက်ကြ‌သေး‌ပေမယ့် – အ‌ကြောင်းဆက်‌နေတဲ့ လုပ်ရပ်ဖြစ်‌နေပါတယ်။ တစ်ခုလုံးနဲ့ တစ်ခွင်တစ်ပြင်လုံးအရဆိုရင် နိုးဗုတ်ဟာ စစ်အုပ်စုနဲ့အ‌ပေါင်းပါ‌တွေရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ မဲပြန့်သွား ‌ရေး ၊ မဲ‌တွေ ကြဲကွဲသွား‌ရေးကို လက်‌တွေ့ အကျိုးရှိ‌စေပါတယ်။

အထက်မှာတင်ပြချက်‌တွေဟာ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ မတိုင်မီ ရက်‌ပေါင်း ၈ဝခန့်က ဖြစ်ပျက်‌နေတာ‌တွေကို ကျ‌နော်မြင်သမျှ လက်လှမ်းမီသမျှ ‌လေ့လာသုံးသပ်‌ဖော်ပြခဲ့တာပါ။ တာဝန်ရှိတဲ့ တာဝန်သိတဲ့ နိုင်ငံ‌ရေးသမား‌တွေ၊ နိုင်ငံ‌ရေးပါတီ‌တွေဟာ ဘယ်လိုဖြစ်ရပ်ကမဆို ပြည်သူ‌တွေရဲ့အကျိုးစီးပွားကို ရယူ‌ဖော်‌ဆောင်‌ပေးရမယ့်၊ အသိ‌ပေး ညွှန်ပြရမယ့်တာဝန် ရှိပါတယ်။ ဒီတာဝန်ကို မပျက်မကွက် ထမ်းရွက်ရမှာပါ။

မင်းသားကြီးမလုပ်ရလို့ ပတ်မကြီး ထိုး‌ဖောက်ပစ်မယ်။ မစားရတဲ့အမဲ သဲနဲ့ပက်မယ်ဆိုတဲ့ ‌တွေး‌ခေါ်မှုနဲ့ လုပ် ‌ဆောင်မှု‌တွေဟာ အင်မတန်မှ ‌သေးနုပ်သိမ်ဖျင်းလှပါတယ်။ အဆိုးထဲက‌နေ အ‌ကောင်း၊ အရှုပ်အ‌ထွေးပုစာ္ဆထဲက‌နေ ရှင်းလင်းတဲ့အ‌ဖြေကို အ‌ကြောင်းအကျိုးရှာ‌ဖွေ‌ဖော်ပြပြီး ပြည်သူ‌တွေရဲ့ (လက်ငင်းနဲ့‌ရေရှည်)အကျိုးကို တည့်မတ် တည်ကြည်စွာ ညွှန်ပြရမယ့် တာဝန်ရှိမြဲရှိပြီး၊ ဒီတာဝန်ကို မပျက်မကွက် ထမ်းရွက်ဖို့လည်း လိုအပ်ပါတယ်။

ကျ‌နော်လည်း ကရင်သတင်းဌာန (KIC) ရဲ့ ပင်တိုင်‌ဆောင်းပါးရှင်တစ်ဦးဆိုတဲ့ အတိုင်းအတာနဲ့ ကျ‌နော်‌လေ့ လာသိမြင်သမျှကို စာဖတ်သူပြည်သူများထံ ပွင့်လင်းစွာ တင်ပြခဲ့ပါတယ်။ ဆက်လက်ပြီးလည်း ကြိုးစားတင်ပြ‌နေပါ အုံးမယ်။

အဖိနှိပ်ခံလူမျိုး‌ပေါင်းစုံ ပြည်သူများရဲ့ ဖြတ်သန်းမှုနဲ့ လက်‌တွေ့ဘဝထဲက အသိနဲ့‌ရွေးချယ်ခဲ့တာ‌တွေဟာ ဘယ်တုန်းကမှ မမှားခဲ့ပါဘူး။ ဒါဟာ ပြည်သူလူထုရဲ့ သုခမိန်ပီသတဲ့ ကြီးကျယ်ခမ်းနားမှုပါ။ သမိုင်းကို ပြည်သူ‌တွေက သာ ဖန်တီးနိုင်တာပါ။

ပြည်သူ‌တွေက ယုံမှတ်‌ရွေးချယ်လိုက်သူ‌တွေဟာ ပြည်သူ‌တွေနဲ့ပြည်သူ့အကျိုးစီးပွားကို စုံကန်ပြီး “‌ယောက်မ မြင်းစီး” ထွက်သွားကြတာ‌တော့ သူတို့သမိုင်းနဲ့သူတို့အ‌ကြောင်းပါ။ ပြည်သူ‌တွေရဲ့ဆန္ဒ၊ ပြည်သူ‌တွေရဲ့‌မျှော်လင့်ချက်၊ ပြည်သူ‌တွေရဲ့ အိပ်မက်‌တွေကို ပစ်ပယ်၊ ‌ကျောခိုင်း၊ လျစ်လျူရှုတယ်ဆိုတာ အင်မတန်ရိုင်းပြတဲ့ ရက်စက်ယုတ်မာမှု သာ ဖြစ်ပါတယ်။

‌သေချာတဲ့ အချက်က‌တော့ “၂၀၀၈ အ‌ခြေခံဥပ‌ဒေနဲ့ စစ်အုပ်စုကို ဖျက်သိမ်းပစ်နိုင်မှသာ” ပြည်သူ‌တွေ အနှစ် နှစ် အလလက ‌တောင့်တ‌မျှော်လင့်‌နေတဲ့ ပြည်တွင်းစစ်ရပ်စဲ‌ရေး – ပြည်တွင်းငြိမ်းချမ်း‌ရေး၊ စစ်မှန်တဲ့ ပါတီစုံ ဒီမိုက ‌ရေစီစနစ်၊ တန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်‌ထောင်စုတို့ဟာလည်း အမှန်တကယ် တည်‌ဆောက် အ‌ကောင်အထည် ‌ဖော်နိုင်ပါလိမ့်မယ်။