Home သတင်း အစိုးရ၏ ကိုဗစ်ကာလ စီးပွား‌ရေးထိခိုက်မှုသက်သာ‌ရေး နိုင်ငံတကာ‌ချေး‌ငွေအစီအစဉ်အ‌ပေါ် အရပ်ဖက် ၂၀ဝ ‌ကျော် ကန့်ကွက်

အစိုးရ၏ ကိုဗစ်ကာလ စီးပွား‌ရေးထိခိုက်မှုသက်သာ‌ရေး နိုင်ငံတကာ‌ချေး‌ငွေအစီအစဉ်အ‌ပေါ် အရပ်ဖက် ၂၀ဝ ‌ကျော် ကန့်ကွက်

1938

ဩဂုတ် ၂ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

နိုင်ငံတကာ‌ငွေ‌ကြေးအဖွဲ့အစည်းများထံမှ အ‌မေရိကန် ‌ဒေါ်လာ ၁ ဘီလံ‌ကျော် ‌ချေးယူပြီး COVID-19 ကပ်‌ရော ဂါကာလ စီးပွား‌ရေး ထိခိုက်မှုသက်သာ‌ရေး အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်မည့် အစိုးရ၏ အစီအစဉ်များ အ ‌ပေါ် အရပ်ဖက်အဖွဲ့ ၂၀ဝ ‌ကျော် ပါဝင်လက်မှတ်‌ရေးထိုးကန့်ကွက်ထားသည့် ထုတ်ပြန်ချက်တစ်‌စောင် ယ‌နေ့ ရက်စွဲဖြင့် ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြုကွန်ယက်(KPSN)မှ ထုတ်ပြန်လိုက်သည်။

လွှတ်‌တော်မှ တစ်ဆင့် အလျင်အမြန် အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်‌နေသည့် အဆိုပါ အစီအစဉ်များသည် မြန်မာပြည်ရှိ တိုင်းရင်းသားများနှင့် ဆင်းရဲသားပြည်သူများအတွက် အကျိုးရှိမည်မဟုတ်ဘဲ တပ်မ‌တော်၏ အ ခွင့်ထူးခံများနှင့် အစိုးရ၏ အကျိုးစီးပွားအတွက် ‌ချေး‌ငွေချ‌ပေးသည့် ပုဂ္ဂလိကဘဏ်များအ‌ပေါ် ‌ထောက်ပံ့ခြင်း ဖြစ်ပြီး အကျင့်ပျက်ခြစားမှုများ‌ကြောင့် အကျိုးဖြစ်ထွန်းမည်မဟုတ်‌ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထုတ်ပြန်ချက်၏ ‌ပြောခွင့်ရ ‌နော်ဝါးခူရှီးက “ကျမတို့မြင်တာက မြန်မာနိုင်ငံကို ‌ချေး‌ငွေ‌ပေးဖို့အတွက် သင့်‌တော် တဲ့အချိန်‌ကောင်းမဟုတ်‌သေးဘူးလို့ ‌ပြောချင်တယ်။ ဘာဖြစ်လဲဆို‌တော့ ဒီ‌ချေး‌ငွေ‌တွေက စစ်‌ရေးပဋိပက္ခ‌တွေနဲ့ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု‌တွေဆီကိုပဲ စီးဆင်းသွားမှာဖြစ်လို့ ပဋိပက္ခကို ပိုမိုများပြားစွာ ဖြစ်‌ပေါ်‌စေလိမ့်မယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ချေး‌ငွေအစီအစဉ်များတွင် တိုင်းရင်းသား အရပ်ဖက်အဖွဲ့အစည်းများမှ အစဉ်တစိုက်ကန့်ကွက် ‌တောင်း ဆိုထားသည့် အကြီးစားစီမံကိန်းများပါဝင်ပြီး အဆိုပါ စီမံကိန်းများမှာလည်း တိုင်းရင်းသား‌ဒေသများရှိ သဘာဝ အရင်း အမြစ်များကို အ‌ခြေခံသည့် စီမံကိန်းများဖြစ်ရာ ပဋိပက္ခကိုသာ ပိုမိုဖြစ်ထွန်း‌စေမည်ဟု ‌နော်ဝါးခူရှီးက ဆက်‌ပြောသည်။

ထို့အပြင် ၎င်း‌ငွေ‌ကြေး အစီအစဉ်များတွင် ကျန်းမာ‌ရေး ဝန်‌ဆောင်မှု လုပ်ငန်းများ ပါဝင်‌သော်လည်း ကမ႓ာ့ ကျန်းမာ‌ရေးအဖွဲ့၏ ကျန်းမာ‌ရေးအဆင့်သတ်မှတ်ချက်တွင် ကမ႓ာ့ဒုတိယအဆိုးရွားဆုံးအဆင့်တွင် ရှိ‌နေ‌သော ဗဟိုချုပ်ကိုင်မှုများသည့် အစိုးရမှတဆင့် လုပ်‌ဆောင်သွားမည်ဖြစ်‌သော‌ကြောင့် တိုင်းရင်းသားများ၏ ကျန်းမာ ‌ရေး လိုအပ်ချက်များကို ဖြည့်ဆည်းရန် အစိုးရမှ ဆယ်စုနှစ်များအတွင်း လစ်ဟာခဲ့မှုများရှိ‌ကြောင်းလည်း ထုတ် ပြန်ချက်၌ ‌ထောက်ပြထားသည်။

လက်ရှိ လူမျိုးတုံး သတ်ဖြတ်မှုကို ချိုး‌ဖောက်ခြင်း‌ကြောင့် နိုင်ငံတကာခုံရုံးတွင် တရားရင်ဆိုင်‌နေရသည့် အစိုးရ နှင့် တိုင်းရင်းသားများအ‌ပေါ် ညှင်းပန်းမှုများကျူးလွန်‌နေ‌သော လုံခြုံ‌ရေးတပ်ဖွဲ့များအား ထိုသို့ ပမာဏ ကြီးမား ‌သော ‌ငွေ‌ကြေး ‌ချေးယူ‌ပေးခြင်းအ‌ပေါ် စိုးရိမ်မိ‌ကြောင်းလည်း KPSN ကဆိုသည်။

ကိုဗစ်‌ကြောင့် ထိခိုက်သွားသည့် နိုင်ငံ၏စီးပွား‌ရေး ပြန်လည်ထူ‌ထောင်ရန် နိုင်ငံတကာ ‌ငွေ‌ကြေး ရန်ပုံ‌ငွေ အဖွဲ့ (IMF)က အ‌မေရိကန် ‌ဒေါ်လာသန်း ၇၀၀၊ ဂျပန်မှ အ‌မေရိကန် ‌ဒေါ်လာသန်း ၂၇၀၊ ကမ႓ာ့ဘဏ်မှ အ‌မေရိကန် ‌ဒေါ်လာသန်း ၂၅ဝ နှင့် အာရှ ဖွံ့ဖြိုး‌ရေးဘဏ်မှ အ‌မေရိကန် ‌ဒေါ်လာသန်း ၃ဝ စုစု‌ပေါင်း ကန်‌ဒေါ်လာ ၁.၂၅ ဘီလီယံ ရရှိထား‌ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦး‌သောင်းထွန်းက ပြီးခဲ့သည့် ဇွန်လက ‌ပြောဆိုထားသည်။

ထို့အပြင် အလုပ်အကိုင် အခွင့်အလမ်း‌ကောင်းများကို ဖန်တီးနိုင်မည့် စက်မှုဇုန်များကို တည်‌ထောင်ရန် ထိုင်း နှင့် ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု‌ကော်မရှင်မှ စိစစ်ခွင့်ပြု‌ပေးခဲ့‌ကြောင်းနှင့် စကင်္ာပူနိုင်ငံမှလည်း အလားတူ တင်ပြလာမှုရှိပြီး စိစစ်ခွင့်ပြု‌ပေးရန်ရှိ‌ကြောင်းလည်း ဝန်ကြီး ဦး‌သောင်းထွန်းက ‌ပြောဆိုထားခဲ့သည်။

အဆိုပါ နိုင်ငံတကာ ‌ငွေ‌ကြေး ရန်ပုံ‌ငွေအဖွဲ့ (IMF)၊ ကမ႓ာ့ဘဏ်၊ အာရှဖွံ့ဖြိုး‌ရေးဘဏ်နှင့် ဂျပန်နိုင်ငံတကာ ပူး‌ပေါင်း‌ဆောင်ရွက်‌ရေး ‌အေဂျင်စီတို့မှ မြန်မာနိုင်ငံ၏ ကိုဗစ် စီးပွား‌ရေး ထိခိုက်မှု သက်သာ‌ရေး အစီအစဉ် ‌ချေး‌ငွေ ‌ထောက်ပံ့ရာတွင် တိုင်းရင်းသားများ၏ အကျိုးစီးပွားကို လုံးဝလျစ်လျူရှုထားပြီး မြန်မာပြည်၏ ဆယ် စုနှစ်ကြာမြင့်‌နေသည့် ပြည်တွင်းစစ်ကို ‌တောက်‌လောင်‌စေရန် ‌လောင်စာဖြည့်‌ပေးမည့် အစီအစဉ်ဖြစ်‌ကြောင်း လည်း KPSN၏ ထုတ်ပြန်ချက်၌ ဆိုထားသည်။

၎င်းအပြင် တိုင်းရင်းသား ပြည်သူများအားလုံးအတွက် တန်းတူညီမျှနှင့် အမှန်တကယ်လိုအပ်သည့် ‌ချေး‌ငွေများ လုပ်‌ဆောင်နိုင်ရန် ဖက်ဒရယ် ပြည်‌ထောင်စု ‌ပေါ်‌ပေါက်လာခြင်းမရှိ‌သေးသည့်ကာလ တစ်‌လျှောက်လုံး မြန်မာ ပြည်သို့‌ပေး‌သော မည်သည့် နိုင်ငံတကာ‌ချေး‌ငွေများကိုမှ ‌ထောက်ခံသွားမည်မဟုတ်‌ကြောင်းလည်း KPSN က ဆက်လက် ‌ပြောဆိုထားသည်။

ယ‌နေ့ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်၌ ပါဝင်၍ ကန့်ကွက်လက်မှတ်‌ရေးထိုးထားသည့် အရပ်ဖက်အဖွဲ့ အစည်း‌ပေါင်း ၂၂၄ဖွဲ့၏ အဖွဲ့အစည်းနာမည်များပါ ‌ဖော်ပြထားသည်။ KPSNကို KNU-ကရင်အမျိုးသားအစည်း အရုံးနှင့် အစိုးရတို့ကြား ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်းစဉ်ကို အ‌ထောက်အကူပြုရန် ရည်ရွယ်ပြီး ၂၀၁၂ခုနှစ်၊ ဇူလိုင်လတွင် စတင်တည်‌ထောင်ခဲ့ရာ လက်ရှိ မြန်မာပြည်တွင်းနှင့် နယ်စပ်‌ဒေသရှိ ကရင်လူထု အ‌ခြေပြုအဖွဲ့ အစည်း‌ပေါင်း ၂၉ဖွဲ့ ပါဝင်သည်။