Home သတင်း ကရင်ပါတီများထဲမှ အသက်အငယ်ဆုံးကိုယ်စားလှယ်‌လောင်း စစွဲမက် ‌မြောင်းမြတွင် ဝင်ပြိုင်မည်

ကရင်ပါတီများထဲမှ အသက်အငယ်ဆုံးကိုယ်စားလှယ်‌လောင်း စစွဲမက် ‌မြောင်းမြတွင် ဝင်ပြိုင်မည်

3808

ဩဂုတ် ၂ဝရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ကရင်ပါတီများထဲမှ အသက်အငယ်ဆုံး ကိုယ်စားလှယ်‌လောင်းအဖြစ် ‌ရွေး‌ကောက်ပွဲဝင်ပြိုင်သူ စစွဲမက်သည် ကရင်အမျိုးသားပါတီ (KNP) ကိုယ်စားပြု ‌မြောင်းမြမြို့နယ်၊ တိုင်း‌ဒေသကြီးအမှတ် -၂ မဲဆန္ဒနယ်တွင် ဝင်ပြိုင် သွားမည်ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌မြောင်းမြမြို့၊ သိလ္လာတိုက်နယ်တွင် ၁၉၉၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်‌နေ့တွင် ‌မွေးဖွားသည့် စစွဲမက်သည် လက်ရှိ အချိန်တွင် အသက် ၂၅ နှစ်၊ ‌လေးလ ‌ကျော်သာရှိ‌သေးသလို သူသည် စိတ်ပညာဘာသာရဖြင့် ဘွဲ့ရထားသူ ဖြစ်ကာ ကရင်ပါတီများထဲတွင် အသက်အငယ်ဆုံး ကိုယ်စားလှယ်‌လောင်း တဦးဖြစ်သည်။

“ အဓိက ရည်ရွယ်တာက‌တော့ ကျ‌နော်တို့ လူငယ်‌တွေဟာ ကိုယ့်နိုင်ငံ၊ ကိုယ့် ‌ဒေသအတွက် ဝင်‌ရောက်ကူညီလုပ် ကိုင်နိုင်တယ်ဆိုတဲ့ အသိ‌လေးတစ်ခု‌ပေးခြင်ပါတယ်” ဟု ၎င်းက ‌ပြောသည်။
ကရင်အမျိုးသားပါတီ အ‌နေဖြင့် ဧရာဝတီ၊ ပဲခူး၊ ရန်ကုန် တိုင်း‌ဒေသကြီးနှင့် ကယား ပြည်နယ်၊ ဖား‌ဆောင်းမြို့နယ်တို့တွင် ကိုယ်စားလှယ် ၁၃ ဦး ဝင် ပြိုင်သွားမည်ဖြစ်ကာ လူငယ်နှင့် လူလတ်ပိုင်းအများစု ပါဝင်သည်ဟု ပါတီအ‌ထွေ‌ထွေအတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက ‌ပြောသည်။

“ လူငယ်‌တွေကို အခုလို ယုံယုံကြည်ကြည် ‌နေရာ‌ပေးတွဲ‌ခေါ်သွားမှ ရမှာ‌လေ။ သူတို့အတွက် နိုင်ငံ‌ရေး အ‌တွေ့ အကြုံ ‌ကောင်း‌တွေ ရ‌စေချင်တယ်” ဟု မန်း‌ကျော်ငြိမ်းက ‌ပြောသည်။

‌မြောင်းမြမြို့နယ်တွင် အမျိုးသားလွှတ်‌တော်၊ ပြည်သူ့ လွှတ်‌တော်၊ တိုင်း‌ဒေသကြီးလွှတ်‌တော် အမှတ် ၁ နှင့် အမှတ် ၂ မဲဆန္ဒနယ်‌မြေများ ဝင်ပြိုင်ရန် စုစု‌ပေါင်းကိုယ်စားလှယ် ၇၁ ဦးဝင်ပြိုင်ရန် အမည်စာရင်း တင်သွင်း ထားရာ စစွဲမက်သည် အသက်အငယ်ဆုံး ဖြစ်သည်ဟု ‌မြောင်းမြ ခရိုင်‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် ဥက္ကဋ္ဌ ဦး‌မောင်‌မောင်စိန်က ‌ကေအိုင်စီသို့ ဩဂုတ် ၁၉ ရက် ‌နေ့ တွင် ‌ပြောသည်။

‌ရွေး‌ကောက်ပွဲတွင် ပြည်သူ့လွှတ်‌တော်၊ တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ်‌လောင်း များအ‌နေဖြင့် ကိုယ်စားလှယ်‌လောင်း အမည် စာရင်းတင်သွင်းသည့် အချိန်တွင် အသက် ၂၅ နှစ်ပြည့်ပြီး ဖြစ်ရ မည်ဖြစ်သလို အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ်‌လောင်းများသည် အမည်စားရင်တင်သွင်းချိန်တွင် အသက် ၃ဝ ပြည့်ပြီး ဖြစ်ရမည်ဟု ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ထံမှ သိရသည်။

‌မြောင်းမြမြို့ နယ်၊ တိုင်း‌ဒေသကြီးလွှတ်‌တော် အမှတ် ၂ မဲဆန္ဒနယ်‌မြေတွင်အင်အားကြီးပါတီများဖြစ်သည့် NLD မှ ‌ဒေါ်ခိုင်ဇင်ဦးနှင့် ပြည်‌ထောင်စု ကြံခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီမှ ဦးစိုးနိုင် တို့ အသီးသီး ဝင်ပြိုင်သွားမည်ဟု ကနဦးသိရသည်။