Home သတင်း ပစ်သတ်ခံရ‌သော တပ်မ‌တော်သား ၂ ဦး၏ အ‌လောင်းအား သယ်ယူစဉ် ဗုံး‌ပေါက်၍ ၃ ဦး ထပ်မံ‌သေဆုံးပြီး ၅ ဦး...

ပစ်သတ်ခံရ‌သော တပ်မ‌တော်သား ၂ ဦး၏ အ‌လောင်းအား သယ်ယူစဉ် ဗုံး‌ပေါက်၍ ၃ ဦး ထပ်မံ‌သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

15062

ဩဂုတ် ၃၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီ-‌ကော့ကရိတ်ကားလမ်း‌ဟောင်း အလယ်ဘိုတဲအနီး ဓမ္မံ‌အောင်‌တောင်ကုန်းဆက်သွယ် ‌ရေးစခန်းရှိ လုံခြုံ‌ရေး‌ဆောင်ရွက်‌နေသည့် တပ်မ‌တော်သားနှစ်ဦးမှာ ဩဂုတ်လ ၃ဝရက်‌နေ့ နံနက် ၂နာရီခွဲအချိန်ခန့် က ပစ်သတ်ခံရပြီး ၎င်းတို့၏ ရုပ်အ‌လောင်းအား သယ်ယူစဉ် မိုင်း‌ပေါက်ကွဲမှု‌ကြောင့် တပ်မ‌တော်သား ၃ဦး ထပ်မံ ‌သေဆုံးပြီး ၅ဦးထပ်မံဒဏ်ရာရရှိခဲ့‌ကြောင်း သိရသည်။

ဩဂုတ်လ ၃ဝရက်‌နေ့ နံနက် ၈နာရီချိန်ခန့်က အမှတ်(၇)ဆက်သွယ်‌ရေးတပ် (ဘားအံ)မှ ဗိုလ်ကြီးလှိုင်မျိုးထိုက် ဦးစီးအဖွဲ့သည် ‌ကော့ကရိတ်မြို့နယ်၊ ‌ကော့ကရိတ်-မြဝတီ ကားလမ်း‌ဟောင်း‌ပေါ်ရှိ အလယ်ဘိုတဲအနီး ဓမ္မံ‌အောင် ‌တောင်ကုန်းရှိ ဆက်သွယ်‌ရေးစခန်းနှင့် ဆက်သွယ်မှု မရရှိသဖြင့် မြဝတီမြို့နယ်၊ သဃင်္န်းညီ‌နောင် တံတားကျိုး ‌ကျေးရွာအနီးတစ်ဝိုက်တွင် အ‌ခြေပြု‌နေသည့် အမှတ် (၃၁၀)‌ခြေမြန် တပ်ရင်းမှ ဒုရင်းမှူး ဗိုလ်မှူးမင်းသိန်း ဦးစီး တပ်စိတ်(၁)စိတ်နှင့်အတူ ဓမ္မံ‌အောင်‌တောင်ကုန်းသို့ သွား‌ရောက်စစ်‌ဆေးခဲ့သည်။

ထို‌တောင်ကုန်းသို့ နံနက် ၉နာရီအချိန်ခန့်တွင် ‌ရောက်ရှိပြီး ‌တောင်ကုန်း၌ OTA Station လုံခြုံ‌ရေး‌ဆောင်ရွက်‌နေ သည့် အမှတ်(၇) ဆက်သွယ်‌ရေးတပ်မှ ဒုတပ်ကြပ်မြတ်မင်း‌ဇော်နှင့် တပ်သားညီညီသန့်တို့နှစ်ဦး ‌သေဆုံးခဲ့သည်ကို ‌တွေ့ရှိခဲ့သည်။

ထို့‌နောက် ည‌နေ ၅နာရီအချိန်ခန့်တွင် ‌ကော့ကရိတ်-မြဝတီကား လမ်း‌ဟောင်း‌ပေါ်ရှိ ‌သေနတ်ဖြင့်ပစ်ခတ်၍ ‌သေဆုံး သွားသူ ဒုတပ်ကြပ် မြတ်မင်း‌ဇော်နှင့် တပ်သားညီညီသန့်တို့၏ အ‌လောင်းအား အမှတ် (၃၁၀) ‌ခြေမြန် တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသန်းဝင်းနိုင် ဦးစီးစစ်‌ကြောင်းနှင့် ‌ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးပြည့်စုံ‌အောင် ဦးစီးတပ်ဖွဲ့ဝင်များပူး‌ပေါင်း၍ သွား‌ရောက်၍ သယ်ယူရန် ဒုတပ်ကြပ် မြတ်မင်း‌ဇော်၏ အ‌လောင်းအား တစ်ဖက်သို့လှန်စဉ် အ‌လောင်း‌အောက်မှ လက်ပစ်ဗုံးဟုယူဆရသည့် ပစ္စည်းတစ်ခုမှ ‌ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ထိုသို့ ‌ပေါက်ကွဲမှု‌ကြောင့် အမှတ်(၃၁၀) ‌ခြေမြန်တပ်ရင်းနှင့် အမှတ်(၇) ဆက်သွယ်‌ရေး တပ်ရင်းတို့မှ ဗိုလ်ကြီး ဖြစ်သူ အပါအဝင် (၃) ဦး ထပ်မံ‌သေဆုံးပြီး ခမရ ၃၁ဝ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး (၁) ဦးအပါအဝင် တပ်မ‌တော်သား(၄)ဦးနှင့် ‌ကော့ကရိတ်မြို့မရဲစခန်းမှ ဒုရဲအုပ်(၁)ဦး ထပ်မံ ဒဏ်ရာရရှိခဲ့‌ကြောင်း သိရသည်။