Home သတင်း စာ‌ရေးဆရာ ‌မောင်စင်ကြယ် (ခ) မန်းညွှန့်‌မောင် မဲလ်ဘုန်းမြို့၌ ကွယ်လွန်

စာ‌ရေးဆရာ ‌မောင်စင်ကြယ် (ခ) မန်းညွှန့်‌မောင် မဲလ်ဘုန်းမြို့၌ ကွယ်လွန်

3654
Photo: မိသားစုဝင်

ဩဂုတ် ၂၄ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

အမျိုးသားစာ‌ပေဆုနှင့် စာ‌ပေလွတ်လပ်ခွင့်ဆုရ စာ‌ရေးဆရာ ‌မောင်စင်ကြယ် (ခ) မန်းညွှန့်‌မောင် အသက် (၈၆)နှစ်သည် ဩစ‌တြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၌ ဩဂုတ် ၂၃ ရက်‌နေ့ ‌ဒေသစံ‌တော်ချိန် ည‌နေ ၃ နာရီ ‌ကျော် တွင် နှလုံး‌ရောဂါဖြင့် ကွယ်လွန်သွားသည်ဟု ကရင်အမျိုးသားစာ‌ပေတိုက်တည်‌ထောင်သူ စာ‌ရေးဆရာ ‌စောဝင်းဘတ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“သူ့ကို ကျ‌နော်‌လေးစားချီးကျူးတာက သူက ကဗျာဆရာ၊ စာ‌ရေးဆရာ‌တော်‌တော်များများက ကဗျာစာအုပ် မထွက်ဘူး၊ သူ့ကိုဂုဏ်ပြု‌ပေးချင်လို့ ‌မောင်စင်ကြယ် ကဗျာ‌ပေါင်းချုပ်ကို ထုတ်‌ပေးတာ၊ သူနဲ့ အမှတ်တရ ‌တွေ က‌တော့ အများကြီးပဲ။ ကျ‌နော်နဲ့ ‌တောင်က‌လေးဆရာ‌တော်ဆီသွားတုန်းက ကိုယ့်အ‌ကြောင်းကိုယ် ပြန်‌ရေးပါ လားလို့ ဆရာ‌တော်က‌ပြော‌တော့သူက မ‌ရေးဘူးတဲ့။ သူကသူ့အ‌ကြောင်းသူမ‌ရေးဘူး။ စာ‌ပေ‌လောကနဲ့ ကရင် အတွက်‌တော့ သူကမှတ်တိုင်တစ်ခု ချန်ခဲ့နိုင်တယ်လို့ ‌ပြောချင်တယ်”ဟု ‌စောဝင်းဘတ်က ‌ပြောသည်။

ဆရာ‌မောင်စင်ကြယ်သည် ဝါးခယ်မမြို့နယ်၊ ‌ရွှေ‌လောင်း ‌ရေ‌ကျော်ရွာ၌ အဖ မန်းစံ‌ဖေ၊ အမိဂါ့‌စောမြိုင်တို့ မှ ‌မွေးဖွားခဲ့ပြီး ငယ်စဉ်က ‌မြောင်းမြမြို့ RCM အထက်တန်း‌ကျောင်း၊ ‌တောင်ငူမြို့ ကွန်းဗင့် အထက်တန်း ‌ကျောင်းနှင့် ရန်ကုန်မြို့အလွတ်ပညာသင်‌ကျောင်းတို့တွင် ပညာသင်ယူခဲ့သည်။

သူသည် အာဇာနည်‌ခေါင်း‌ဆောင် မန်းဘခိုင်၊ သမ္မတ မန်းဝင်း‌မောင်တို့ ၁၉၅၁ ခုနှစ်တွင် တည်‌ထောင်သည့် ပြည်‌ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် (UKL) တွင် တွဲဖက်အတွင်း‌ရေးမှူး၊ အတွင်း‌ရေးမှူးတာဝန်များကို ထမ်း‌ဆောင်ခဲ့သည်။ ထို့အပြင် အစိုးရကုန်သွယ်‌ရေးဌာန၌ မြို့နယ်မန်‌နေဂျာ၊ ပြန်ကြား‌ရေး ဝန်ကြီးဌာနတွင် ရုပ်ရှင်ဆင်ဆာအဖွဲ့ဝင် တာဝန်များထမ်း‌ဆောင်ခဲ့သည်။

၁၉၈၈ အ‌ရေးခင်းပြီး‌နောက် နယ်စပ်သို့ ထွက်သွားခဲ့ပြီး မာနယ်ပ‌လော (ယခင် ‌ကေအဲန်ယူဌာနချုပ်) ၌ ဖွဲ့ စည်းသည့် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီတွင် အတွင်း‌ရေးမှူး၊ ‌ခေတ်ပြိုင်ဂျာနယ်တွင် အယ်ဒီတာ၊ ‌ထော့ မဲပါ ဂျာနယ်တို့ကို ဦးစီးထုတ်‌ဝေခဲ့သည်။ ကွယ်လွန်ချိန်ထိ ဩစ‌တြေးလျနိုင်ငံတွင်ဖွဲ့စည်းသည့် မြန်မာ စာ‌ရေး ဆရာများ အသင်း ဥက္ကဋ္ဌ၊ ဒဿနပန်းမဂ္ဂဇင်းတို့ကို ထုတ်‌ဝေခဲ့သည်။

သူသည် “ကရင့်ဘဝဓ‌လေ့”စာအုပ်ဖြင့် အစိုးရက အမျိုးသားစာ‌ပေဆုကို ချီးမြှင့်ခဲ့သလို ဘန်‌ကောက်၌ ရှိ‌နေစဉ် အ‌မေရိကန် အစိုးရက စာ‌ပေလွတ်လပ်ခွင့်ဆု ချီးမြှင့်ခြင်းခံရသည်။ သူ၏ ထင်ရှား‌သောစာအုပ်များမှာ မာနယ်ပ ‌လောခရီးသည်၊ ကရင်ဗမာထိပ်တိုက်ရင်ဆိုင်မှု ပြဿနာများ၊ ‌စောဘဦးကြီးနှင့် နိုင်ငံ‌ရေး ပြဿနာများ၊ တိုင်း ရင်းသားလူမျိုးစု‌တွေရဲ့ရင်ထဲက ပင်လုံစသည်တို့မှာ ထင်ရှားသည်။ သူသည် ၁၉၆၁ ခုနှစ်တွင် ‌တောင်ကြီးမြို့၌ ကျင်းပသည့် ပြည်နယ်‌ပေါင်းစုံညီလာခံသို့ တက်‌ရောက်ခဲ့ဖူးသူတဦး ဖြစ်သည်။

ကွယ်လွန်ချိန်တွင် ဇနီး ‌ဒေါ်ခင်ရီ၊ သားသမီးသုံးဦးနှင့် ‌မြေးတဦးကျန်ရှစ်ခဲ့‌ကြောင်း မိသားစုဝင်များထံမှ သိရ သည်။