Home အမြင်သဘောထား ရန်ကုန်ကရင်အာဇာနည်‌နေ့ ကျင်းပသူများကို ဖမ်းဆီးတရားစွဲဆိုမှုများအ‌ပေါ် အမြင်

ရန်ကုန်ကရင်အာဇာနည်‌နေ့ ကျင်းပသူများကို ဖမ်းဆီးတရားစွဲဆိုမှုများအ‌ပေါ် အမြင်

5214

ဩဂုတ်လ ၁၂ရက်‌နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် အာဇာနည်‌နေ့ အခမ်းအနားကို သက်ဆိုင်ရာ အာဏာပိုင်များက လာ‌ရောက်ဟန့်တားမှုနှင့် ကျင်းပသူများကို ဖမ်းဆီးတရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။ ၎င်းဖြစ်စဉ်အ‌ပေါ် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအပါအဝင် ကရင်နိုင်ငံ‌ရေးပါတီ ၄ပါတီမှ ပါတီ‌ခေါင်း‌ဆောင်များ၏ အမြင်များကို စုစည်းတင်ပြလိုက်ပါသည်။

ပဒို‌စောလှထွန်း (တွဲဖက်အတွင်း‌ရေးမှူး -၂ ၊ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး)
ကျ‌နော်တို့ ကရင့်အမျိုးသား အစည်းအရုံးအ‌နေနဲ့က‌တော့ ဒါက လုပ်သင့်တဲ့အရာလို့ ထင်တယ်။ ဘာဖြစ်လဲဆို‌တော့ ဖွဲ့စည်းပုံမှာလည်း တိုင်းရင်းသား‌တွေရဲ့ ‌နေ့ထူး‌နေ့မြတ်‌တွေ ရက်ကြီး၊ ရက်မြတ် ‌တွေနဲ့ လူမျိုးတစ်မျိုးရဲ့ ထုံးတမ်းဓ‌လေ့ဆိုင်ရာကိုလည်း ကျင်းပပြုလုပ်နိုင်တယ်လို့ ပါရှိတဲ့အတွက် အားလုံးအတွက်ကို တန်းတူညီမျှမှု ‌ပေးရမှာ‌ပေါ့‌နော်။
‌နောက်တစ်ခုက‌တော့ ကရင်အမျိုးသားအာဇာနည်‌နေ့ မတိုင်ခင်က အခြား ‌သော အခမ်းအနား‌တွေ ပြုလုပ်ကျင်းပခဲ့တဲ့ ပုံ‌တွေလည်း ‌တွေ့ရတာ‌ပေါ့‌နော်။ အဲ့ဒီအ‌ပေါ်မှာ ဘာမှ ပိတ်ပင် မှု‌တွေဘာ‌တွေ မလုပ်ဘဲနဲ့ ကရင့်အာဇာနည်‌နေ့ကျ‌တော့ လာ‌ရောက်ပိတ်ပင်မှုနဲ့ ဟန့်တားမှု‌တွေ ဖြစ်တဲ့အတွက် ဒါက‌တော့ စိတ်မ‌ကောင်းစရာ မြင်‌တွေ့ရတယ်။ အဲ့ဒီအ‌ပေါ်မှာ‌တော့ ကျ‌နော်တို့ KNU အ‌နေနဲ့က‌တော့ လက်ရှိ ဖြစ်သွားတဲ့ကိစ္စ အ‌ပေါ်မှာ ဖမ်းဆီးသွားတဲ့ ကရင်လူငယ်‌တွေအတွက် တရားစွဲဆိုမှု ‌တွေကို ရပ်တန့်‌ပေးဖို့ ‌ပြောလိုတယ်။

KNU အ‌နေနဲ့ကလည်း နဂိုကတည်းက ဒီကရင်အမျိုးသားအာဇာနည်‌နေ့ ပြုလုပ်ကျင်းပ သွားဖို့အ တွက် ကို NRPC (အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ဗဟိုဌာန)ကို အသိ‌ပေး‌တောင်းဆိုထားတဲ့ ‌ပေးပို့ စာ‌တွေ ရှိတာ‌ပေါ့။ ကျ‌နော်တို့ ကရင်အမျိုးသား အာဇာနည်‌နေ့က ကရင့်အမျိုးသား‌တွေရဲ့သတ်မှတ်ထားတဲ့ ‌နေ့ ထူး‌နေ့မြတ်ဖြစ်သလို အခမ်းအနား ပြုလုပ်ကျင်းပမယ်ဆိုရင်လည်း ရိုးရိုးရှင်းရှင်းနဲ့ ‌အေး‌အေး‌ဆေး‌ဆေးနဲ့ ဘာမှ ကို ထိခိုက်မှုမရှိတဲ့ ‌အောက်က‌နေ အနယ်နယ်အရပ်ရပ်မှာ ပြုလုပ်ကျင်းပသွားဖို့ အသိ‌ပေး တင်ပြထား တာရှိပါတယ်။ အခုလို ဖြစ်သွား‌တော့လည်း KNU အ‌နေနဲ့က‌တော့ ကျ‌နော်တို့ ဆက်စပ်လုပ်ကိုင်‌နေတဲ့ NRPC ကို‌တော့ အသိ‌ပေး တင်ပြသွားရမှာ‌ပေါ့။

နန့်ခင်‌အေးဦး (အတွင်း‌ရေးမှူး-၁၊ ကရင်ပြည်သူ့ပါတီ)
ရန်ကုန်မှာ ကရင်အမျိုးသား အာဇာနည်‌နေ့ ကျင်းပတာနဲ့ ပတ်သက်ပြီး‌ပြောရရင် မနှစ်က ကတည်းက စဖြစ် တာ‌ပေါ့‌နော်။ ဘာတစ်ခု‌တွေ့ရလဲဆိုရင် တိုင်း‌ဒေသကြီး အစိုးရအ‌နေနဲ့ သူတို့ အထက်ကို‌မေးတယ်‌ပေါ့‌လေ။ ဘယ်လို‌ပြောမလဲ တိုင်း‌ဒေသကြီး အစိုးရအ‌နေနဲ့ ‌ခေါင်း‌ရှောင်တဲ့ သ‌ဘောမျိုး‌တွေ့‌နေရတာ‌ပေါ့‌နော်။ တစ်ခါလုပ် တခါ အဖမ်းခံရ နှစ်စဉ်ဒီလိုမျိုးက ဘာမှအဓိပ္ပါယ်မရှိဘူး။

ကရင်လူမျိုးတစ်မျိုးအ‌နေနဲ့ ဒါ‌နေ့ထူး‌နေ့မြတ်လို့ သတ်မှတ်ထားတာ၊ ဒါကိုလည်း အစိုးရအ‌နေနဲ့ နားလည်း‌ပေးဖို့ လိုအပ်တယ်။ အခုက အ‌ပေါ်ကလည်းဘာမှ မ‌ပြောဘူး။ တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ အ‌နေနဲ့ ‌ဆောင်ရွက်ပါ ဆို တာ မျိုး‌ပြောတယ်။ အဲ့ဒါ‌တွေက ဘာလဲဆို‌တော့ စည်းမျဉ်း၊ စည်းကမ်း၊ ဥပ‌ဒေ‌တွေကို အဆင်‌ပြေသလို ပဲလုပ်ပါဆိုတာမျိုး ဖြစ်‌နေတယ်။

‌နောက်တစ်ခု ကရင်အာဇာနည်‌နေ့ ကို ဦး‌ဆောင်တဲ့ စသိန်း‌ဇော်မင်းရဲ့ မိဘအိမ်ကို သွားပြီး ကိုယ်‌ရေးရာဇဝင် ‌တွေ‌မေးတယ်ဆိုတာ တစ်ဖက်က မိဘ‌တွေကိုသွားပြီး ခြိမ်း‌ခြောက်လိုက်တဲ့ သ‌ဘော‌ပေါ့။ ဒါ‌တွေကလုံးဝ မလုပ် သင့်တဲ့ ကိစ္စ၊ ဒီလိုပဲ လုပ်‌နေကြ‌တော့ ကိုယ်မ‌ကြောက်ဖို့ လိုတယ်။

ဘယ်လိုဆက်သွားကြမလဲ ဆိုတာအ‌ရေးကြီးတယ်။ ဒီလိုပဲ နှစ်စဉ်လုပ်ပြီး နှစ်စဉ် ပြဿနာ အဖြစ်ခံမလား‌ပေါ့။ တဖက်ကလည်း အ‌ဆောက်အဦးထဲမှာ လုပ်တုန်းက ဥပမာ-ယုဒသန် ခန်းမ မှာလုပ်တုန်းက ဘာပြဿနာမှ မဖြစ်ဘူး‌လေ။ ဒီလိုမျိုး ခွင့်ပြုလိုက်ရင် ပြီးသွားပြီး။ လူငယ်‌တွေရဲ့ တက်ကြွတဲ့စိတ်ဓါတ်၊ လူမျိုးတစ်မျိုးရဲ့ တက် ကြွတဲ့ စိတ်ဓါတ်၊ ဒီလိုဟာမျိုးကိုလာပြီးတာ့ ချိုးချင်တဲ့ ဟာမျိုးဆိုရင်‌တော့ ဘယ်လူမျိုးမှ လက်ခံကြမှာမဟုတ် ဘူး။

အစိုးရအ‌နေနဲ့ သူတို့ ‌သေချာကိုင်တွယ်ပြီး‌တော့၊ ‌သေချာ စဉ်းစားသင့်တယ်။ အ‌ပေါ်ယံ‌လေးစဉ်းစားပြီး‌တော့ မလုပ်သင့်ဘူး။ ‌နောက် ဒီဘက်ကလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်မယ်။ အခုက ဘာမှတိတိကျကျ မရှိဘူးဖြစ်‌နေတယ်။ ကရင်အာဇာနည်‌နေ့ လုပ်ဖို့တင်တာကို သူတို့ လုပ်ခွင့်မ‌ပေးဘူး၊ ‌ပေးမယ်လို့လည်း သူတို့ မ‌ပြောရဲဘူး။ ဒါကြီးက မဖြစ်သင့် ‌တော့ဘူး။ အစိုးရတရပ် အ‌နေနဲ့ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ဆုံးဖြတ်ဖို ့ အချိန်‌ရောက်ပြီလို ့ ‌ပြောချင်ပါတယ်။

မန်းထိန်ဝင်းစိန် (ဒုဥက္ကဋ္ဌ ၊ ကရင်အမျိုးသားပါတီ)
ရန်ကုန်မှာ ကရင်အာဇာနည်‌နေ့ ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး ‌ပြောရရင် တိုင်းရင်းသား အခွင့်အ‌ရေး ကာကွယ် ‌စောင့်‌ရှောက်‌ရေးဥပ‌ဒေ၊ အခန်း ၃ မှာ တိုင်းရင်းသား‌တွေရဲ့ အနုပညာ၊ ယဉ်‌ကျေးမှု၊ ကိုးကွယ်တဲ့ ဘာသာ၊ ‌နောက်ပြီး‌တော့ ယဉ်‌ကျေးမှု ဓ‌လေ့၊ ထုံးတမ်းအရ ‌နေ့ထူး‌နေ့မြတ် ‌ဆောင်ရွက်ခွင့်ရှိတယ်လို့ ‌ရေးထားတယ်။

ကရင်အာဇာနည်‌နေ့ ဆိုတာကလည်း ကရင်တမျိုးသားလုံးက လက်ခံထားတဲ့ ‌နေ့ထူး၊ ‌နေ့မြတ်တစ်ခု။ ပြန်ကြည့်လိုက်ရင် မဟာလူမျိုးကြီးဝါဒ အစိုးရ‌တွေ ‌ခေတ်တုန်းကမြင်တာက‌တော့ ‌ကော်ခိုကြီးက သူပုန်‌ခေါင်း ‌ဆောင်လို့ပဲ မြင်တယ်။ ကျ‌နော်တို့က ဒီလိုမမြင်ဘူး။ ‌ကော်ခိုကြီးက ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေက ဖဆပလ ပဏာမ ညီလာခံမှာ ရည်မှန်းခဲ့တဲ့ ပြည်‌ထောင်စုနိုင်ငံ ဖြစ်ရမယ်ဆိုတာ မဖြစ်ခဲ့ဘူး။ တစ်ပြည်‌ထောင် နိုင်ငံဖြစ်ခဲ့တယ်။

ကရင့်နိုင်ငံ‌ရေး လမ်း‌ကြောင်းကို ကြည့်လိုက်ရင် ကရင်‌တွေက ဒီမိုက‌ရေစီနည်းနဲ့ ရပိုင်ခွင့်တစ်ခုကို ဥပ‌ဒေနဲ့ အကြပ်အတည်းတစ်ခုကို တင်ပြတာ‌ပေါ့။ ဒါကို ဖဆပလ အစိုးရက မနာခံဘူး။ ဖက်ဒရယ် ပြည်‌ထောင်စု ဖြစ်သင့်တယ်ဆိုတာကို ဖက်ဒရယ်လို ့မသုံးနှုန်းဘဲနဲ့ လုပ်ခဲ့တဲ့ နိုင်ငံ‌ရေး လုပ်‌ဆောင်ရင်းနဲ့ ကျဆုံးသွားတယ်။

‌ကော်ခို‌စောဘဦးကြီးက သူပုန် မဟုတ်ဘူး။ ပြည်‌ထောင်စုစစ်စစ်ဖြစ်ဖို့ တိုင်းရင်းသား‌တွေ တန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိဖို့ နိုင်ငံ‌ရေးအရ ‌ဆောင်ရွက်ခဲ့တဲ့ပုဂ္ဂိုလ်၊ စစ်‌ရေးနဲ့ ဖိနှိပ်လို့ သာလျှင် ခုခံစစ်ကို ‌ဆောင်ရွက် ရင်းနဲ့ ကျဆုံးသွားတာဖြစ်တဲ့အတွက် ကရင်‌တွေအတွက် အာဇာနည် အစစ်အမှန် မကဘူး။ ဖက်ဒရယ် ပြည်‌ထောင်စု‌ပေါ်ထွန်းဖို ့ တိုင်းရင်းသား အားလုံးအတွက် အရင်ဆုံး မီး‌မောင်းထိုးပြတဲ့ ‌ခေါင်း‌ဆောင် ဖြစ်တယ်။

ဒီအချိန်ကာလမှာ အမျိုးသား ပြန်လည် သင့်မြတ်‌ရေးနဲ့ ပြည်တွင်းစစ်ပြဿနာကို နိုင်ငံ‌ရေး စကားဝိုင်း‌ပေါ်မှာ လုပ်‌နေကြတဲ့ ကာလမှာ ဘက်နှစ်ဘက်က ရိုးသားပြီး‌တော့ အပြန်အလှန် နာလည်မှုလိုအပ်တဲ့ အချိန်၊ နား လည်မှုလွဲမှားမှု လုံးဝမဖြစ်သင့်တဲ့ အချိန်၊ အ‌ရေးကြီး သတိထား‌နေရတဲ့ အချိန်မှာ ‌စော‌စောက တိုင်းရင်းသား အခွင့်အ‌ရေးကာကွယ်‌ရေး ဥပ‌ဒေ ရပိုင်ခွင့်အတိုင်း အာဇာနည်‌နေ့ကို ‌ဆောင်ရွက်ဖို့ တင်ပြတယ်။

တင်ပြတဲ့အ‌ပေါ် ခွင့်ပြုတာကလည်းဘဲ ‌စေတနာနဲ့ ခွင့်ပြုတာ မဟုတ်ဘဲနဲ့ ‌ထောင်‌ခြောက်ပုံစံ ခွင့်ပြုတဲ့ သ‌ဘော မျိုးလုပ်တယ်။ လူငယ်‌တွေက အဲ့ဒီ‌နေ့မှာ နံနက် ၈ နာရီက ‌နေ ည‌နေ ၂ နာရီထိ လုပ်ဖို ့တင်ပြတယ်။ အဲ့ဒီ အ‌ပေါ်မှာ ဘာမှ မ‌ပြောဘဲနဲ့ ၁၁နာရီမှာလာပြီး အချိန်လွန်ပြီးဆိုပြီး တားဆီးတယ်။ အခမ်းအနားကို သိမ်းခိုင် တယ်။ အလံ‌တွေကို ဖြုတ်ခိုင်းတယ်။ ဒါမဖြစ်သင့်ဘူး။

တိုင်းရင်းသားလူမျိုးတစ်မျိုးနဲ့ တစ်မျိုးဟာ ပြည်တွင်းစစ်‌ကြောင့် နိုင်ငံ‌ရေး လွဲမှားမှု ဖြစ်ခဲ့တယ်။ ‌ပြေလည်‌အောင် အမျိုးသား ပြန်လည်သင့်မြတ်‌ရေးကို ‌ဆောင်ရွက်‌နေတဲ့ ကာလမှာ အင်မတန်ထိလွယ်ရှလွယ်တဲ့ ကာလမှာ နိုင် ငံ‌တော်က အများကြီး ဂရုစိုက်သင့်ပါတယ်။ ဒါက‌လေးကို စည်းကမ်းနဲ့အညီ အကူအညီ‌ပေးလိုက်ရင် ဘာဖြစ်မှာ လဲ။

ခွင့်ပြုချက်ကို ‌ထောင်‌ခြောက် ဆင်ပြီး လုပ်တာက အင်မတန်မလုပ်သင့်တဲ့ကိစ္စ။ အင်မတန်မရိုးသားတဲ့ကိစ္စ။ အမျိုးသား ပြန်လည်သင့်မြတ်‌ရေး တည်‌ဆောက်‌နေတဲ့ ကာလမှာ လုံးဝကို မလုပ်သင့်တဲ့ကိစ္စလို ့‌ပြောချင် ပါ တယ်။ အခုလို လုပ်လိုက်ခြင်းအားဖြင့် ကရင်‌တွေပါ မကဘူး၊ တခြားတိုင်းရင်းသား‌တွေပါ ငါတို့ တိုင်းရင်းသား ‌တွေအ‌ပေါ် နာလည်းမှုမရှိ‌သေးဘူးဆိုတဲ့ အမြင်ဆက်ရှိ‌နေတာက အနာဂတ် ဖက်ဒရယ်ပြည်‌ထောင်စု တည် ‌ဆောက်ဖို့ အဟန့်အတား‌တွေ အများကြီး ဖြစ်‌စေတယ်လို့ ကျ‌နော်မြင်တယ်။

‌နော်ယုဇနဝါ (ဒု ဥက္ကဋ္ဌ၊ ဖလုံစ‌ဝေါ် ဒီမိုကရက်တစ်ပါတီ)
တိုင်းရင်းသား‌တွေရဲ့ အာဇာနည်ပုဂ္ဂိုလ်‌တွေကို အသိအမှတ်မပြုတာက တန်းတူညီမျှဝါဒကို ကျင့်သုံးတဲ့ ပြည်‌ထောင်စုစိတ်ဓါတ်မရှိလို့ပါပဲ။ မြန်မာပြည်လွတ်လပ်‌ရေးက ဗမာလူမျိုးတစ်မျိုးထဲရဲ့မူပိုင်လွတ်လပ်‌ရေး မ ဟုတ်သလို လွတ်လပ်‌ရေးကြိုးပမ်းခဲ့တဲ့ တိုင်းရင်းသားအားလုံးရဲ့လွတ်လပ်‌ရေးပါ။ ဒါ‌ကြောင့် အာဏာကို ဆုပ် ကိုင်ပြီး တိုင်းရင်းသား‌တွေအ‌ပေါ် ခွဲခြားချုပ်ချယ်မှုလို့ မြင်ပါတယ်။ တိုင်းရင်းသား‌ခေါင်း‌ဆောင်‌တွေအ‌ပေါ် သ မိုင်းတွင်ခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှု၊ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု‌တွေအ‌ပေါ် နိုင်ငံတကာသိ တရားဝင် ‌တောင်းပန် သင့်တယ်။ ငြိမ်းချမ်း‌ရေးကို တရားမျှတမှုနဲ့သာ တည်‌ဆောက်နိုင်တာမို့ တိုင်းရင်းသားအားလုံးအတွက် တရားမျှတမှုအမျိုးသား‌ရေး တန်းတူညီမျှမှုကို‌ပေးနိုင်ဖို့ ဆန္ဒသ‌ဘောထား‌ပေးပါတယ်။ လုပ်ရပ်နဲ့မတ ရားခဲ့တဲ့သမိုင်း‌ကြွေးကို ပြန်ဆပ်ဖို့ ဝန်ချ‌တောင်းပန်ဘို့ သတ္တိမရှိတဲ့ အမှားကို ဝန်မခံရဲတဲ့ လူမျိုးတစ်မျိုးလို့မြင်တယ်။

လူငယ်‌တွေကို ဥပ‌ဒေနဲ့ခြိမ်း‌ခြောက်ပြတာပါ။ အာဏာရှင်ဆန်တဲ့ ဖိနှပ်တဲ့ဥပ‌ဒေမျိုးကလွှတ်‌တော်က‌နေ ၅ဝ ရာခိုင်နှုန်း နဲ့ဖျက်သိမ်းလို့ရပါသားနဲ့ လက်ရှိအစိုးရ မဖျက်သိမ်းတာ စစ်တပ်‌ကြောင့်လို့ ‌ပြောလို့မရပါဘူး။ သတိကြီးကြီးနဲ့ အာဏာရှင်မှန်သမျှရဲ့‌ဒေါက်တိုင်ကို နည်းပရိယာယ်ကြွယ်ဝစွာနဲ့ဖြုတ်ချနိုင်ပါ‌စေလို့ လူငယ်‌တွေကို အား‌ပေးပါတယ်။

‌စောမြတ်ထွဋ်ဝင်း -(ဒုဥက္ကဋ္ဌ ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ )
ကရင်အာဇာနည်‌နေ့ကို တစ်ခြား‌နေရာမှာကျင်းပတာထက် ရန်ကုန်မှာကျင်းပရင် အစိုးရက တစ်မျိုးမဟုတ်တစ်မျိုး တရား စွဲတာ‌တွေလုပ်‌နေမှာပဲလို့ ကျ‌နော်မြင်တာ‌ပေါ့‌နော်။ ဘာ‌ကြောင့်လဲဆို‌တော့ ကျ‌နော်က အုပ်ချုပ်‌ရေးပိုင်းမှာ လုပ်‌နေတုန်းက သူတို့ရဲ့မူကို သိ‌နေတယ်‌လေ။ အစိုးရရဲ့မူက အရင်အစိုးရလည်း ဒီမူပဲ၊ ယခုအစိုးရတက်လည်း ဒီမူပဲ သူတို့လည်း ဘုံဖြစ် တယ်။ ကရင်ပြည်နယ် ပြင်ပမှာ အာဇာနည်‌နေ့ကျင်းပရင် တစ်နည်းမဟုတ်ရင် တစ်နည်း အက်ရှင်လုပ် မယ်ဆိုတဲ့ သ‌ဘော ထားက နဂိုထဲက ချထားတာ‌တွေရှိခဲ့တယ်။ အခုလည်း ဆက်လက်သယ်‌ဆောင်မယ်လို့ ကျ‌နော်ထင်တာ‌ပေါ့‌နော်။

အာဇာနည်‌နေ့ကျင်းပဖို့ ခွင့်ပြုချက်‌တွေ ဘယ်လိုတင်ထားလဲဆို‌တော့ ကျ‌နော်အ‌သေးစိတ်မသိဘူး။ ဒါ‌ပေမယ့် အစိုးရမူက လုပ်ရင် တစ်နည်းမဟုတ်တစ်နည်း တရားစွဲတာ‌တွေလုပ်မယ်ဆိုတာ‌တော့ အုပ်ချုပ်‌ရေးအပိုင်းမှာလုပ်ခဲ့တဲ့အ တွက်သိခဲ့တယ်။ အဲဒါ‌ကြောင့် ကျ‌နော်တို့က ကိုယ့်တိုင်းရင်းသားအခွင့်အ‌ရေး‌တွေကို လွတ်လွတ်လပ်လပ်လုပ်‌ဆောင်နိုင်ဖို့ ကိုယ့်ကံ ကြမ္မာဖန်တီးနိုင်ဖို့‌တော့ ‌ရွေး‌ကောက်ပွဲဝင်ဖို့အတွက် ပါတီဖွဲ့တာ‌ပေါ့ဗျာ။ လွှတ်‌တော်အတွင်း၊ လွှတ်‌တော်ပြင်ပ အင်အား တစ်ခုဖြစ်လာပြီး ဒီဟာ‌တွေကို ‌ပြောချင်တာ‌ပေါ့၊ ‌ပြောနိုင်တဲ့အဆင့်တစ်ခုဖြစ်လာဖို့ အခုကြိုးစားပြီး‌နေတာလည်း ဖြစ်တယ်။