Home Facts Checking News မြဝတီတွင် ညမထွက်ရအမိန့် ထုတ်ပြန်ပြီး ရက်‌ပေါင်း ၇ဝ ‌ကျော်အတွင်း ဖမ်းဆီးရမိသူ တစ်‌ထောင်‌ကျော်ရှိ

မြဝတီတွင် ညမထွက်ရအမိန့် ထုတ်ပြန်ပြီး ရက်‌ပေါင်း ၇ဝ ‌ကျော်အတွင်း ဖမ်းဆီးရမိသူ တစ်‌ထောင်‌ကျော်ရှိ

2736
Photo: Nay Naw

ဇူလိုင် ၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ဧပြီလ ၁၈ ရက်မှ ဇူလိုင်လ ၂ ရက်‌နေ့ထိ အစိုးရမှ ထုတ်ပြန် ထားည့် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့် ကာလရက်‌ပေါင်း ၇ဝ ‌ကျော်အတွင်း အမိန့်ချိုး ‌ဖောက်သူ ၁,၁၀၅ ဦး ဖမ်းဆီးရမိခဲ့‌ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိသူများအား မြဝတီမြို့နယ် တရားရုံးတွင်အမှုစွဲတင်ပြီး ဒဏ်‌ငွေ ၅ ‌သောင်းကျပ် သို့မဟုတ် ဒဏ်‌ငွေမ‌ဆောင်နိုင်ပါက ‌ထောင်ဒဏ် ၁ လ သတ်မှတ်ခဲ့ရာ ဒဏ်‌ငွေ ၅ ‌သောင်းကျပ် ‌ပေး‌ဆောင်သူ ၈၇၅ ဦးရှိပြီး ‌ထောင်ဒဏ်ကျခံသူ ၂၃ဝ ဦးရှိ‌ကြောင်း မြဝတီမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကိုက ‌ပြောသည်။

၎င်းက“မြဝတီမြို့မှာ ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ ရက်‌နေ့က စတင်ထုတ်ပြန်ခဲ့ပြီး အသိပညာ‌ပေးခြင်း များကို ၃ ရက်တိုင်တိုင် ‌ဆောင်ရွက်ခဲ့ပြီးမှ ဧပြီလ ၂၁ ရက်‌နေ့ညမှာစတင်၍ လှည့်ကင်းအဖွဲ့စုံဖြင့် ဖမ်းဆီး အ‌ရေးယူမှု‌တွေ ပြုလုပ်ခဲ့တာပါ။ ဒီလိုဖမ်းဆီးရာမှာ ဇူလိုင် ၂ ရက်‌နေ့ထိ စုစု‌ပေါင်း ၁,၁၀၅ ဦး ဖမ်းဆီးရမိပြီး မြဝတီမြို့နယ် တရားရုံးမှာ တရားစွဲတင်ခဲ့ပါတယ်။ တရားရုံးက အမိန့်ချမှတ်ခဲ့ရာမှာ ဒဏ်‌ငွေ ၅ ‌သောင်း‌ပေး ‌ဆောင်သူ ၈၇၅ ဦးရှိပြီး ‌ထောင်ဒဏ် ၁ လ ကျခံသူ ၂၃ဝ ဦးရှိတယ်”ဟု ‌ပြောသည်။

ထို့အပြင် ညမထွက်ရ အမိန့်ကျူးလွန်သူများအား ည ၁၂ နာရီမှ မနက် ၄ နာရီအတွင်း လှည့်ကင်းအဖွဲ့မှ လိုက် လံ ဖမ်းဆီးခဲ့ရာတွင် အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ‌ဆေးရုံ‌ဆေးခန်းများသို့ ကျန်းမာ‌ရေးအရ သွား‌နေသူများ၊ တာ ဝန်အရ သွားရသူများကို ပြန်လည်လွှတ်‌ပေးခဲ့ပြီး၊ အ‌ကြောင်းလုံးဝ မပြနှိုင်သူများကိုသာ ဖမ်းဆီးခဲ့ခြင်း ဖြစ် ‌ကြောင်းလည်း ဦးဖြိုး‌ဇော်ကိုကိုက ဆက်‌ပြောသည်။

နိုင်ငံ‌တော်အစိုးရမှ ကိုဗစ်အ‌ရေး‌ပေါ်ကာလကို ဇူလိုင်လ ၁၅ ရက်‌နေ့ထိ ဆက်လက် တိုးမြှင့်သတ်မှတ်ထား၍ မြဝတီမြို့တွင် တစ်ချို့ အ‌ကြောင်းအရာများကို ‌ဖြေ‌လျှော့မှု‌ပေးထား‌သော်လည်း ညမထွက်ရ အမိန့်ကိုမူ ဆက် လက်ထားရှိပြီး မလိုက်နာသူများအား ညစဉ် ၁၂ နာရီ‌နောက်ပိုင်း အဖွဲ့စုံလှည့်ကင်းဖြင့် ဖမ်းဆီးအ‌ရေးယူမှုများ ‌ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။