Home သတင်း ‌နော်စူစဲနာလှလှစိုးနှင့် ‌ဒေါက်တာသာစိန်တို့ကို ကရင်‌ရေးရာကိုယ်စားလှယ်အဖြစ် NLD ထုတ်ပြန်

‌နော်စူစဲနာလှလှစိုးနှင့် ‌ဒေါက်တာသာစိန်တို့ကို ကရင်‌ရေးရာကိုယ်စားလှယ်အဖြစ် NLD ထုတ်ပြန်

2191

ဇူလိုင် ၂၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

အာဏာရ အမျိုးသား ဒီမိုက‌ရေစီ အဖွဲ့ချုပ်(NLD)က ၂၀၂ဝ ပါတီစုံ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲအတွက် ကိုယ်စားလှယ် ‌လောင်းများ စာရင်းကို ယ‌နေ့ (ဇူလိုင် ၂၃ ရက်) မွန်းလွဲပိုင်းတွင် ထုတ်ပြန်ခဲ့ရာ ကရင်‌ရေးရာ ကိုယ်စားလှယ်‌လောင်းများ အဖြစ် ‌နော်စူစဲနာလှလှစိုး (လက်ရှိ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်)နှင့် မွန်ပြည်နယ် ‌ဒေါက်တာသာစိန်တို့ ဖြစ်‌ကြောင်း NLD က ထုတ်ပြန်လိုက်သည်။

ထို့အပြင် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲအတွက် ကရင်‌ရေးရာ ကိုယ်စားလှယ်‌လောင်းများအဖြစ် ပဲခူးတိုင်း‌ဒေသကြီး၌ လက်ရှိ ကရင်‌ရေးရာဝန်ကြီးဖြစ်သူ ‌နော်ပွယ်‌စေး၊ ဧရာဝတီတိုင်း‌ဒေသကြီး၌ လက်ရှိကရင်‌ရေးရာဝန်ကြီး ဂါ့မိုး မြတ်မြတ်သူ၊ အလားတူ တနသင်္ာရီ တိုင်း‌ဒေသကြီး၌ လက်ရှိ ကရင်‌ရေးရာဝန်ကြီးဖြစ်သူ ‌စောလုကာတို့ကို ကိုယ်စားလှယ်‌လောင်းများအဖြစ် NLD က ထုတ်ပြန်သည်။

အလားတူ NLD ပါတီဝင်ကရင်များထဲမှ ဝန်ကြီးချုပ်‌ဟောင်း မန်း‌ဂျော်နီသည် ဧရာဝတီတိုင်း‌ဒေသကြီး၊ အမျိုး သားလွှတ်‌တော် အမှတ်-၂ (ကျုံ‌ပျော်-‌ရေကြည်)၊ လက်ရှိ ပဲခူးတိုင်း‌ဒေသကြီးလွှတ်‌တော်၊ တိုင်းရင်းသား‌ရေးရာ ‌ကော်မတီ ဥက္ကဋ္ဌ ‌စောသူရ‌အောင် (ကဗျာဆရာ မုန်း‌အောင်)သည် မူလ ‌နေရာဖြစ်သည့် အုတ်ဖိုဖြို့နယ် အမှတ် ၂ တိုင်း‌ဒေသကြီး လွှတ်‌တော်ကိုယ်စားလှယ်‌နေရာနှင့် ရန်ကုန်တိုင်း‌ဒေသကြီးလွှတ်‌တော်၊ တိုင်းရင်း သား‌ရေး ရာ‌ကော်မတီအတွင်း‌ရေးမှူး မန်း‌အောင်ကိုမင်းသည်လည်း ကွမ်းခြံကုန်းမြို့နယ်၊ အမှတ် ၁ လွှတ် ‌တော်ကိုယ် စားလှယ်အဖြစ် NLD ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။