Home သတင်း တိုင်းနှင့်ပြည်နယ် ၆ ခု၌ ‌ရေးရာ ၅ ‌နေရာနှင့် ကိုယ်စားလှယ် ၇၀‌ကျော် KPP ဝင်ပြိုင်မည်

တိုင်းနှင့်ပြည်နယ် ၆ ခု၌ ‌ရေးရာ ၅ ‌နေရာနှင့် ကိုယ်စားလှယ် ၇၀‌ကျော် KPP ဝင်ပြိုင်မည်

1679

ဇူလိုင် ၂၄ ရက်၊၂၀၂ဝ ပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်သူ့ပါတီ (KPP)အ‌နေဖြင့် လာမည့်၂၀၂ဝ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ကရင်လူမျိုးအများအပြား ‌နေထိုင်ရာ တိုင်း‌ဒေသကြီးနှင့် ပြည်နယ် ၆ ခုတွင် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ၅ ‌နေရာအပါအဝင် ကိုယ်စားလှယ် ၇ဝ ဦး‌ကျော်ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်ဟု KPP ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့က ‌ပြောသည်။

KPP သည် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်‌ရေးရာ ကိုယ်စားလှယ်အဖြစ် မန်းသန်းဝင်းဦး ဝင်ပြိုင်မည်ဖြစ်ပြီး ဧရာဝတီတိုင်း‌ဒေသကြီးတွင်မူ နန့်ခင်‌အေးဦး၊ မွန်ပြည်နယ်တွင် ‌နော်ဆာထူးနှင့် တနသင်္ာရီတွင် ‌စောဟာဗီတို့ အသီးသီး ဝင်ပြိုင်မည် ဖြစ်သည်။

ဧရာဝတီတိုင်း‌ဒေသကြီး ကရင့်‌ရေးရာဝင်ပြိုင်မည့် ပါတီအ‌ထွေ‌ထွေအတွင်း‌ရေးမှူး-၁ နန့်ခင်‌အေးဦးက “ကရင် လူထုကကျမကို ဝင်‌ရောက်ယှဉ်ပြိုင်‌စေချင်တယ်။ သူတို့ရဲ့ဖြစ်ချင်မှု‌လေး‌တွေကို ကျမကိုအား‌ပေးတယ်။ ကျမတို့ က ပါတီကြီး‌တွေလို‌တော့ အားမကြီးဘူး‌ပေါ့။ ဒါ‌ပေမယ့် ကရင်လူထုရဲ့အမျိုးသား‌ရေး အားကို‌တော့ယူပြီး သွားရ မှာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ဇူလိုင် ၂၄ ရက်‌နေ့တွင် ‌ပြောသည်။

အလားတူ KPP အ‌နေဖြင့် ၎င်းတို့၏ အမာခံနယ်‌မြေဖြစ်သည့် ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ်တွင် အမျိုးသား လွှတ်‌တော်အတွက် ‌စော‌ဒေါ်ပလဲ၊ ပြည်သူ့လွှတ်‌တော် ‌နေရာတွင် ပါတီဥက္ကဌ ‌စောထွန်း‌အောင်မြင့်၊ ပြည်နယ်လွှတ်‌တော်အတွက် ‌စော‌ဂျေ‌အေဝင်းမြင့်နှင့် ‌စောခရစ္စတိုဖာ‌ရွှေ တို့ အသီးသီးဝင်ပြိုင်သွားမည်ဟု ကနဦး သတင်းရရှိသည်။

‌ရွေး‌ကောက်ပွဲဝင်မည့် ကရင် ၄ ပါတီတွင်ကရင်ပြည်သူ့ပါတီ (KPP) သည် ကိုယ်စားလှယ်ဦး‌ရေ အများဆုံး ဝင်ပြိုင်မည့် ကရင်ပါတီ ဖြစ်ပြီး ဝင်ပြိုင်မည့် ကိုယ်စားလှယ် စာရင်း အတိအကျကို ဇူလိုင် ‌နောက်ဆုံးအပတ်တွင် ထုတ်ပြန်သွားမည်ဟု ပါတီတာဝန်ရှိသူများက ‌ပြောသည်။

KPP သည် ၂၀၁ဝ ပြည့်နှစ်၊ ‌မေတွင် ပါတီစတင်တည်‌ထောင်ပြီး‌နောက်၂၀၁ဝ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ၆ ‌နေရာ ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် သံ‌တောင်ကြီးပြည်နယ်လွှတ်‌တော်တစ်‌နေရာ အနိုင်ရရှိခဲ့ဖူးပြီး ‌ရွေး‌ကောက် ပွဲနှစ်ကြိမ်ဆက် အနိုင်ရ တစ်ခုတည်း‌သော ကရင်ပါတီ ဖြစ်သည်။