Home သတင်း မြဝတီမြို့တွင် BGF အရာရှိ‌ဟောင်း၏ ‌နေအိမ် ပစ်ခတ်ခံရ

မြဝတီမြို့တွင် BGF အရာရှိ‌ဟောင်း၏ ‌နေအိမ် ပစ်ခတ်ခံရ

4304
Photo: Nay Naw

‌မေလ ၁၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အာရှလမ်းနှင့် အနန္တဂုဏ် ရည်လမ်း‌ထောင့်၊ မင်းပဒုမ္မာဝင်းရှိ နယ် ခြား‌စောင့်တပ် -BGF တပ်ဖွဲ့မှ အရာရှိ‌ဟောင်း တစ်ဦးဖြစ်သူ၏ ‌နေအိမ်အား ‌သေနတ်ဖြင့် လာ‌ရောက်ပစ်ခတ်ခံရမှု ဖြစ်စဉ်တစ်ခု ယမန်‌နေ့ ‌မေလ ၁၂ ရက်ည ၉း၁၅ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အိမ်ရှင် ဦး‌စောတင်မြင့်နှင့်အတူ ဖားအံမြို့ ‌တောင်က‌လေး‌ကျေးရွာမှ မြဝတီမြို့သို့ အလည်လာ‌သော ၎င်း၏‌ယောက်ဖဖြစ်သူတို့ နှစ်ဦးအတူရှိ‌နေစဉ် ၉ မမ ‌သေနတ်ဖြင့် ၂ ချက်တိတိ ပစ်ခတ်ခံရခြင်းဖြစ်ပြီး ယင်း ပစ်ခတ်မှု‌ကြောင့် ‌နေအိမ်အ‌ရှေ့မှန်ပြတင်း နှင့် နံရံတွင် ‌သေနတ်ကျည်ထိမှန်ခဲ့‌သော်လည်း ‌နေအိမ်ထဲရှိ ဦး‌စော တင်မြင့်နှင့် ‌ယောက်ဖဖြစ်သူတို့မှာ တစ်စုံတစ်ရာ ထိမှန်ခြင်းမရှိခဲ့‌ကြောင်း သိရှိရသည်။

‌နေအိမ်ပိုင်ရှင် ဦး‌စောတင်မြင့်က“သူတို့ အားလုံး ၈ ‌ယောက်‌လောက်ရှိမယ်။ ကားနဲ့ လာကြတာ။ ကားကို ကျ ‌နော့် ‌နေအိမ်ခြံဝင်းအဝင်ဝမှာ ရပ်ပြီး ကား‌ပေါ်က ‌သေနတ်ကိုင်လူတစ်ဦး ဆင်းလာပါတယ်။ ပြီး‌တော့ ခြံဝင်း အဝက‌နေ အိမ်အတွင်းသို့ ‌သေနတ်ဖြင့်(၂)ချက်တိတိ လှမ်း၍ ပစ်ခတ်ခဲ့ကြပါတယ်။ အဲလိုပစ်ခတ်ရာမှာ ‌နေအိမ် အ‌ရှေ့ဘက် ပြတင်းမှန်နှင့် နံရံ‌တွေကို ကျည်ထိမှန်ခဲ့ပြီး လူကို‌တော့ ထိမှန်တာမရှိဘူး”ဟု ‌ပြောသည်။

နယ်ခြား‌စောင့်တပ် (BGF) အရာရှိ‌ဟောင်း ဦး‌စောတင်မြင့်၏ ‌နေအိမ်အတွင်း ယခုလို အခင်းဖြစ်ပွားမှုမှာ ဒုတိယ အကြိမ်‌မြောက်ဖြစ်သည်ဟု အိမ်ရှင်ဖြစ်သူက ယခုလို ‌ပြောသည်။

Photo: Nay Naw

“‌သေနတ်ဖြင့် ပစ်ခတ်ခံရတာက ဒုတိအကြိမ်‌ပေါ့။ ပထမအကြိမ်ဖြစ်တာက ၂၀၂ဝခုနှစ် ဇန်နဝါရီလ ၃ ရက်‌နေ့ နံနက်ပိုင်းမှာ ‌နေအိမ်အပြင်ဝရန်တာ‌နေရာမှာ မိုင်းဗုံး ၂ လုံးလာခွဲပြီး လုပ်ကြံခဲ့ကြပါ‌သေးတယ်။ အဲ့ဒီတုန်းကလည်း ကံ‌ကောင်း၍ အသက်မ‌သေခဲ့‌ပေမယ့် ‌ပေါင်မှာ မိုင်းစအနည်းငယ် ထိမှန်ခဲ့ပါတယ်။ မိုင်း‌ဖောက်ခွဲတဲ့ တရားခံကို‌တော့ ယ‌နေ့အထိ ဖမ်းဆီးရမိခြင်း မရှိ‌သေးဘူး”ဟု ၎င်းက ‌ပြောသည်။

ထိုသို့ ၂ ကြိမ်တိုင်တိုင် လုပ်ကြံခံရခြင်း၏ အ‌ကြောင်းအရင်းကို‌တော့ ၎င်းအ‌နေဖြင့် မှတ်ချက်တစ်စုံတစ်ရာ ‌ဖြေကြားခဲ့ခြင်း မရှိပါ။

အဆိုပါ အခင်းဖြစ်‌နေရာသို့ ‌မေလ ၁၂ ရက် ည ၉း၃ဝ အချိန်ခန့်က မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက် လင်းဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြဝတီ‌ရှေ့တန်းရုံးမှ အရာရှိများနှင့် တပ်မ‌တော်သားများ၊ ကရင်ပြည်နယ် နယ်ခြား ‌စောင့်တပ်(BGF)နှင့် အမှတ် ၄ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးနှင့် အဖွဲ့ဝင်များက လာ‌ရောက်ကြည့်ရှုစစ်‌ဆေးကြပြီး ‌သေနတ်ဖြင့် ပစ်ခတ်သူ တရားခံများအား ဖမ်းဆီးရမိနိုင်‌ရေးအတွက် စုံစမ်း‌နေ‌ကြောင်း ‌ပြောဆိုသည်။