Home သတင်း ပုံဆွဲပြိုင်ပွဲဝင်ခြင်းဖြင့် ကိုဗစ်‌ရောဂါ ကာကွယ်‌ရေးတွင် ဒုက္ခသည်များပါဝင်နိုင်‌ရေး စီစဉ်

ပုံဆွဲပြိုင်ပွဲဝင်ခြင်းဖြင့် ကိုဗစ်‌ရောဂါ ကာကွယ်‌ရေးတွင် ဒုက္ခသည်များပါဝင်နိုင်‌ရေး စီစဉ်

2156
Photo: CIT

‌မေလ ၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

ပုံဆွဲပြိုင်ပွဲ ဝင်ခြင်းဖြင့် COVID-19 ‌ရောဂါကာကွယ်‌ရေးတွင် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်များ ပါဝင် နိုင်သည့် အစီအစဉ်ကို မြန်မာဒုက္ခသည်စခန်း (၉) ခုအတွက် စားနပ်ရိက္ခာ အဓိက ‌ထောက်ပံ့‌ပေး‌နေသည့် The Border Consortium (TBC)က မယ်လဒုက္ခသည်စခန်းတွင် စီစဉ်‌ပေး‌နေ‌ကြောင်း သိရသည်။

COVID-19 ကာကွယ်မှုတွင် ပုံဆွဲဝင်ပြိုင်ခြင်းဖြင့် ပါဝင်ခွင့်ရမည်ဖြစ်ပြီး ဝင်‌ရောက်ပြိုင်ဆွဲထားသည့် ပုံများထဲမှ အနိုင်ရပုံများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ‌ရွေးချယ်၍ ဆု‌ပေးအပ်သွားမည်ဖြစ်သလို ကိုဗစ်ကာကွယ်‌ရေး ပညာ‌ပေးလှုပ်ရှားမှုများတွင် ပါဝင်အသုံးပြုသွားမည်ဖြစ်‌ကြောင်း ယ‌နေ့ ‌မေလ ၁ရက်‌နေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် TBC ၏ အသိ‌ပေး‌ကြေငြာစာ၌ ‌ဖော်ပြထားသည်။

စခန်းသတင်းအဖွဲ့ (CIT)၏ တာဝန်ခံ ‌စောဂါလီလ “ဒီလိုမျိုးလုပ်‌ပေးတဲ့အ‌ပေါ်မှာ‌တော့ ‌ကောင်းတာ‌ပေါ့။ ‌ပြောရ ရင် ဒါကလူထု‌တွေကို တဖက်တလမ်းက အကျိုးပြုတာပဲ‌လေ။ ဒီပုံ‌လေး ဆွဲခြင်းအားဖြင့် ဒီ‌ရောဂါ ကာကွယ်တဲ့ အပိုင်းမှာလည်း အ‌ထောက်အကူပြုနိုင်တာပဲ‌လေ။ အပြင်ထွက်မရတဲ့အချိန်မှာ စိတ်ထွက်‌ပေါက်လည်းဖြစ်‌စေ တာ‌ပေါ့” ဟု‌ကေအိုင်စီသို့‌ပြောသည်။

Photo: CIT

ယခုပြုလုပ်‌ပေးသည့် အစီအစဉ်တွင် မယ်လ ဒုက္ခသည်စခန်းတွင်ရှိ မည်သူမဆို အသက်အရွယ် လူမျိုး ဘာသာ မ‌ရွေးပါဝင်ယှဉ်ပြိုင်နိုင်ပြီး ယ‌နေ့ ‌မေလ ၁ရက်မှ စတင်‌ရေးဆွဲကာ ‌မေလ ၁၈ရက်‌နေ့‌နောက်ဆုံးထား၍ စခန်း သတင်းအဖွဲ့(CIT)သို့ သွား‌ရောက်အပ်နှံရမည်ဖြစ်သည်။ ‌မေလ ၂၁ရက်‌နေ့တွင် ဆုရရှိသူကို ဆက်သွယ် အသိ‌ပေးသွားမည်ဖြစ်‌ကြောင်း TBCက ‌ကြေငြာစာ၌ ဆိုသည်။

အဆိုပါ ပြိုင်ပွဲဝင်‌ကြေငြာစာ၌ ပြိုင်ပွဲများအ‌နေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များကို ‌ဖော်ပြထားပြီး စခန်း သတင်းအဖွဲ့(CIT) ရုံးတွင် လိုအပ်သည့် ပုံဆွဲစာရွက်များကိုရယူနိုင်သည်။ CIT အ‌နေဖြင့်လည်း စခန်းတစ်ခု လုံးကို လိုက်လံ အသိ‌ပေးနှိုး‌ဆော်သွားမည်ဖြစ်သလို ပြိုင်ပွဲဝင်ဆုအတွက် TBC တာဝန်ရှိသူ (၅)ဦးမှ ဆုံးဖြတ် သွားမည်ဖြစ်ကာ ပထမဆု ဘတ် ၁၅၀၀၊ ဒုတိယဆု ဘတ် ၁၀၀ဝနှင့် တတိယဆု ဘတ် ၅၀ဝ ‌ပေးအပ် သွားမည်ဖြစ်သည်။