

2175

‌မေလ ၂၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း‌တွေ့ရှိရသည့် မ‌လေးရှားပြန် Covid-19 Positive ၂ ဦးနှင့်ထိ‌တွေ့မိသည်ဟု ယူဆရ သည့်အတွက် လက်ရှိ ဖားအံမြို့ အမှတ် ၈ ရပ်ကွက် မိုးကုတ်ဝိပဿနာ Quarantine Center တွင် အသွား အလာ‌စောင့်ကြပ်ကြည့်ခံ‌နေရသူ ၂၃ ဦး၏ ‌ဆေးစစ်ချက်အ‌ဖြေတွင် ‌ရောဂါးပိုးမ‌တွေ့ရှိ‌ကြောင်း သိရသည်။

မ‌လေးရှားနိုင်ငံမှတစ်ဆင့် ကရင်ပြည်နယ်သို့ ‌နေရပ်ပြန်လာသူများကို ကြိုဆို‌ခေါ်‌ဆောင်ရာတွင် ပါဝင်သည့်မြို့ နယ်ရဲတပ်ဖွဲ့ဝင်များ၊ ‌ထွေအုပ်ဝန်ထမ်းအပြင် လျှပ်စစ်ဝန်ထမ်းနှင့် ‌စေတနာ့ဝန်ထမ်းစသည့် ထိ‌တွေ့မှုရှိနိုင် သူများကို ‌မေလ ၁၉ ရက်‌နေ့မှစတင်ကာ မိုးကုတ်ဝိပဿနာ Quarantine Center တွင် ထားရှိပြီး အသွား အလာကန့် သတ်‌စောင့်ကြပ်ကြည့်ရှုမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“လုပ်ထုံးလုပ်နည်းအရ သူတို့လည်း ထိ‌တွေ့မှုရှိနိုင်တယ်ဆိုပြီး စစ်တဲ့အခါကျ‌တော့ သူတို့လည်း Negative ဖြစ်တဲ့အခါကျ‌တော့ ဝမ်းသာစရာ‌ပေါ့။ Negative ဖြစ်တယ်ဆို‌ပေမယ့်လည်း ဆက်ထားထား‌သေးတယ်။ ထိ‌တွေ့ခဲ့တယ်ဆိုလို့ ထပ်ပြီးစစ်ဖို့လည်းလိုအုံးမယ်။ ဒုတိယအကြိမ် ထပ်စစ်ရင်စစ်ရမှာ‌ပေါ့။ မလိုအပ် ‌တော့ရင် လည်း မစစ်‌တော့ဘူး‌ပေါ့။ တကယ်‌တော့ သူတို့‌တွေက ‌ရောဂါသည်‌တွေ မဟုတ်ကြဘူး။ အားလုံး ကျန်းမာ‌ရေး ‌ကောင်းမွန်ပါတယ်”ဟု ပြည်နယ်ကျန်းမာ‌ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

‌ရောဂါပိုးမ‌တွေ့ရှိ‌သော်လည်း လက်ရှိ ဖားအံမြို့ အမှတ် ၈ ရပ်ကွက် မိုးကုတ်ဝိပဿနာ Quarantine Center တွင် ဆက်လက်ပြီး အသွားအလာကန့်သတ်‌စောင့်ကြည့်ခံ‌နေရသူများမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲတပ်ဖွဲ့ ဝင် ၁၃ ဦး၊ ‌စေတနာ့ဝန်ထမ်း ၂ ဦး၊ ‌ထွေအုပ်ဝန်ထမ်း ၆ ဦးနှင့် လျှပ်စစ်ဝန်ထမ်း ၂ တို့ဖြစ်‌ကြောင်း သိရသည်။

မ‌လေးရှားနိုင်ငံမှ ပြီးခဲ့သည့် ‌မေလဆန်းပိုင်းက ‌လေ‌ကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်‌ရောက်ရှိ လာသည့် ကရင်ပြည်နယ်‌နေ ၁၆ ဦးထဲမှ ၂ ဦးမှာ Covid-19 positive ‌တွေ့ရှိရသည့်အတွက် ၎င်းတို့ ၂ ဦးကို လက်ရှိ ဖားအံပြည်သူ့‌ဆေးရုံကြီးတွင် ထားရှိကာ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုများပြုလုပ်‌နေသည်ဟု သိရသည်။

ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာန၏ ‌မေလ ၂၁ ရက်‌နေ့ ထုတ်ပြန်ချက်များအရ ‌မေလ ၂ဝ ရက်‌နေ့အထိ ကရင်ပြည်နယ်အတွင်း အသွားအလာ‌စောင့်ကြပ်ကြည့်ရှုသည့်‌နေရာ အ‌ရေအတွက် ၁၄၂ ‌နေရာနှင့် အသွားအလာ‌စောင့်ကြပ်ကြည့်ရှုခံ‌နေရသူ ၆၄၇ ဦးရှိ‌ကြောင်း သိရသည်။