ဧပြီလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရသော ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၅)နှစ်အောက် ကလေးငယ်(၆၀)ဦးပါဝင်သည့် ထောင်နှင့်ချီသော စစ်ဘေး ရှောင်များသည် စစ်ရှောင်ချိန်တစ်ပတ်ကျော်ကြာမြင့်လာပြီဖြစ်၍ စားနပ်ရိက္ခာလိုအပ်လာကြောင်း ၎င်းတို့အား အကူအညီပေးနေသူထံမှ သိရသည်။
ပြီးခဲ့သည့်အပတ်က ဆွာမြို့အရှေ့ ခြမ်းတွင် ထိတွေ့တိုက်ပွဲနှင့်လေကြောင်းပစ်ခတ်မှုများဖြစ်ပွားသဖြင့်...