Home သတင်း သရုပ်‌ဆောင်မင်းရာဇာနှင့်ဇနီးဖြစ်သူအပါအဝင် ၃ ဦး ကို မြဝတီမြို့ရဲစခန်းမှတဆင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ လွှဲ‌ပြောင်းအပ်နှံ

သရုပ်‌ဆောင်မင်းရာဇာနှင့်ဇနီးဖြစ်သူအပါအဝင် ၃ ဦး ကို မြဝတီမြို့ရဲစခန်းမှတဆင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ လွှဲ‌ပြောင်းအပ်နှံ

12810
Photo: Nay Naw

ဧပြီ ၁ဝရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

အိမ်အကူမိန်းက‌လေးအ‌ပေါ် လူမဆန်သည့်လုပ်ရပ်များကျူးလွန်ခဲ့သည် ဟုဆိုကာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်ခြင်းခံထားရသည့် သရုပ်‌ဆောင်မင်းရာဇာနှင့်ဇနီးဖြစ်သူ အပါအဝင် ၃ ဦးအား ယမန်‌နေ့ ညက မြဝတီမြို့မရဲစခန်းတွင် ‌ခေတ္တထိန်းသိမ်းထားပြီး ယ‌နေ့ ဧပြီလ ၁ဝ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ လာ‌ရောက်‌ခေါ်‌ဆောင်သွား‌ကြောင်း မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၏ ‌ပြောကြားချက်အရ သိရသည်။

သရုပ်‌ဆောင်မင်းရာဇာ ဇနီးမဖူးငုံပွင့်နှင့် မင်းရာဇာ၏ တပည့်‌အောင်လွင်စိုးတို့ ၃ ဦးအား
မြဝတီမြို့၏ ‌တောင်ဘက် မိုင် ၃ဝ ခန့်အကွာရှိ ‘ဖလူး‌လေး’‌ကျေးရွာအနီး ‌သေ့ပါးလွှာရွာ “ပဒူအုံ”ဂိတ်တွင် ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော် -DKBA အမှတ် ၉၁ဝ တပ်ရင်းမှူး၊ ဒုရင်းမှူး ဗိုလ်မှူး ‌စောထူး ‌အောင်ဦးစီးသည့် တပ်ဖွဲ့မှ ဧပြီ ၉ ရက်‌နေ့ ည ၈ နာရီအချိန်ခန့်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

“မင်းရာဇာက ကျ‌နော်တို့ DKBA က အရာရှိ တစ်‌ယောက်နဲ့ ရွာသားတစ်ဦးဆီ ဆက်သွယ်လာတယ်ဗျ၊ သူမြဝ တီကို ‌ရောက်ရှိ‌နေပြီး‌တွေ့ချင်တဲ့အ‌ကြောင်း အဲဒါလမ်းမသိလို့ ဘယ်လိုလာရမလဲ‌ပေါ့။ အဲဒါနဲ့ သူဆက် သွယ်လာ တဲ့အရာရှိက ကျ‌နော်တို့ ၉၁ဝ တပ်ရင်းမှူးကို သတင်းပို့လိုက်ပြီး သူ့ကိုလာခဲ့ဖို့လမ်းညွှန်‌ပေးလိုက်တယ်။ အဲဒီ လမ်းညွှန်တဲ့အတိုင်း ဖလူး‌ကျေးရွာအနီး’သစ်ပါးလွှာ’‌ကျေးရွာကို သူ့ကား‌ရောက်ရှိလာတဲ့အခါမှာ သူ့ကို ၉၁ဝ တပ် ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စောထူး‌အောင်နဲ့တပ်ဖွဲ့ဝင်များက ‘ပဒူအုံ’ ဂိတ်မှာဖမ်းဆီးလိုက်
တာဖြစ်ပါတယ်”ဟု DKBA မှ ဗိုလ်မှူး ‌စောစိုးမြင့်က ‌ပြောသည်။

ထိုသို့ မြဝတီမြို့၏ ‌တောင်ဘက် မိုင် ၃ဝ ခန့်အကွာ DKBA ထိန်းချုပ်နယ်‌မြေ ဖလူး‌လေး‌ကျေးရွာ ‌ကျောက်ခတ် စခန်းတွင် ထိန်းသိမ်းထား‌သော သရုပ်‌ဆောင်မင်းရာဇာနှင့်ဇနီးအပါအဝင် ၃ ဦးအား DKBA တပ်ဖွဲ့မှ ဗိုလ်မှူး ‌စောစိုးမြင့် ဦးစီး‌သော တပ်ဖွဲ့ဝင်များမှ ဧပြီလ ၉ ရက်၊ ည ၉ နာရီ ၃ဝမိနစ် အချိန်ခန့်တွင် သွား‌ရောက်‌ခေါ် ‌ဆောင်ခဲ့ပြီး ည ၁၂ နာရီ ၃ဝ မိနစ် အချိန်ခန့်တွင် မြဝတီမြို့မ ရဲစခန်းသို့ လွှဲ‌ပြောင်းအပ်နှံခဲ့သည်။

“သရုပ်‌ဆောင် မင်းရာဇာဆိုတာက အိမ်‌ဖော်မ‌လေးတစ်‌ယောက်နဲ့ ‌ဖောက်ပြန်ပြီး လူမဆန်တဲ့လုပ်ရပ်‌တွေပြုမူခဲ့တဲ့ သတင်း‌တွေကို လူမှုကွန်ယက်ကတဆင့် ကြားသိ‌နေရပါတယ်။ ဒီလိုလူမဆန်တဲ့လုပ်ရပ်‌တွေ လုပ်ခဲ့တဲ့အတွက် ကျ‌နော်တို့ တပ်ဖွဲ့ဝင်‌တွေအ‌နေနဲ့ သူ့ကိုလက်မခံဘူး။ ဒါ‌ကြောင့် ကျ‌နော်တို့ နယ်‌မြေထဲကို ‌ရောက်လာတဲ့အခါ ‌စောင့်ကြည့်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်” လို့ DKBA မှ ဗိုလ်မှူး‌စောစိုးမြင့် က ဆက်‌ပြောသည်။

အဆိုပါ မြဝတီမြို့မ ရဲစခန်းတွင် ‌ခေတ္တထိန်းသိမ်းထား‌သော ရန်ကုန်တိုင်း‌ဒေသကြီး၊ တာ‌မွေမြို့နယ်၊ မလွှကုန်း ‌ဌေးကြွယ်(က)ရပ်ကွက်‌နေ သရုပ်‌ဆောင် မင်းရာဇာ(ခ)မင်းကိုကို (၃၉)နှစ်၊ မင်းရာဇာ၏ဇနီး မဖူးငုံပွင့်(ခ) ဖူးဖူး (၃၂)နှစ်နှင့် ရန်ကုန်တိုင်း‌ဒေသကြီး လှိုင်မြို့နယ်၊ (၁၃) ရပ်ကွက်၊ သီရိမြိုင် ၄ လမ်း‌နေ မင်းရာဇာ၏ တပည့် ‌အောင်လွင် စိုး(၂၈)နှစ်တို့အား ရန်ကုန်တိုင်း ‌ရွှေ‌ပေါက္ကံနယ်‌မြေရဲစခန်းမှ (ပ) ၅၀၅/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၃၂၆/၃၅၄/၁၁၄ ဖြင့် လည်း‌ကောင်း၊ တာ‌မွေမြို့နယ် ရဲစခန်းမှ (ပ)၈၀၈/၂၀၂ဝ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တို့ဖြင့် အမှုဖွင့်ခြင်းခံထားရ၍ ယ‌နေ့ နံနက်ပိုင်းတွင် ၎င်းအမှုမှ အလိုရှိ‌နေသူ ၃ ဦးအား ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှ လာ‌ရောက်‌ခေါ်‌ဆောင်သွား‌ကြောင်း သိရသည်။