Home သတင်း လူမျိုးနှင့် ‌ဒေသစွဲမထားဘဲ ကျန်းမာ‌ရေး အသိ‌ပေးညွှန်ကြားချက်များကို လိုက်နာကြရန် KNU တိုက်တွန်း

လူမျိုးနှင့် ‌ဒေသစွဲမထားဘဲ ကျန်းမာ‌ရေး အသိ‌ပေးညွှန်ကြားချက်များကို လိုက်နာကြရန် KNU တိုက်တွန်း

4588

ဧပြီ ၁ဝ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ ‌စောမြတ်ဦးသာ

နိုင်ငံအတွင်း COVID-19 ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်‌ရောဂါ ဖြစ်ပွား‌နေသည့်အ‌ပေါ် လူမျိုးနှင့် ‌ဒေသစွဲမထားကြဘဲ သက်ဆိုင်ရာ ကျန်းမာ‌ရေးဌာနများ၏ အသိ‌ပေးညွှန်ကြားချက်များကို အ‌လေးထားလိုက်နာ‌ဆောင်ရွက်ကြရန် ဧပြီ ၉ ရက်‌နေ့က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် KNU-ကရင်အမျိုးသားအစည်းအရုံး၏ မွန်-ကရင်ပူးတွဲအုပ်ချုပ်‌ရေးနယ်‌မြေက အသိ‌ပေးစာ ထုတ်ပြန် လိုက်သည်ဟု သိရသည်။

ပြည်ပမှပြန်လာသူများ သက်ဆိုင်ရာကျန်းမာ‌ရေးဝန်ထမ်းများ၏ သတ်မှတ်ညွှန်ကြားချက်များအ‌ပေါ် လိုက်နာ‌နေထိုင်သွားရန်နှင့် အခက်အခဲရှိလာပါက မွန်-ကရင်ပူးတွဲ အုပ်ချုပ်‌ရေးနယ်‌မြေအတွင်းရှိ နီးစပ်ရာဂိတ်စခန်းများတွင် အကူအညီ ‌တောင်းခံနိုင် သည်ဟု ၎င်းတို့၏ အသိ‌ပေးထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

KNU ဒူးပလာယာခရိုင် ဝင်း‌ရေးမြို့နယ် မွန်-ကရင်ပူးတွဲအုပ်ချုပ်‌ရေးနယ်‌မြေ ဥက္ကဋ္ဌ ပဒို‌စောဝါးတားတားက “ KNU ဗဟိုက ချမှတ်ထားတဲ့ ကိုဗစ်‌ရောဂါ အသိ‌ပေးလက်ကမ်းစာ‌စောင်‌တွေ ရွာ‌တွေမှာ လိုက်ကပ်ထား‌ပေးတယ်။ ရွာ‌တွေမှာ အခက်အခဲဖြစ်လာရင် ကျ‌နော်တို့ကို အချိန်မ‌ရွေး အကူအညီ‌တောင်းနိုင်တယ်‌ပေါ့‌နော်။ ဒီအချိန်မှာ မွန်‌တွေ၊ ကရင်‌တွေ ‌ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲထက် လူသားဝါဒတစ်ခုထဲနဲ့ ဒီ‌ရောဂါကြီးကို ပူး‌ပေါင်းတိုက်ဖျက်သွားဖို့ တိုက်တွန်းချင်ပါတယ်”ဟု ဧပြီ ၉ ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မွန်ပြည်သစ်ပါတီနှင့် KNU အဖွဲ့တို့ ပူးတွဲအုပ်ချုပ်သည့် ‌တောင်‌ပေါက်နယ်‌မြေများတွင် ကရင်၊ ပအိုဝ်း၊ မွန်၊ ဗမာ၊ ‌လောရှမ်းတိုင်းရင်းသားများ စု‌ပေါင်း‌နေထိုင်ကြသည့် နယ်‌မြေလည်းဖြစ်ပြီး ‌ကျေးရွာအသီးသီးတွင် ထိုင်းနိုင်ငံမှ ပြန်လာ သူ ၃၇ဝ ဦးကို သတ်မှတ်ထားသည့်‌နေရာများတွင် ‌စောင့်ကြည့်ထားရှိသည်ဟု မွန်ပြည်သစ်ပါတီထံမှသိရသည်။

“ထိုင်းနိုင်ငံ ဆူဖန်မြို့က ငါးချဉ်လုပ်ငန်းရုံမှာ လုပ်တယ်။ ရွာပြန်‌ရောက်လာတာ ၆ ရက်ရှိပြီ။ ရွာက‌ပေး‌နေတဲ့‌နေရာမှာ ‌နေရတာ အဆင်‌ပြေပါတယ်။ သမီးတို့မိသားစုများ‌တော့ ဒီမှာပဲ ကိုယ်တိုင်ချက်စားတယ်‌ပေါ့‌နော်။ တစ်ရက် ၂ ‌ခေါက်‌လောက် ဆရာမ‌တွေ ကျန်းမာ‌ရေးလာစစ်‌ပေးပါတယ်” ဟု က‌မော့ရွာ‌နေ မဟန်နီထွန်းက ‌ကေအိုင်စီ သို့‌ပြောသည်။

ပြည်ပမှ ပြန်လည်‌ရောက်ရှိလာသူများကို သတ်မှတ်ထားသည့်‌နေရာများတွင် ၁၄ ရက်ကြာ ‌နေထိုင်ရမည်ဖြစ်ပြီး သတ်မှတ် စည်းမျဉ်းများ လိုက်နာမှုမရှိသူများကို အ‌ရေးယူခံရမည်ဟု KNU ဝင်း‌ရေးမြို့နယ်က ပြီးခဲ့သည့် မတ်လ ၂၅ရက်‌နေ့က ‌ကြေညာချက် ထုတ်ပြန်ထားသည်။