Home သတင်း မီဒီယာသမားများအ‌ပေါ် အကြမ်းဖက်မှုဆိုင်ရာဥပ‌ဒေဖြင့် အမှုဖွင့် ဖမ်းဆီးအ‌ရေးယူမှုကို ပယ်ဖျက်‌ပေးရန် အတိုင်ပင်ခံနှင့် သမ္မတထံ BNI အိတ်ဖွင့်‌ပေးစာ‌ပေးပို့‌တောင်းဆို

မီဒီယာသမားများအ‌ပေါ် အကြမ်းဖက်မှုဆိုင်ရာဥပ‌ဒေဖြင့် အမှုဖွင့် ဖမ်းဆီးအ‌ရေးယူမှုကို ပယ်ဖျက်‌ပေးရန် အတိုင်ပင်ခံနှင့် သမ္မတထံ BNI အိတ်ဖွင့်‌ပေးစာ‌ပေးပို့‌တောင်းဆို

2253

ဧပြီလ ၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

ပြည်တွင်းအ‌ခြေစိုက် သတင်းမီဒီယာ သုံးခုမှ အယ်ဒီတာချုပ်များကို အကြမ်းဖက်မှုတိုက်ဖျက်‌ရေး ဥပ‌ဒေဖြင့် အမှုဖွင့် ဖမ်းဆီးခံရမှုအ‌ပေါ် ပယ်ဖျက်‌ပေးရန် နိုင်ငံတကာမြန်မာသတင်းအဖွဲ့ (Burma News International-BNI)က နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ထံ ယမန်‌နေ့ ဧပြီလ ၂ရက်‌နေ့က အိတ်ဖွင့်‌ပေးစာ‌ပေးပို့‌တောင်းဆိုခဲ့‌ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၃၀)နှင့် (၃၁)ရက်‌နေ့များက ရခိုင့်တပ်‌တော် (AA)နှင့် ဆက်သွယ်သတင်း‌ရေးသားခြင်း ‌ကြောင့် မန္တ‌လေးအ‌ခြေစိုက် Voice of Myanmar(VOM) အယ်ဒီတာချုပ် ကို‌နေမျိုးလင်း(ခ) ကို‌နေလင်းနှင့် ရခိုင်ပြည်နယ်အ‌ခြေစိုက် နိရဉ်စရာသတင်းဌာန အယ်ဒီတာချုပ် ခိုင်မြတ်‌ကျော် အပါအဝင် ရန်ကုန်အ‌ခြေစိုက် ရန်ကုန်‌ခေတ်သစ်သတင်းဌာန၏ အယ်ဒီတာချုပ် ကိုသာလွန်‌ဇောင်းထက်(ခ) ကိုလှိုင်းသစ်ဇင်‌ဝေ တို့ကို သက်ဆိုင်ရာ နယ်‌မြေရဲဌာနများမှ အမှုဖွင့် ဖမ်းဆီးအ‌ရေးယူမှုများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

BNI ၏ မူဝါဒ‌ရေးရာ‌ကော်မတီဝင် နိုင်ကိုကို‌ဇော်က “တိုင်းရင်းသား မီဒီယာ‌တွေအ‌နေနဲ့ မိမိတိုင်းရင်းသား ‌တွေကို သတင်းအမှန်‌တွေ ‌ဖော်ပြနိုင်ရန်အတွက် ရရှိတဲ့ သတင်း‌တွေကို ကျင့်ဝတ်နဲ့အညီ ဘက်မျှ‌အောင် ‌ဖော်ပြ‌ပေးခြင်းအားဖြင့် တိုင်းရင်းသား ‌ဒေသခံ‌တွေ သတင်းအမှန်သိ‌စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်‌ဝေ ထုတ်လုပ်တာဖြစ်လို့ အကျိုးများပါတယ်။ ဒါကို ထုတ်‌ဝေထုတ်လုပ်တာကို ပိတ်ပင်ခြင်းဟာ တိုင်းရင်းသား ‌ဒေသခံ‌တွေသတင်းအမှန်ရရှိခြင်းကို ထိခိုက်‌စေပြီး သံသယ‌တွေ သတင်းအမှား‌တွေ ရရှိနိုင်တာဖြစ်လို့ ထိခိုက်နစ်နာရပါတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် ဖက်ဒရယ် ဒီမိုက‌ရေစီ နိုင်ငံတည်‌ဆောက်ရာတွင် အဓိကကျသည့် စတုတ္ထမဏ္ဍိုင်ကို ချန်လှပ်ထား သလိုဖြစ်သည့်အတွက် အာဏာရှင်ဖြစ်သွားမည်ကို စိုးရိမ်မိ‌ကြောင်းလည်း နိုင်ကိုကို‌ဇော်က ဆက်‌ပြောသည်။

ယခင် မတ်လ ၂၃ ရက်‌နေ့က ပြည်ထဲ‌ရေး ဝန်ကြီးဌာနမှ ရခိုင့်တပ်‌တော် (AA)နှင့် ၎င်းအဖွဲ့၏ လက်‌အောက်ခံ အဖွဲ့များကို အက်ဥပ‌ဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (၂)ပါ အဓိပ္ပာယ် ‌ဖော်ပြချက်များနှင့်အညီ မတရားအသင်း အဖြစ် ‌သော် လည်း‌ကောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်‌ရေးဗဟိုအဖွဲ့မှ အကြမ်းဖက်မှုတိုက်ဖျက်‌ရေး ဥပ‌ဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ)အရ AAအဖွဲ့ကို အကြမ်းဖက်အုပ်စုဖြင့် ‌ကြေညာပြီး‌နောက် ၎င်းအဖွဲ့နှင့် သတင်း ဆက်သွယ်‌မေးမြန်းသည့် သတင်းမီဒီယာများအ‌ပေါ် ယခုလို ဖမ်းဆီး အ‌ရေးယူမှုများပြု လုပ်လာခဲ့ ခြင်းဖြစ်သည်။

၎င်းဖမ်းဆီးအ‌ရေးယူခံရမှုနှင့်ပတ်သက်ပြီး Free Press Myanmar ဒါရိုက်တာ မရင်ရတနာသိန်းက“အစိုးရ ရဲ့ လုပ်ရပ်က သူတို့ကိုယ်တိုင် ‌ရေးဆွဲထားတဲ့ ‌ရှေးဦးစွာ ‌ကောင်စီသို့ တိုင်ကြားရမည်ဆိုတဲ့ အဲ့ဒီသတင်းမီဒီယာ ဥပ‌ဒေကို မထီမဲ့မြင် ပြုလိုက်တာပါပဲ။ ‌နောက်တစ်ချက်က အဲ့ဒီ သတင်းမီဒီယာ ဥပ‌ဒေ‌ကြောင့် ဖြစ်‌ပေါ်လာတဲ့ သတင်းမီဒီယာ ‌ကောင်စီဝင်‌တွေကိုပါ အချိန်မ‌ရွေး ထိပါးချင်တိုင်း ထိပါးလို့ရတယ်ဆိုတဲ့ message ကို ‌ပေးလိုက်တာပါ။” ဟု ‌ကေအိုင်စီသို့ မှတ်ချက်‌ပေး‌ပြောဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ လက်ရှိ သတင်းမီဒီယာ ဥပ‌ဒေသည် ဒီမိုက‌ရေစီ စံချိန်စံညွှန်းနှင့် မကိုက်ညီ‌ကြောင်း ၊ အစိုးရကို ‌စောင့်ကြည့်ထိန်း‌ကျောင်းသည့်အလုပ်ကို မီဒီယာမှ လုပ်‌ဆောင်သလို မြန်မာအစိုးရ အ‌နေဖြင့်လည်း ဂုဏ်သိက္ခာရှိသည့် နိုင်ငံ‌ရေးသမားများဖြစ်လျှင် BNI ၏ အိတ်ဖွင့်‌ပေးစာကို သတင်းသမားများအ‌ပေါ် ‌လေးစား ခြင်းအားဖြင့် တုန့်ပြန်မည်ဖြစ်‌ကြောင်းလည်း မရင်ရတနာသိန်းက ဆက်‌ပြောသည်။

ထိုသို့ အမှုဖွင့် အ‌ရေးယူခံထားရသည့် သတင်းမီဒီယာဌာနများ၏ ဌာနရုံးအတွင်းသို့ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ တာဝန်ရှိသူများက အရပ်ဝတ်ဖြင့် ဝင်‌ရောက်ရှာ‌ဖွေမှုများပြုလုပ်ခဲ့သလို ရုံးတွင်းအသုံးပြုသည့် လက်ပ်‌တော့ ကွန်ပျူတာများကိုပါ သိမ်းဆည်းယူ‌ဆောင်သွားမှု ပြုလုပ်ခဲ့‌ကြောင်းသိရသည်။

လတ်တ‌လော သတင်းအယ်ဒီတာချုပ်များအ‌ပေါ် တရားစွဲဆို အမှုဖွင့်ထားသည့် အကြမ်းဖက်မှု တိုက်ဖျက်‌ရေး ဥပ‌ဒေ ပုဒ်မ (၅၀) (က)၊ (၅၂) (က) စသည့် ဥပ‌ဒေပုဒ်မများအရ ‌ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် နှစ်ရှည် ‌ထောင်ဒဏ်များ ကျခံရနိုင်သည့် ဥပ‌ဒေ ပုဒ်မများဖြစ်သည်။

မြန်မာနိုင်ငံတွင် မီဒီယာသမားများအား အမှုဖွင့်ခြင်း တရားစွဲဆိုခြင်းများရှိပါက ၂၀၁၄ ခုနှစ်တွင် ပြဌာန်းထားခဲ့ သည့် မီဒီယာ ဥပ‌ဒေနှင့်အညီ ဦးစွာမြန်မာသတင်းမီဒီယာ ‌ကောင်စီ(MPC)သို့ တိုင်ကြားခြင်း၊ ထိုမှတဆင့် ညှိ နှိုင်းမှုများ ‌ဆောင်ရွက်ခြင်းစသည်ဖြင့် အဆင့်ဆင့် လုပ်‌ဆောင်သင့်‌ကြောင်း သတင်းစာ ဆရာများက ဆိုသည်။

လတ်တ‌လော COVID-19 ကူးစက်မြန်‌ရောဂါ ထိန်းချုပ်ကာကွယ်‌ရေးအတွက် ပညာ‌ပေးရန် သတင်းမီဒီယာများ ၏ အခန်းကဏ္ဍသည်အ‌ရေးကြီး‌ကြောင်း၊ တိကျမှန်ကန်သည့် သတင်းအချက်အလက်များ အသိ‌ပေးမှုပညာ ‌ပေးမှု အားကြိုးမာန်တက်လုပ်‌ဆောင်‌နေသည့် မီဒီယာသမားများအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံ‌ရေးမှာ များစွာလိုအပ်‌ကြောင်း နှင့်သတင်းမီဒီယာသမားများသည် တိုင်းပြည်တွင် ရာဇဝတ်မှုကို ကျူးလွန် ‌နေကြသူများ မဟုတ်‌ကြောင်းလည်း BNI ၏ အိတ်ဖွင့်‌ပေးစာ၌ ‌ဖော်ပြပါရှိသည်။

ထို့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်မြင့်အ‌နေဖြင့် ၎င်းအမှုဖွင့် အ‌ရေး ယူခံရမှုအ‌ပေါ် အမြန်ဆုံး ရုပ်သိမ်းပယ်ဖျက်‌ပေးရန်နှင့် အလားတူ လုပ်ရပ်မျိုးဆက်လက် မဖြစ်‌ပေါ်လာ‌စေ‌ရေး အတွက် ဖက်ဒရယ် ဒီမိုက‌ရေစီနိုင်ငံသို့ လှမ်းချီ‌နေသည့် အစိုးရ တစ်ရပ်အ‌နေဖြင့် လူသားချင်း စာနာမှု အပြည့် နှင့်အတူ တားဆီး‌ပေးရန် BNIမှ ‌တောင်းဆိုခဲ့သည်။

BNI အဖွဲ့ကို မြန်မာနိုင်ငံ အ‌နောက်ဘက် နယ်စပ်‌ဒေသဖြစ်‌သော မြန်မာ-ဘဂင်္လာ‌ဒေ့ရှ်၊ မြန်မာ-အိန္ဒိယ နယ်စပ် များတွင် အ‌ခြေပြုသည့် မီဒီယာ အဖွဲ့အစည် ‌လေးခုဖြင့်သည့် Mizzima News, Narinjara News, Kaladan Press Networkနှင့် Khonumthung News တို့ဖြင့် ၂၀၀၃ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ (၁၁) ရက်‌နေ့ တွင် အိန္ဒိယ နိုင်ငံ ကလကတ္တားတွင် စတင်ထူ‌ထောင်ခဲ့ပြီး‌နောက် ထိုင်းနိုင်ငံနှင့် ထိုင်း-မြန်မာနယ်စပ် အ‌ခြေစိုက် တိုင်းရင်း သားသတင်းဌာနအဖွဲ့အစည်းများနှင့် ပြည်တွင်းအ‌ခြေစိုက် သတင်းအဖွဲ့အစည်းများဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ ပြီး လက်ရှိတွင် အဖွဲ့ဝင် (၁၆)ဖွဲ့ရှိသည်။