Home သတင်း ထိုင်းနယ်စပ်ဂိတ်မှ ပြန်လာမည့်သူများ ဧပြီ ၃ဝ ရက်‌နောက်ပိုင်းမှ ပြန်လာရန် အစိုးရ တိုက်တွန်းထား

ထိုင်းနယ်စပ်ဂိတ်မှ ပြန်လာမည့်သူများ ဧပြီ ၃ဝ ရက်‌နောက်ပိုင်းမှ ပြန်လာရန် အစိုးရ တိုက်တွန်းထား

5286
Photo: Nay Naw

ဧပြီလ ၁၂ ရက်၊ ၂၀၂ဝခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာ နယ်စပ်ဂိတ်မှတဆင့် ပြန်ဝင်လာမည့် မြန်မာနိုင်ငံသားများအ‌နေဖြင့် ယခုလ ဧပြီ ၃ဝရက်‌နေ့ ‌နောက်ပိုင်းမှ ပြန်လာကြရန် မြန်မာနိုင်ငံ၏ နိုင်ငံခြား‌ရေးဝန်ကြီးဌာနက ယမန်‌နေ့(ဧပြီ ၁၁) ရက်စွဲဖြင့် သတင်း ထုတ်ပြန် တိုက်တွန်းထားသည်။

ပြီးခဲ့သည့် မတ်လ ၃ဝရက်‌နေ့က နယ်စပ်ဂိတ်များမှတဆင့် ပြန်လည်ဝင်‌ရောက်လာမည့် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများအ‌နေဖြင့် ဧပြီလ ၁၅ရက်‌နောက်ပိုင်းပြန်လာရန် ယခင်က ကနဦးပန်ကြားထား‌သော်လည်း လတ်တ‌လော‌ရောဂါ ကူးစက်မှုနှင့် ထိန်းချုပ်‌ရေး အ‌ခြေအ‌နေများအရ ဧပြီလ ၃ဝရက်‌နေ့‌နောက်ပိုင်းမှ ပြန်လာ ရန် တိုက်တွန်းလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများအ‌နေဖြင့် ထိုင်းနိုင်ငံအစိုးရ၏ ထုတ်ပြန်ထားသည့် အ‌ရေး‌ပေါ်ဥပ‌ဒေများကို ‌လေးစားလိုက် နာ၍ နယ်စပ်ဂိတ်များမှတဆင့် မိမိ‌နေရပ်သို့ မဖြစ်မ‌နေ ပြန်လာကြရမည့်သူများအ‌နေဖြင့် အ‌ရေး‌ပေါ် အ‌ခြေအ ‌နေကာလ သတ်မှတ်ထားသည့် ဧပြီလ ၃ဝရက်‌နေ့‌နောက်ပိုင်းမှ ပြန်လာကြရန် နိုင်ငံခြားဝန်ကြီးဌာနက ဆို သည်။

ထိုင်းပြည်ထဲ‌ရေးဌာနမှ ပြီးခဲ့သည့် ဧပြီလ ၇ရက်‌နေ့က ထိုင်းနိုင်ငံအတွင်း မတ်လ ၂၆ရက်‌နေ့တွင် ဗီဇာသက် တမ်းကုန်ဆုံးသွားကြသည့် နိုင်ငံခြားသားများအ‌နေဖြင့် ဗီဇာနှင့် ‌နေထိုင်ခွင့်ကို ယခုလ ၃ဝရက်‌နေ့အထိ အလို အ‌လျောက် တိုးမြှင့် ‌ပေးထား‌ကြောင်းနှင့် ထို့အတွက် လူဝင်မှုကြီးကြပ်‌ရေးရုံးသို့ သွား‌ရောက် သက်တမ်း တိုးရန်မလိုသလို ရက်လွန်ခ တစ်ရက်စာဘတ်(၅၀၀)ကိုပါ ‌ပေး‌ဆောင်ရန် မလို‌ကြောင်း ထုတ်ပြန်‌ကြေညာ ထားသည်။

ထို့အပြင် နယ်စပ်ဖြတ်‌ကျော်ခွင့် လက်မှတ် ကိုင်‌ဆောင်ထားသူများအ‌နေဖြင့်လည်း နယ်စပ်ဂိတ်များ ပြန်မဖွင့် မချင်း ထိုင်းနိုင်ငံအတွင်း ‌နေထိုင်ခွင့်ပြုထားမည်ဖြစ်ပြီး ပုံမှန်အ‌ခြေအ‌နေပြန်‌ရောက်ရှိ၍ နယ်စပ်ဂိတ်များ ပြန် ဖွင့်လှစ်ချိန် (၇)ရက်အတွင်း ထိုင်းနိုင်ငံအတွင်းမှ ထွက်ခွာသွားရမည်ဖြစ်‌ကြောင်းလည်း ထိုင်းအစိုးရ၏ ‌ကြေညာ ချက်၌ ပါရှိသည်။

ယခုလို ရက်‌ပြောင်းလဲမှုများ‌ကြောင့် အ‌ခြေအ‌နေအမျိုးမျိုးဖြင့် ဧပြီလ ၁၅ရက်‌နေ့ ‌နောက်ပိုင်း ပြန်လာရန် စီစဉ် ထားသည့် မြန်မာအလုပ် သမားအချို့မှာ ဆက်လက်‌နေထိုင်စား‌သောက်ရန် အခက်အခဲများ ကြုံ‌တွေ့ ‌နေရ သလို လတ်တ‌လောတွင်လည်း အလုပ်ရုံပိတ်သိမ်းခံရပြီး အလုပ်လက်မဲ့များစွာရှိ‌နေ‌ကြောင်း မြန်မာအလုပ် သမားများက ‌ပြောသည်။

စက်ရုံ အလုပ်သမ တစ်ဦးဖြစ်သူ မမျိုးက “တချို့ရုံ‌တွေက ပိတ်လိုက်တယ်၊ ပိုက်ဆံမ‌ပေးဘူး။ တချို့ကျ‌တော့ ‌ပေးတယ်။ တချို့ကျ‌တော့လည်း ပြန်မယ်ဆို‌တော့ ပြန်လို့လည်းမရဘူး‌လေ။ အခုက ၁၅ ရက်‌နေ့မှာ ပြန်ဖို့ ရုန်း ထားကြတာ‌ပေါ့။ ရုန်းထားကြ‌ပေမဲ့ ပြန်လို့လည်းမရ တစ်နယ်နဲ့တစ်နယ်က ကူးလို့လည်းမရ‌တော့ ငတ်ကြတာ ‌ပေါ့။ ကျမ အခုအလုပ်ရုံမှာဆိုလည်း ၉ ရက်ပိတ်‌ပေးတယ်။ ရှမ်း(ထိုင်း)‌တွေ အများစုရှိတယ်။ တနလင်္ာ‌နေ့ ကျရင် အလုပ်ပြန်ဆင်းလို့ရတယ်၊ တစ်ရက်ကို ၁၅ဝ ‌ပေးမယ်။ ရှမ်း‌တွေက မဆင်းလည်းပိုက်ဆံရတယ်။ ကျမတို့ ဗမာအလုပ်သမား‌တွေကျ‌တော့ ဆင်းမှ‌ပေးမယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

၎င်းအပြင် ယခင်က မြန်မာပြည်သို့ပြန်ရန် စီစဉ်ထား‌သော်လည်း စာရွက်စာတမ်း အ‌ထောက်အထားလက်မှတ် ကိစ္စ‌ကြောင့် မပြန်ဖြစ်သလို အဆိုပါ စာရွက်စာတမ်း ကိစ္စများ အဆင်‌ပြေ‌ချော‌မွေ့လျှင် ပြည်‌တော်ပြန်မည့်သူ များစွာ ရှိ‌နေ‌ကြောင်းလည်း မမျိုးက ဆက်‌ပြောသည်။

လက်ရှိ ကပ်‌ရောဂါကာလတွင် ‌နေရပ်ပြန်မြန်မာအလုပ်သမားများအ‌နေဖြင့် မိမိ‌နေရပ်သို့ပြန်လိုပါက နယ်‌ကျော် ကျန်းမာ‌ရေး ‌ဆေးစစ်ချက်များ လုပ်‌ဆောင်ရသလို ထိုင်းနိုင်ငံမှ ထွက်ခွာသွားပါကလည်း ထိုင်းနိုင်ငံအတွင်းသို့ ပြန်ဝင်လာခွင့်မရှိ‌တော့‌ကြောင်း မြန်မာပြည်သားများအ‌ရေး ပူး‌ပေါင်းလှုပ်ရှားမှု ‌ကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုး ကြိုး သတိ‌ပေး‌ပြောဆိုသည်။

၎င်းက “ထိုင်းမှာရှိ‌နေတဲ့ ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေက အလုပ်ပြုတ်တာ‌တွေ လုပ်သားအင်အား အ‌လျှော့ ချခံရတာ‌တွေ အလုပ်ပုံမှန်မရှိတဲ့သူ‌တွေနဲ့ တပ်ပျက်ပြီး‌တော့ ပြည်‌တော်ကို ပြန်ချင်ကြတယ်။ သူတို့မှာ အိမ်ခန်း ‌တွေ ပြန်အပ်ထားတာ‌တွေနဲ့ ၁၅ရက်‌နေ့ပြန်ဖို့အတွက် ကြိုစီစဉ်တာ‌တွေ ရှိတယ်။ ‌နောက်ပြီး ခရိုင်‌ကျော် သွား ရမှာ ဖြစ်တဲ့အတွက် ကျန်းမာ‌ရေး ‌ဆေးစစ်ထားတာ‌တွေ လုပ်ထားပြီးခါမှ ‌နောက် ၁၅ရက်တိုး လာ‌တော့ အကုန်လုံး အခက်အခဲကုန်တယ်။ သတိထားဖို့က ဒီကိုလာပြီး‌တော့မှ တံတားကြီးက မဖွင့်‌ပေးဘူးဆိုရင် ‌ငွေကုန်သံပြာ ဖြစ်သွားမယ်။ ‌နောက်တစ်ခုက သူတို့ မသိ‌သေးတာ ထိုင်းနိုင်ငံမှာထွက်သွား ပြီးရင် ဝင်လာ လို့ မရ‌တော့ဘူး။ အ‌ရေး‌ပေါ်ကာလ သတ်မှတ်ချက်က ရှိ‌နေတယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 ‌ရောဂါပိုးကူးစက်သူအများစုမှာ ပြည်ပနိုင်ငံမှ ပြန်‌ရောက်လာသူများနှင့် ၎င်းတို့နှင့် ထိ‌တွေ့ ‌တော်စပ်သူများမှ အများစု‌တွေ့ရပြီး လက်ရှိတွင် နယ်စပ်ဂိတ်မှ ပြန်လည်ဝင်‌ရောက်လာသူများ များပြား လွန်း‌သော‌ကြောင့် ထိန်းချုပ်ကန့်သတ်‌စောင့်ကြည့်မှု(Quarantine) ပြုလုပ်ရန် ‌နေရာထိုင်ခင်းများ တိုးချဲ့ပြန် လုပ်ရန် အချိန်လိုအပ်ခြင်းနှင့် ထပ်မံတိုးချဲ့ ပြင်ဆင်မှုများစွာ ပြုလုပ်‌နေရ‌ကြောင်း နိုင်ငံခြား‌ရေး ဝန်ကြီးဌာနက ဆိုသည်။

အလားတူ ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့ (WHO)၏ အဆိုအရ ‌ရောဂါပိုးရှိသူမှာ ‌ရောဂါလက္ခဏာမပြမီ ၂ရက်မှ ‌ရောဂါပြပြီး ၂၈ရက်‌နေ့အထိ ရှိ‌ကြောင်းနှင့် တရုတ်သု‌တေသနပြုချက်များအရ Quarantine ၂၁ ရက်‌နေ့အထိ ပြုလုပ်ရန် အကြံပြုထားချက်အရ ယခင်‌စောင့်ကြည့်ကာလ Facility Quarantine ၁၄ ရက်မှ ၂၁ရက်‌နေ့ အထိ‌ပြောင်းလဲ သတ်မှတ်လိုက်ပြီး ‌နောက်ထပ် မိမိ‌နေအိမ်တွင် သီးခြား‌နေထိုင်ခြင်း Home Quarantine ကို ၇ ရက်‌ဆောင်ရွက်သွားရန် ကျန်းမာ‌ရေး နှင့် အားကစားဝန်ကြီးဌာနက ယမန်‌နေ့က ထုတ်ပြန်ထားသည်။

ယ‌နေ့ ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ ‌နောက်ဆုံးထုတ်ပြန်ထားသည့်စားရင်းများအရ ‌စောင့်ကြည့်လူ နာ ၁,၁၀၅ ဦးနှင့် ပိုး‌တွေ့ရှိသူ ၃၈ ဦးရှိလာခဲ့ပြီး ‌သေဆုံးသူ ၃ ဦးရှိကာ ၂ဦးမှ ပြန်လည်သက်သာ‌ကောင်းမွန်သွား‌ကြောင်း သိရသည်။