Home သတင်း ဗိုလ်မှူးကြီး‌စောဆန်း‌အောင် ဦး‌ဆောင်သည့် DKBA တပ်ဖွဲ့ဝင် ၁၃ ဦး ဥပ‌ဒေ‌ဘောင်အတွင်း ဝင်‌ရောက်

ဗိုလ်မှူးကြီး‌စောဆန်း‌အောင် ဦး‌ဆောင်သည့် DKBA တပ်ဖွဲ့ဝင် ၁၃ ဦး ဥပ‌ဒေ‌ဘောင်အတွင်း ဝင်‌ရောက်

4354
Photo: Nay Naw

မတ်လ ၁၂ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌နေ‌နော်

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်‌တော် ( ခွဲထွက် DKBA အဖွဲ့)မှ ဗိုလ်မှူးကြီး ‌စောဆန်း‌အောင် ဦး ‌ဆောင်‌သော တပ်ဖွဲ့ဝင် ၁၃ ဦးသည် ယ‌နေ့ (မတ်လ ၁၂ရက်)တွင် ဥပ‌ဒေ‌ဘောင်အတွင်း ဝင်‌ရောက်ခဲ့‌ကြောင်း သိ ရသည်။

ယ‌နေ့ မွန်းလွဲ ၂နာရီ မိနစ် ၂ဝ အချိန်တွင် မြဝတီခရိုင်၊ စုကလိမြို့၊ ဆုံဆည်းမြိုင်‌ကျေးရွာရှိ ကလိုထူး‌ဘော တပ်ဖွဲ့(DKBA)ဌာနချုပ်၊ စုံနံ့သာမြိုင် ‌ကျောင်းတိုက်ဝင်းရှိခန်းမတွင် DKBA(ခွဲထွက်)အဖွဲ့မှ ဗိုလ်မှူးကြီး ‌စောဆန်း ‌အောင်ဦး‌ဆောင်၍ စုစု‌ပေါင်း တပ်ဖွဲ့ဝင်(၁၃)ဦး ဥပ‌ဒေ‌ဘောင်အတွင်းသို့ ဝင်‌ရောက်သည့် အခမ်းအနား ပြုလုပ် ကျင်းပခဲ့သည်။

အခမ်းအနားသို့ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုး‌အောင်၊ ‌ဝေါ‌လေမြိုင် အ‌ခြေချ စစ်ဗျူဟာမှူး ‌ခေတ္တဗျူဟာမှူး ဒုဗိုလ်မှူးကြီး ‌နေလင်းခိုင်၊ ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော်(DKBA)မှ စစ်ဦးစီး ဗိုလ်မှူးကြီး ‌စောဟိဒိုနှင့် တာဝန်ရှိသူများ တက်‌ရောက်ခဲ့ကြပြီး အခမ်းအနားတွင် တိုင်းမှူးကအဖွင့်အမှာစကား ‌ပြောကြားခဲ့ပြီး‌နောက် ခွဲထွက်(DKBA)အဖွဲ့မှ ဗိုလ်မှူးကြီး ‌စောဆန်း‌အောင်က ၎င်းနှင့်အဖွဲ့ဝင်များ ဥပ‌ဒေ‌ဘောင် အတွင်းသို့ ဝင်‌ရောက်ရ ခြင်းအ‌ကြောင်းရင်းနှင့် အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများအား ‌ကျေးဇူးတင်စကား ‌ပြောကြားခဲ့ သည်။

ထို‌နောက် ဗိုလ်မှူးကြီး ‌စောဆန်း‌အောင်က တိုင်းမှူးအား ၆ဝ မမ စိန်‌ပြောင်း (၁)လက် ဗုံးသီး (၃)လုံး အပါအဝင် လက်နက်ငယ် ၁၇ လက်နှင့် ခဲယမ်းများအား အပ်နှံခဲ့ပြီး တပ်မ‌တော်တာဝန်ရှိသူတစ်ဦးက ‌စောဆန်း‌အောင်နှင့် ဥပ‌ဒေ ‌ဘောင်အတွင်းဝင်‌ရောက်လာသူများအား ဆန်အိတ် ၁ဝ အိတ်၊ ‌စောင်၊ ခြင်‌ထောင်၊ အဝတ်အထည်စ သည့် ‌ထောက်ပံ့‌ရေးပစ္စည်းများကို လွှဲ‌ပြောင်း‌ပေးအပ်ခဲ့ပြီး‌နောက် တိုင်းမှူး ဦးစီးသည့် တပ်မ‌တော်နှင့် DKBA တာဝန်ရှိသူများ၊ ‌စောဆန်း‌အောင် နှင့် အဖွဲ့ဝင်များက မှတ်တမ်းဓာတ်ပုံများ စု‌ပေါင်းရိုက်ကူးကြကာ အခမ်း အနားကို မွန်းလွဲ ၂ နာရီ ၄၅မိနစ် အချိန်ခန့်တွင် ရုပ်သိမ်းခဲ့‌ကြောင်း သိရသည်။

Photo: Nay Naw

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ‌အောက်တိုဘာလ (၁၅)ရက်‌နေ့က တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့(၈)ဖွဲ့မှ ပထမအကြိမ်အဖြစ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာသ‌ဘောတူစာချုပ် (NCA)တွင် လက်မှတ် ထိုးပြီး‌နောက် (၁)နှစ်ခန့်အကြာ NCA ထိုးထားသည့် ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော်(DKBA)တပ်ဖွဲ့မှ ဗိုလ်ချုပ် ‌စော‌ကျော်သက် ဦးစီးသည့်တပ်ဖွဲ့ဝင်များက ခွဲထွက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ခွဲထွက်DKBAအဖွဲ့နှင့် တပ်မ‌တော်တို့အကြား ၂၀၁၆ စက်တင်ဘာလတွင် မြဝတီ-‌ကောကရိတ် အာရှ လမ်းတိုက်ပွဲ၊ ၎င်း‌နောက် မြိုင်ကြီးငူ‌ဒေသ မဲသ‌ဝေါတိုက်ပွဲအပါအဝင် ထိ‌တွေ့မှု တိုက်ပွဲ‌ပေါင်း အကြိမ်(၄၀)‌ကျော် ဖြစ်ပွားခဲ့ပြီး‌နောက် ယခုအခါ ယင်းတပ်ဖွဲ့မှ ဗိုလ်မှူးကြီး ‌စောဆန်း‌အောင် ဦး‌ဆောင်၍ တပ်ဖွဲ့ဝင် (၁၃) ဦးမှာ တပ်မ ‌တော်ထံလက်နက်အပ်နှံ၍ ဥပ‌ဒေ‌ဘောင်အတွင်း ဝင်‌ရောက်လာကြခြင်းဖြစ်‌ကြောင်း သိရသည်။