Home သတင်း ‌နေရပ်ပြန် အလုပ်သမားများကို ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ မြဝတီနယ်စပ်တွင် ကျန်းမာ‌ရေး စစ်‌ဆေးခြင်း များ ပြုလုပ်

‌နေရပ်ပြန် အလုပ်သမားများကို ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ မြဝတီနယ်စပ်တွင် ကျန်းမာ‌ရေး စစ်‌ဆေးခြင်း များ ပြုလုပ်

3774
Photo: Nay Naw

မတ်လ ၁၁ ရက်၊ ၂၀၂ဝခုနှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အမှတ်(၁)ချစ်ကြည်‌ရေးတံတားတွင် ထိုင်းနိုင်ငံမှ ‌နေရပ်ပြန်မြန် မာ‌ရွှေ့‌ပြောင်း လုပ်သားများအား ကိုရိုနာဗိုင်း ရပ်စ်နှင့်ပတ်သက်၍ ကျန်းမာ‌ရေးစစ်‌ဆေးခြင်းများကို ကြပ်မတ် ‌ဆောင်ရွက်‌နေ‌ကြောင်း သိရသည်။

သကြင်္န်ကာလ မတိုုင်မီ‌နေရပ်ပြန်သူများနှင့် ပတ်စပို့စ်သက်တမ်းကုန်ဆုံး ‌တော့မည်ဖြစ်၍ MoU စနစ်ဖြင့် စာချုပ် ပြန်လည်ချုပ်ဆိုသူများ စသည်ဖြင့် ထိုင်းနိုင်ငံမှ ‌နေရပ်ပြန် မြန်မာ‌ရွှေ့‌ပြောင်းလုပ်သား (၁,၀၀၀)နီးပါးခန့် မြဝတီ-မဲ‌ဆောက် အမှတ်(၁)ချစ်ကြည်‌ရေးတံတားမှတဆင့် ယခုရက်ပိုင်းအတွင်း ‌နေ့စဉ် ပြန်လာ‌နေကြရာတွင် အပူချိန် တိုင်းကိရိယာများနှင့် အခြားကျန်းမာ‌ရေး စစ်‌ဆေးမှုများကို မြဝတီခရိုင်ကျန်းမာ‌ရေးဦးစီးဌာနက ကြပ်မတ်စစ်‌ဆေး လျက်ရှိ‌ကြောင်း သိရသည်။

“ကျမတို့ မြဝတီခရိုင်ကျန်းမာ‌ရေးဦးစီးဌာန ဝန်ထမ်းများအ‌နေဖြင့် ထိုင်း-မြန်မာ အမှတ်(၁) ချစ်ကြည်‌ရေး တံတားမှာ နှစ်‌နေရာခွဲပြီး ‌နေ့စဉ် ဝင်ထွက်သွားလာသူများကို ကျန်းမာ‌ရေးစစ်‌ဆေးမှုများ ‌ဆောင်ရွက်‌နေပါတယ်။ အဓိကအားဖြင့် တဖက်ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီး ပြည်တွင်းသို့ ပြန်လာတဲ့ မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားများနှင့် နိုင်ငံခြားသားများကို နှစ်‌နေရာခွဲပြီး အပူချိန်တိုင်းကိရိယာများနှင့် အခြားကျန်းမာ‌ရေး စစ်‌ဆေးမှုများ ‌နေ့စဉ်‌ဆောင် ရွက်‌နေပါတယ်”ဟု ယ‌နေ့ မတ်လ ၁၁ ရက်‌နေ့က တံတားတွင်တာဝန်ကျသည့် ကျန်းမာ‌ရေးဝန်ထမ်းတစ်ဦးက ‌ပြောသည်။

ယခုလို စစ်‌ဆေးရာတွင် အပူချိန်မြင့်မားပြီး နှာရည်ယို‌ချောင်းဆိုးကာ လည်‌ချောင်းနာ၍ အသက်ရှူခက်‌နေသည့် ‌ရောဂါလက္ခဏာများ ‌တွေ့ရှိပါက မြဝတီခရိုင်ပြည်သူ့‌ဆေးရုံသို့ ပို့‌ဆောင်ပြီး အဆင့်ဆင့် ကျန်းမာ‌ရေးစစ် ‌ဆေးမှုများ ပြုလုပ်သွားမည်ဟု ၎င်းက ဆက်‌ပြောသည်။

Photo: Nay Naw

ပြီးခဲ့သည့် မတ်လ ၉ ရက်‌နေ့က ကရင်ပြည်နယ် COVID-19 ‌စောင့်ကြပ်ကြည့်ရှူမှုနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ရာ၌ ထိုင်းနိုင်ငံ၊ ဘန်‌ကောက် မြို့တွင် ပညာသင်ကြား‌နေ‌သော အသက် (၁၈) နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် ဖားအံ မြို့သို့ ပြန်လည်‌ရောက်ရှိလာခဲ့ပြီး ဖျားခြင်း၊ ‌ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် မတ်လ ၈ ရက်‌နေ့တွင် ဘားအံမြို့နယ် ပြည်သူ့ ‌ဆေးရုံသို့ လာ‌ရောက်ပြသခဲ့ရာ ၎င်းအား ‌စောင့်ကြည့် လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိကုသမှု‌ပေးလျက်ရှိသည်။

ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာ‌ရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့‌ပေးပို့ စစ်‌ဆေးရာတွင် ၎င်း၌ပြင်း ထန်အသက်ရှူလမ်း‌ကြောင်းဆိုင်ရာ ‌ရောဂါလက္ခဏာများမ‌တွေ့ရှိရဟု ကရင်ပြည်နယ်အစိုးရအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

ယ‌နေ့ မတ်လ ၁၁ရက်‌နေ့ ‌နောက်ဆုံးသတင်းအရ ကိုရိုနာဗိုင်းရပ်စ်‌ရောဂါကူးစက်ပြန့်ပွားမှုနှင့်ပတ်သက်၍ နိုင်ငံ‌ပေါင်း ၁၁၈ နိုင်ငံတွင် ‌ရောဂါပိုးကူးစက်သူ ၁၁၉,၂၀၉ ဦးရှိပြီး ‌သေဆုံးသူ ၄၂၉၅ ထိရှိလာ‌ကြောင်း သိရ သည်။