Home သတင်း တပ်မ‌တော်ကို မိုင်း‌ထောင်တိုက်ခိုက်မှုမဟုတ်ဟု KNU ရှင်းလင်းကာ ပြန်လည်ကန့်ကွက်

တပ်မ‌တော်ကို မိုင်း‌ထောင်တိုက်ခိုက်မှုမဟုတ်ဟု KNU ရှင်းလင်းကာ ပြန်လည်ကန့်ကွက်

3642

‌ဖေ‌ဖော်ဝါရီ ၄ ရက်၊ ၂၀၂ဝ ခုနှစ်။ စအိုင်ဆူး

KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နှင့် တပ်မဟာ(၂) နယ်‌မြေအတွင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ရက် ‌နေ့က ဖြစ်ပွားခဲ့သည့် မိုင်း‌ပေါက်ကွဲမှုဖြစ်စဉ်မှာ KNU ၏ မိုင်း‌ထောင်တိုက်ခိုက်မှုဖြစ်သည်ဟု မြန်မာတပ်မ‌တော်၏ စွပ်စွဲ‌ပြောဆိုချက် အ‌ပေါ် KNU တပ်မဟာ (၅)ဘက်က ပြန်လည်ရှင်းလင်းချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်တွင် တပ်မဟာ (၅)ဘက်က ဆွဲမိုင်းဖြင့် ‌စောင့်ဆိုင်းဆွဲခြင်း မဟုတ်ဘဲ မြန်မာ့တပ်မ‌တော်ဘက်မှ မိုင်းရှင်းလင်း ‌နေစဉ် KNU ‌ထောင်ထားသည့် ကားမိုင်းကို ရှာ‌ဖွေ‌တွေ့ရှိ၍ ‌ဖောက်ခွဲပစ်ခြင်းသာဖြစ်ပြီး တပ်မ‌တော်က စွပ်စွဲသကဲ့သို့ ‌ရှော့ခ် တိုက် တိုက်ခိုက်ခြင်း မဟုတ်‌ကြောင်း ယမန်‌နေ့ (‌ဖေ‌ဖော်ဝါရီ ၃ရက်)က ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့လိပ်မူ၍ ‌ပေးပို့သည့် ပြန်လည်ရှင်းလင်းခြင်းနှင့် ပြန်လည်ကန့်ကွက် ခြင်းစာတွင် ‌ဖော်ပြထားသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ‌ကေအဲန်ယူ မူတ‌ရော်(ဖာပွန်)ခရိုင်ဥက္ကဋ္ဌ ‌စောထဲဒယ်က “သူတို့(တပ်မ‌တော်) စွပ်စွဲ‌ပြောဆိုတာက KNLA တပ်သား‌တွေက သွားပြီး မိုင်း‌ထောင်တိုက်ခိုက်တာ‌ပေါ့။ ပြန်လည်စိစစ်ကြည့်‌တော့ KNLA က သွားပြီးတိုက်ခိုက်တာ မဟုတ်ဘူး။ အရင်ကတည်းက ‌ထောင်ထားတဲ့ မိုင်း‌တွေဖြစ်တယ်။ သူတို့ သွားရှင်းလင်းတဲ့အခါ ထိမိ‌တော့ ‌ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသွားကြတာပဲဖြစ်တယ်။” ဟု ယ‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ဖြစ်စဉ်အ‌ပေါ် ‌ကေအဲန်ယူဘက်မှ မိုင်း‌ထောင်တိုက်ခိုက်ခြင်းမျိုးဖြင့် အမှားကျူးလွန်သည့်ပုံစံဖြစ်‌အောင် တပ်မ‌တော် ဘက်က သတင်းထုတ်ပြန်ခြင်းမျိုးသာဖြစ်သည်ဟု ပဒို‌စောထဲဒယ်က ဆက်‌ပြောသည်။

ထို့အပြင် မြန်မာ့တပ်မ‌တော်အတွက် တပ်ရိက္ခာပို့‌ဆောင်ခြင်းနှင့် တပ်သားပို့‌ဆောင်ခြင်းအတွက် နယ်‌မြေ သတ်မှတ်ထားပြီး သားဖြစ်ပြီး သတ်မှတ်ထား‌သော ‌နေရာကို‌ကျော်လွန်လျှင် ‌ဒေသခံ လူထုများနှင့် နယ်‌မြေလုံခြုံ‌ရေး စိုးရိမ်မှုအတွက် မိုင်း‌ထောင်ကာ ကွယ်ထားမှုမျိုးရှိ၍ နယ်‌မြေ‌ကျော်လွန်လာလျှင် မိုင်းဖြစ်စဉ်များနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်လာနိုင် ‌ကြောင်းလည်း KNU ဘက်က ‌ပြောသည်။

မြန်မာ့တပ်မ‌တော်၏ ဇန်နဝါရီလ ၂၉ရက်‌နေ့က သတင်းထုတ်ပြန်ချက်အရ ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့နယ်နှင့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း ‌ဒေသဖွံ့ဖြိုး‌ရေးအ‌ထောက်အကူပြုနိုင်သည့် လမ်းများ‌ပေါ်‌ပေါက်လာ‌စေ‌ရေး လမ်း‌ဖောက်လုပ်ပြင်ပြု‌ပေး‌သော တပ်မ‌တော် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ တပ်ရိက္ခာများပို့‌ဆောင်‌ပေးစဉ် တပ်မ ‌တော်ယာဉ်တန်းကို ‌ကေအဲန်ယူဘက်မှ ‌ဒေသန္တရ ကားမိုင်းတစ်လုံးဖြင့် မိုင်း‌ထောင်‌ဖောက်ခွဲခဲ့‌ကြောင်း ထုတ်ပြန် ‌ပြောဆိုခဲ့သည်။

အဆိုပါ မိုင်း‌ထောင်‌ဖောက်ခွဲခြင်း‌ကြောင့် ‌မော်‌တော်ယာဉ်တစ်စီးနှင့် ဆန်အိတ်များ ပျက်စီးဆုံးရှုံးခဲ့ရ‌ကြောင်း၊ တပ်မ‌တော်မှ လမ်း ပြင်ဆင်ထိန်းသိမ်းခြင်း စတင်‌ဆောင်ရွက်ခဲ့သည့် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်မှ ယ‌နေ့အထိ ‌ကျောက်ကြီးမြို့ နယ်နှင့် ဖာပွန် မြို့နယ်အတွင်း လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များအတွက် အုပ်ချုပ်မှုလုပ်ငန်းများနှင့် စားနပ်ရိက္ခာပို့‌ဆောင်သည့် ယာဉ် တန်းများအား ‌ကေအဲန်ယူအဖွဲ့မှ မိုင်း‌ထောင်‌ဖောက်ခွဲ တိုက်ခိုက်မှု ၃ ကြိမ်၊ ထိ‌တွေ့တိုက်ခိုက်မှု ၆ကြိမ်၊ မိုင်းနင်း/မိုင်းကွဲမှု ၆ကြိမ်ရှိသည့်အပြင် လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များက ‌ဒေသန္တရ မိုင်းများ ‌ဖော်ထုတ်သိမ်းဆည်းနိုင်မှု ၈ကြိမ်ရှိခဲ့‌ကြောင်းလည်း တပ်မ‌တော်ကာကွယ်‌ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

‌ကေအဲန်ယူ၏ ကန့်ကွက်စာ‌ပေးပို့မှုနှင့်ပတ်သက်ပြီး ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ‌ပြောခွင့်ရ ဗိုလ်မှူးကြီး‌ကျော်စိုးမိုး အား ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာတွင် “အဲ့စာကို ကျ‌နော်မဖတ်ရ‌သေးဘူး။ စာဖတ်ပြီးရင် (ဖုန်း)ပြန်ဆက်‌ပေးမယ်”ဟု ယ‌နေ့ ‌နေ့လည်ပိုင်းတွင် ပြန်လည်‌ပြောဆိုခဲ့သည်။

ထိုသို့ KNU အဖွဲ့၏ မိုင်း‌ထောင်‌ဖောက်ခွဲမှုများအ‌ပေါ် သက်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ ‌စောင့် ကြည်‌ရေး ‌ကော်မတီ (JMC) နှင့် ပဲခူးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ လုံခြုံ‌ရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီးဌာနမှတဆင့် KNU ဗဟိုသို့ သတိ‌ပေး ကန့်ကွက်စာများ ‌ပေးပို့ထားပြီးဖြစ်‌ကြောင်းလည်း တပ်မ‌တော်ဘက်က ဆိုသည်။

ယင်းမိုင်း‌ပေါက်ကွဲမှုဖြစ်စဉ်‌ကြောင့် မြန်မာ့တပ်မ‌တော်ဘက်မှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦး မိုင်းထိမှန်‌သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ (၅)ဘက်က ‌ပြောဆို‌သော်လည်း ‌ကေအိုင်စီအ‌နေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိ‌ပေ။

‌ကျောက်ကြီးမြို့နယ်နှင့် ဖာပွန်‌ဒေသအတွင်း လမ်း‌ဖောက်လုပ်မှုများ၊ တပ်ရိက္ခာပို့‌ဆောင်မှုများနှင့်ပတ်သက်ပြီး ၂၀၁၉ခုနှစ်၊ ဒီဇင် ဘာလ ၂၇ရက်နှင့် ၂၀၂ဝ ဇန်နဝါရီလ ၁ဝရက်‌နေ့တို့တွင် ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) ဗဟိုဌာနချုပ် ကိုယ်စားလှယ်အဖွဲ့နှင့် တပ်မ‌တော် ‌တောင်ပိုင်းတိုင်း စစ်ဌာ နချုပ်(တပခ) တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း ဦး‌ဆောင်သည့် ကိုယ်စား လှယ်အဖွဲ့တို့ နှစ်ကြိမ်‌တွေ့ဆုံခဲ့ပြီးဖြစ်သည်။