Home သတင်း ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီများကိုသာမဲထည့်ရန် KNU ဗဟို‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင် တိုက် တွန်း

၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီများကိုသာမဲထည့်ရန် KNU ဗဟို‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင် တိုက် တွန်း

3647

‌ဖေ‌ဖော်ဝါရီ ၁၁ ရက်၊ ၂၀၂ဝခုနှစ်။ စအိုင်ဆူး

လာမည့် ၂၀၂ဝ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီများကိုသာ မဲထည့်သွားရန် KNU-ကရင်အမျိုးသား အစည်းအရုံး ဗဟို‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်က ဧရာဝတီတိုင်း‌ဒေသကြီး၊ ‌ကျောင်းကုန်းမြို့ နယ်၊ အ‌နောက် စု‌ကျေးရွာတွင် ယမန်‌နေ့ညက ပြုလုပ်သည့် ၇၂နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ အခမ်းအနား၏ အကြိုည အမှာ စကား‌ပြောဆိုရာတွင် တိုက်တွန်း‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “ ခင်ဗျားတို့ ၂၀၁၅ မှာ ‌မျှော်ခဲ့ပြီးပြီ။ ကျ‌နော်တို့ ကရင်‌တွေ ဘာမှဖြစ်မလာဘူး။ ၂၀၂ဝမှာ လာ‌တော့မယ် ‌ရွေး‌ကောက်ပွဲက။ ၂၀၂ဝမှာ ကျ‌နော်‌ပြောချင်တာ တစ်မျိုးသားလုံးကို ကရင်နိုင်ငံ‌ရေးပါတီ‌တွေကို KPP ကို ‌ထောက်ခံလို့ရှိရင် KPPကို မဲ‌ပေးပါ။ KNP ကိုကြိုက်ရင် KNPကို မဲ‌ပေးပါ။ တခြား ကရင်မဟုတ်တဲ့ ပါတီ‌တွေကို မဲမ‌ပေးပါနဲ့” ဟု ထိုသို့ထည့်သွင်း ‌ပြောဆိုခဲ့သည်။

၎င်းအပြင် ကရင်အမျိုးသားများအ‌နေဖြင့် မိမိကရင်အမျိုးသားကိုသာ အားကိုးလို့ရမည်ဖြစ်‌ကြောင်းနှင့် နိုင်ငံ‌ရေး ပါတီကွဲ‌နေသည့် ကရင်ပါတီများအ‌နေဖြင့်လည်း ကရင်အမျိုးသားထု၏ အကျိုးကိုသာ‌ရှေးရှု့၍ ‌ပေါင်းစည်းသွား ကြရန်လည်း တိုက်တွန်း‌ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲရလဒ်များအရ ဧရာဝတီတိုင်း‌ဒေသကြီးတွင် ကရင်ပြည်သူ့ပါတီ(KPP) နှင့် ကရင်အမျိုးသားပါတီ(KNP)ဟူ၍ ကရင်တိုင်းရင်းသားပါတီ (၂)ပါတီ အဓိက ဝင်‌ရောက် ယှဉ်ပြိုင်ခဲ့ကြ‌သော် လည်း ကရင်ကိုယ်စားလှယ်‌လောင်းတစ်ဦးတစ်‌ယောက်မျှ အနိုင်ရရှိခြင်းမရှိဘဲ လက်ရှိ အာဏာရ အမျိုးသား ဒီမိုက‌ရေစီ အဖွဲ့ချုပ်-NLD ပါတီကသာ အဓိက အနိုင်ရရှိခဲ့‌ကြောင်းသိရသည်။

အလားတူ ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်နိုင်ငံ‌ရေးပါတီ(၄)ပါတီမှလည်း ပြီးခဲ့သည့် ‌ရွေး‌ကောက်ပွဲတွင် အနိုင်ရ ရှိခြင်းမရှိခဲ့ဘဲ ကရင်နိုင်ငံ‌ရေး ပါတီများအားလုံးအနက် KPP ပါတီမှ ကရင်ပြည်နယ်၊ သံ‌တောင်ကြီး အမှတ်(၂) မဲဆန္ဒနယ်‌မြေတွင် ပါတီဝင် ‌စော‌ဂျေ‌အေဝင်းမြင့်တစ်ဦးသာ အနိုင်ရ ရှိခဲ့သည်။

လက်ရှိ အာဏာရ ပါတီ၏ တိုင်းရင်းသားလူမျိုးများအ‌ပေါ် သ‌ဘောထားနှင့် ပတ်သက်ပြီး တိုင်းရင်းသား လူမျိုး များအကြား ‌မေးခွန်ထုတ်မှုများရှိသလို လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင်လည်း တိုင်းရင်းသား ‌ဒေသများတွင် တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများသာ အဓိက အနိုင်ရရှိမည်ဖြစ်‌ကြောင်းလည်း နိုင်ငံ‌ရေးအသိုင်းအဝိုင်းမှ ထင်‌ကြေး ‌ပေး ယူဆမှုများရှိသည်။

လက်ရှိတွင် ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်နိုင်ငံ‌ရေးပါတီ (၄)ပါတီဖြင့် ပြန်လည်‌ပေါင်းစပ်ထားသည့် ကရင် အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)နှင့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)၊ ရန်ကုန်အ‌ခြေစိုက် ကရင် ပြည်သူ့ပါတီ(KPP)နှင့် ကရင်အမျိုးသားပါတီ(KNP)ဟူ၍ ကရင်နိုင်ငံ‌ရေး ပါတီ ၄ ပါတီ ရှိ‌နေသည်။