Home သတင်း ဒရုန်းယာဉ်ကိစ္စ JMC ကို ကန့်ကွက်ထား‌သော်လည်း ဆက်လက်‌ထောက်လှမ်းခံ‌နေရဆဲဟု KNU ‌ပြော

ဒရုန်းယာဉ်ကိစ္စ JMC ကို ကန့်ကွက်ထား‌သော်လည်း ဆက်လက်‌ထောက်လှမ်းခံ‌နေရဆဲဟု KNU ‌ပြော

2789
‌ကေအဲန်ယူ မူတ‌ရော်ခရိုင် ဥက္ကဋ္ဌ ပဒို‌စောထဲဒယ် - Photo: KIC

‌ဖေ‌ဖော်ဝါရီလ ၄ ရက်၊ ၂၀၂ဝခုနှစ်။ စအိုင်ဆူး

တပ်မ‌တော်ဘက်မှ ဒရုန်းယာဉ်များဖြင့် စုံစမ်း‌ထောက်လှမ်း‌နေ‌ကြောင်း သက်ဆိုင်ရာ ကရင်ပြည်နယ် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီ(JMC-S)ကို ကန့်ကွက်စာ‌ပေးပို့ထား‌သော်လည်း ဆက်လက် ‌ထောက် လှမ်းခံ‌နေရ‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅)ဘက်က ထပ်မံ‌ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်‌နေ့က ၎င်းဒရုန်းယာဉ်ကိစ္စအ‌ပေါ် JMC-Sကို ကန့်ကွက်ထား‌သော်လည်း ယခု ‌ဖေ‌ဖော် ဝါရီလ ၁ ရက်‌နေ့ည‌နေပိုင်းအချိန်ခန့်တွင် တပ်မဟာဌာနချုပ်အနီး ‌ဒေပူနို့‌ကျေးရွာရှိ စာသင်‌ကျောင်း၊ ‌ဆေးရုံ ‌ဆေးခန်း များကို လာ‌ရောက်‌ထောက်လှမ်းခဲ့‌ကြောင်း ယမန်‌နေ့ (‌ဖေ‌ဖော်ဝါရီလ ၃ရက်)က ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ‌ပေးပို့သည့် ‌ကေအဲန်ယူ တပ်မဟာ(၅)၏ ကန့်ကွက်စာ၌ ‌ဖော်ပြထားသည်။

‌ကေအဲန်ယူ မူတ‌ရော်(ဖာပွန်) ဥက္ကဋ္ဌ ပဒို ‌စောထဲဒယ်က “ပဋိပက္ခနဲ့ နှစ်ဖက်ယုံကြည်မှုပျက်ပြား‌စေနိုင်တဲ့ ဒီလိုစုံစမ်း ‌ထောက်လှမ်းမှုမျိုးမလုပ်ဖို့ JMC ကို စာပို့ပြီးကန့်ကွက်သလို သက်ဆိုင်ရာ လူကြီး‌တွေကလည်း ဒါကို သိ‌စေဖို့ အ‌ကြောင်းကြားထားခဲ့ပြီးပြီ။ ဒါ‌ပေမဲ့ ကျ‌နော်တို့ ကရင့်‌တော်လှန်‌ရေး‌နေ့လုပ်တဲ့ရက်အ‌တောအတွင်းနဲ့ ဒီ‌ဖေ‌ဖော်ဝါရီလ ဆန်းပိုင်း‌တွေမှာ ‌စေလွှတ်‌ထောက်လှမ်းတာ‌တွေကို ‌တွေ့‌နေရတုန်းပဲ” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

ထို့အပြင် တပ်မ‌တော်ဘက်မှ လူကိုယ်တိုင် လာ‌ရောက် ‌ချောင်း‌မြောင်း စုံးစမ်း‌ထောက်လှမ်းမှုများလည်းရှိ‌နေပြီး အဆိုပါ လုပ်ရပ်မျိုးများဖြင့် ‌ကေအဲန်ယူ၏ တုန့်ပြန်မှုအမှားမျိုးကို ဖန်တီးလုပ်‌ဆောင်ကာ လက်ရှိ ‌ဖော်‌ဆောင်‌နေဆဲ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အ‌ပေါ် ပျက်ပြား‌အောင် အ‌ကြောင်းရှာရန်စခြင်းမျိုးသာဖြစ်‌ကြောင်း ပဒို‌စောထဲဒယ်က ဆက်‌ပြောသည်။

အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်ပြီး JMC-S အ‌နေဖြင့် နှစ်ဖက်လက်နက်ကိုင် ကိုယ်စားလှယ်များပါဝင်သည့် တစ်လတခါ ပြုလုပ်‌သော တိုင်ကြားကန့်ကွက်စာ ရှင်းလင်း‌ဆွေး‌နွေးမှုများတွင် ထည့်သွင်း‌ဆွေး‌နွေးရှင်းလင်း ‌လေ့ရှိ‌ကြောင်း JMC-S က ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ရက်‌နေ့ ‌ပြောဆိုထားသည်။

၎င်းကိစ္စရပ်အ‌ပေါ် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ရက်‌နေ့က ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာပူး တွဲ‌စောင့် ကြည့်‌ရေး ‌ကော်မတီ (JMC-S)ရုံးသို့ ‌ပေးပို့သည့် ‌ကေအဲန်ယူ၏ ကန့်ကွက်စာတွင်လည်း ၎င်းလုပ် ရပ်များသည် တပ်မ‌တော်ဘက်က တစ်နိုင်ငံပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူ စာချုပ်(NCA) အခန်း (၃)ပါ အချက်များနှင့် နှစ်ဖက်လိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ စည်းမျဉ်းစည်း ကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များပါအချက်များ ချိုး‌ဖောက်‌ကြောင်း ပါရှိသည်။

NCA အပစ်ရပ်သ‌ဘောတူညီချက်ပါ အခန်း(၃)၊ အပိုဒ်(၅)၊ အပိုဒ်ခွဲ(က)(ခ)အရနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် (COC) အ ခန်း(၃) အပိုဒ် (၈)၊ အပိုဒ်ခွဲ (က)(ခ)အရ အပစ်ရပ်နယ်‌မြေအတွင်း တစ်ဖက်နှင့် တစ်ဖက်အကြား နယ်‌မြေစိုးမိုးမှု တပ်လှုပ် ရှားခြင်း၊ ကင်း‌ထောက်ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ မိုင်း‌ထောင်ခြင်းများ၊ အကြမ်းဖက် တိုက် ခိုက်မှုများ၊ ရုပ်ဝတ္တုပစ္စည်းများ ဖျက်ဆီးခြင်းများနှင့် ထိုးစစ်ဆင်ခြင်းကို ရပ်ဆိုင်းရန်အပြင် တစ်ဖက်နှင့်တစ်ဖက် ရန်မူသည့် (သို့မဟုတ်) ‌စော်ကားမှုဖြစ်‌စေသည့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သည့်လုပ်ရပ်များကို မပြုလုပ်ရဟု ပါရှိသည်။

ထို့အတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ရက်‌နေ့က ‌ကေအဲန်ယူ တပ်မဟာ(၅)နှင့် တပ်မဟာ(၂)အကြား‌ဒေသတွင် ဖြစ်ပွား ခဲ့‌သော မိုင်း‌ပေါက်ကွဲမှု ဖြစ်စဉ်နှင့်ပတ်သက်၍လည်း ‌ကေအဲန်ယူ တပ်မဟာ(၅)နှင့် တပ်မ‌တော်တို့အကြား အပြန်အလှန် ကန့်ကွက်စာများ‌ပေးပို့ ခဲ့ကြ‌ကြောင်းသိရသည်။