Home သတင်း တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရသည့်အထိ ချီတက်သွားရန် KNU ဗဟို‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်း တိုက်တွန်း

တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရသည့်အထိ ချီတက်သွားရန် KNU ဗဟို‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်း တိုက်တွန်း

2718

‌ဖေ‌ဖော်ဝါရီလ ၆ ရက်၊ ၂ဝ၂ဝ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်အမျိုးသားများ တန်းတူ‌ရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စုရရှိသည့်အထိ ပန်းတိုင်ကိုချီတက် သွားကြရန် ‌ဖေ‌ဖော်ဝါရီ ၅ ရက် (ယမန်‌နေ့)က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ KNU ဒူးပလာယာခရိုင်ရုံး ခန်းမ ‌ဆောင်၌ ကျင်းပသည့် ၇၃ နှစ်‌မြောက် ကရင်အမျိုးသားအစည်းအရုံး‌နေ့ အခမ်းအနားတွင် KNU ဗဟို‌ကော်မတီဝင် ပဒို‌စောသ မိန်ထွန်းက တိုက်တွန်း‌ပြောဆိုလိုက်သည်။

“ကရင်တစ်မျိုးသားလုံး စုစည်းညီညွတ်ဖို့ KNU ကိုဖွဲ့စည်းခဲ့တာပါ။ အ‌ခြေအ‌နေ‌တွေက တွန်းပို့လို့ ကရင့်‌တော်လှန်‌ရေးဆိုတာ ဖြစ်‌ပေါ်လာရတယ်။ ကရင်အမျိုးသား‌တွေအတွက် တိုးတက်ဖွံ့ဖြိုးဖို့နဲ့ စည်းလုံးညီညွတ်ဖို့ ဆက်လက်‌ဆောင်ရွက်သွားကြရမယ်။ တန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စုရရှိတဲ့အထိ ပန်းတိုင်ကို ချီတက်သွားဖို့နဲ့ အဖွဲ့နှစ်‌ပေါင်းရာ ‌ကျော်တဲ့အထိ ဆက်လက်ထိန်းသိမ်းသွားဖို့ လူငယ်‌တွေကို တိုက်တွန်းချင်တယ်”ဟု ၎င်းက တိုက်တွန်း‌ပြောဆိုသည်။

KNU အဖွဲ့အစည်းအ‌နေဖြင့် မည်သည့်အလုပ်တွင်မဆို အ‌ခြေအ‌နေ‌ပြောင်းလဲလာမှုအ‌ပေါ် ပြန်လည်သုံးသပ်မှုများ လုပ်‌ဆောင် ရမည်ဖြစ်ပြီး မိမိတို့ဖြစ်တည်လာသည့် အ‌ကြောင်းအရာနှင့် အခြားတစ်ဖက်၏ အ‌ကြောင်းအရာများကိုပါ သိရှိထားရမည်ဖြစ် သည်ဟု ပဒို‌စောသမိန်ထွန်းက ဆက်လက်‌ပြောကြားသည်။

အခမ်းအနားတွင် KNU (ဗဟို) သဝဏ်လွှာနှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၏ သဝဏ်လွှာများဖတ်ကြားခြင်း၊ KNU အဖွဲ့၏ ‌တော်လှန်‌ရေးဖြတ်သန်းလာခဲ့သည့်သမိုင်းနှင့် အပစ်အခတ်ရပ်စဲ‌ရေးကြားကာလအတွင်း ‌ဆောင်ရွက်ခဲ့သည့် နိုင်ငံ‌ရေးအ ‌ခြေအ‌နေများကို KNU တာဝန်ရှိများက ရှင်းလင်း‌ပြောကြားခဲ့ပြီး‌နောက် ဒူးပလာယာခရိုင် မြို့နယ် အသီးသီးမှ လုပ်သက် ၂၅ နှစ် အထက် တာဝန်ထမ်း‌ဆောင်ရွက်ခဲ့သည့် အဖွဲ့ဝင် ၇ဝ ‌ကျော်ကို ဂုဏ်ပြုမှတ်တမ်း‌ပေးအပ်ခြင်းများ ပြုလုပ်ခဲ့သည်။

ဂုဏ်ပြုခံရသူ ဝင်း‌ရေးမြို့နယ် ဥက္ကဋ္ဌ ပဒို‌စော‌မောင်‌ရွှေက “ကရင့်‌တော်လှန်‌ရေး မပြီးဆုံး‌သေးတဲ့ကာလမှာ ဆက်လက် တာဝန် ထမ်း‌ဆောင်ဖို့အတွက် ခွန်အား‌တွေ အများကြီးဖြစ်‌စေပါတယ်။ ကျဆုံးသွားခဲ့တဲ့ ရဲ‌ဘော်ရဲဖက်‌တွေကိုလည်း အားလုံးရှိ‌စေချင် တယ်။ ကျန်ရစ်တဲ့မိသားစုဝင်‌တွေကို တတ်နိုင်သမျှ ‌ထောက်ပံ့‌ပေးတာ‌ပေါ့‌နော်။ ပြီးခဲ့တဲ့ ကာလ‌တွေမှာ အားနည်းချက် ‌တွေပြန် ကြည့်ပြီး အားသာချက်ဖြစ်လာ‌အောင် ဆက်လက်‌ဆောင်ရွက်သွားမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU ကို ၁၉၄၇ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၅ ရက်‌နေ့တွင် ကရင်အမျိုးသားအဖွဲ့အစည်း- KNA၊ ကရင် ဗုဒ္ဓဘာသာကလျာဏယုဝ အ သင်း -BKNA၊ ကရင်လူငယ်အစည်းအရုံး -KYOနှင့် ကရင်ဗဟိုအဖွဲ့ချုပ် -KCO စသည့် ကရင်အဖွဲ့အစည်း ၄ ဖွဲ့ဖြင့် စု‌ပေါင်းဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် ကျ‌ရောက်သည့် ၇၃ နှစ်‌မြောက် ကရင်အမျိုးသားအစည်းအရုံး‌နေ့ကို သက်ဆိုင်ရာ ‌ကေအဲန်ယူ တပ်မဟာ၊ ခရိုင်အ သီးသီးတွင် ကျင်းပပြုလုပ်လျက်ရှိသည်ဟု သိရှိရသည်။

KNU-ကရင်အမျိုးသားအစည်းအရုံးသည် ၂ဝ၁၅ ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ ရက်‌နေ့တွင် တခြား‌သောတိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း ၇ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် -NCA စာချုပ်ကို သ‌ဘောတူလက်မှတ်‌ရေးထိုးခဲ့သည်။