Home သတင်း ‌မြေမြုပ်မိုင်း ရှင်းလင်း‌ရေး လုပ်ငန်းစဉ် အားနည်း‌နေဆဲဟု ‌စောင့်ကြည့်‌ရေး အဖွဲ့‌ပြော

‌မြေမြုပ်မိုင်း ရှင်းလင်း‌ရေး လုပ်ငန်းစဉ် အားနည်း‌နေဆဲဟု ‌စောင့်ကြည့်‌ရေး အဖွဲ့‌ပြော

2212

ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

မြန်မာနိုင်ငံတွင် ‌မြေမြုပ်မိုင်း ရှင်းလင်း‌ရေး လုပ်ငန်းစဉ်များ အားနည်း‌နေဆဲ ဖြစ်သည်ဟု ‌မြေမြုပ်မိုင်း ‌စောင့် ကြည့်‌ရေး အဖွဲ့(ICBL)မှ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ‌ရွှေဂုံတိုင်လမ်းမ‌ပေါ်ရှိ ‌တော်ဝင်နှင်းဆီခန်းမ၌ ဒီဇင်ဘာ ၁၉ ရက်၊ နံနက် ၁ဝ နာရီခွဲတွင်ပြုလုပ်သည့် ၂၀၁၉ ခုနှစ် အစီရင်ခံစာထုတ်ပြန်ပွဲတွင် သု‌တေသီ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ် (Yeshua Moser-Puangsuwan)က ‌ပြောသည်။

၎င်းက “ ‌စောင့်ကြည့်‌ရေး အဖွဲ့များရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ မိုင်းနဲ့ ပတ်သက်ပြီး‌တော့ တားဆီး‌ရေး လုပ်ငန်းများ ထိထိ‌ရောက်‌ရောက်လုပ်‌နေခြင်းမရှိဘူးလို့ ကျ‌နော် ‌ကောက်ချက်ချပါတယ်။ ‌နောက်တစ်ခုက မြန်မာ နိုင်ငံမှာ မိုင်းရှင်းလင်း‌ရေးနဲ့ ပတ်သက်တဲ့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်း‌တွေ မရှိ‌သေးတာ ‌တွေ့ရတယ်။ မိုင်းရှိတဲ့ နယ်‌မြေကို ရှင်းလင်းပြီး‌တော့၊ မိုင်းရှင်းသွားတဲ့ ‌မြေကို ပြည်သူ‌တွေဆီပြန် လည်‌ပေးတဲ့ လုပ်ငန်းစဉ် မရှိ‌သေးတာကို ‌တွေ့ရပါတယ်” ဟု အစီရင်ခံစာနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ‌ပြောသည်။

ထို့အပြင် NCA စာချုပ်တွင် ‌မြေမြုပ်မိုင်းများကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အတူပူး‌ပေါင်း ရှင်းလင်းမည်ဟု ပါရှိ‌သော်လည်း ထိ‌ရောက်သည့် လုပ်‌ဆောင်မှုမျိုး မ‌တွေ့ရ‌သေးသလို မိုင်းများရှင်းလင်းပါက ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အ‌ပေါ် ထိ‌ရောက်မှု ပိုရှိသွားမည်ဟု မိမိယုံကြည်‌ကြောင်း ၎င်းက ‌ပြောသည်။

သို့‌သော် ပြီးခဲ့သည့် ‌အောက်တိုဘာလ အတွင်းက ကုလသမဂ္ဂလုံခြုံ‌ရေး‌ကောင်စီ အစည်းအ‌ဝေးတွင် မြန်မာ ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံတွင်မိုင်းများ ရှင်းလင်း‌နေပြီး ကရင်ပြည်နယ်အတွင်း မိုင်းနှင့် တခြား ‌ပေါက်ကွဲ ‌စေသည့် ပစ္စည်း ၃၆, ဝ၀ဝ ‌ကျော်ကို ရှင်းလင်းခဲ့ပြီးဖြစ်သည်ဟု ‌ပြောကြားခဲ့‌ကြောင်း ‌စောင့်ကြည့်‌ရေး အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

အဆိုပါ ပမာဏသည် အလွန်များပြား‌နေပြီး ကမ္ဘာတွင် မိုင်းရှင်းလင်း‌ရေး အကြီးဆုံးလုပ်‌ဆောင်ခဲ့သည့် က‌မ္ဘော ဒီးယား၊ အာဖဂန်နစ္စတန်၊ အင်ဂိုလာ သုံးနိုင်ငံ‌ပေါင်းအ‌ရေအတွက်ထက်များပြား‌နေပြီး မိုင်းရှင်းလင်း‌ရေး လုပ်ငန်းစဉ်အ‌ပေါ် မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ‌ဖော်ပြခဲ့သည်ကို မ‌တွေ့ရသည့်အတွက် ယုတ္တိရှိမှု နည်းသည်ဟု မှတ်ယူ‌ကြောင်း သု‌တေသီ ယက်စ်ဟူဟွာ မိုဆွာ-ပူအန်စူဝမ်က ဆိုသည်။

မြန်မာတွင် မိုင်းရှင်းလင်း‌ရေး လုပ်ငန်းစဉ်များ အားနည်း‌နေ‌သေး‌သော်လည်း နိုင်ငံတကာမှ မိုင်းနှင့် ပတ်သက် သည့် စစ်တမ်း‌ကောက်ယူခြင်း၊ အန္တရာယ် ‌လျှော့ချ‌ရေး ပညာ‌ပေးလုပ်ငန်းများ၊ ICRC နှင့် အခြား‌သော အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများမှ တစ်ဆင့် ထိခိုက်နစ်နာ သူများအတွက် အကူအညီ‌ပေး‌ရေး လုပ်ငန်းစဉ် အ တွက် ၂၀၁၈ ခုနှစ်တွင် အ‌မေရိကန်‌ဒေါ်လာ ၂ ,၈၇၂, ၆၀၆ ‌ပေးအပ်ခဲ့သလို ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အထိ အ‌မေရိ ကန်‌ဒေါ်လာ ၂၅ သန်း‌ကျော်‌ပေးအပ်ခဲ့ရာ နှစ်စဉ် ရန်ပုံ‌ငွေရရှိမှု တိုးလာသည်ဟု အစီရင်ခံစာတွင် ‌ဖော်ပြ ထားသည်။

ထို့အပြင် ၂၀၁၈ ခုနှစ်အတွင်း မိုင်းများ‌ကြောင့် ၇၉ ဦး‌သေဆုံးကာ ၃၅၁ ဦး ဒဏ်ရာရရှိခဲ့ပြီး စုစု‌ပေါင်း ထိခိုက် ‌သေဆုံးသူ ၄၃ဝ ဦးရှိပြီး ၂၀၁၇ ခုနှစ်ထက် ၂၀၂ ဦးတိုးလာသည်ကို ‌တွေ့ရ‌ကြောင်း၊ မြန်မာနိုင်ငံရှိ မြို့‌ပေါင်း ၉ဝ ‌ကျော်ရှိ ‌ကျေးလက်‌ဒေသများတွင် ‌မြေမြုပ်မိုင်း အန္တရာယ်ရှိ‌နေသည်ကို ‌တွေ့ရသည်ဟု အစီရင်ခံစာတွင် ‌ဖော်ပြ ထားသည်။

Landmine & Cluster Munitions Monitor အဖွဲ့အ‌နေဖြင့် မြန်မာနိုင်ငံတွင် ‌မြေမြုပ်မိုင်း အသုံးပြုမှု‌စောင့်ကြည့် ခြင်းကို ၁၉၉၉ ခုနှစ်မှ စတင်လုပ်‌ဆောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်အထိ ရရှိသည့် အချက်အလက်များအရ ‌မြေမြုပ်မိုင်း‌ကြောင့် ၆၁၆ ဦး ‌သေဆုံးကာ၊ ၃၈၈၉ ဦးဒဏ်ရာရရှိခဲ့ပြီး၊ ‌သေဆုံး၊ ဒဏ်ရာရမှု အ‌ခြေအ‌နေမသိရသူ ၁၁၈ ဦးထိရှိ‌ကြောင်း အစီရင်ခံတွင် ‌ဖော်ပြထားသည်။

‌မြေမြုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံး‌ရေးလှုံ့‌ဆော်‌ရေးအဖွဲ့ (ICBL)ကို ၁၉၉၂ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အဆိုပါ အဖွဲ့အား ငြိမ်းချမ်း‌ရေးနိုဘယ်လ်ဆု ချီးမြှင့်ခြင်းခံရသည်။ အဖွဲ့ အ‌နေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အစီရင်ခံစာကို ၁၉၉၉ ခုနှစ်မှ စတင်ထုတ်ပြန်ခဲ့‌ကြောင်း အဖွဲ့ထံမှ သိရသည်။