Home သတင်း ‌ရေမည်းနက်လာသည့် ‌ကျေးရွာများတွင် ‌နောက်ဆက်တွဲ သက်‌ရောက်မှု ပိုမိုများပြားလာဟု ‌ဒေသခံများ‌ပြော

‌ရေမည်းနက်လာသည့် ‌ကျေးရွာများတွင် ‌နောက်ဆက်တွဲ သက်‌ရောက်မှု ပိုမိုများပြားလာဟု ‌ဒေသခံများ‌ပြော

2407
၎င်းတို့‌ဒေသမှ ထွက်‌သော သားငါး၊ ပုဇွန်များကို ဝယ်ယူစားသုံးသူမရှိ‌တော့ဟု ဆိုကြသည်။ Photo_KIC

နိုဝင်ဘာ ၁၄ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ထဲတွင် ပြီးခဲ့သည့် ‌အောက်တိုဘာလဆန်းပိုင်းကတည်းက စတင်ဖြစ် ‌ပေါ်လာသည့် ‌ရေမည်းနက်လာသည့်‌ကျေးရွာများတွင် လတ်တ‌လော ‌နောက်ဆက်တွဲ အခက်အခဲနှင့် ဆိုးကျိုးသက်‌ရောက်မှုများ ပိုမိုများပြားလာ‌နေ‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

ဖားအံမြို့နယ်ထဲတွင် ‌ရေအ‌ရောင်‌ပြောင်းလာသည့် ‌ကျေးရွာများအနက် အိမ်‌ခြေ ၁၇ဝ နှင့် လူဦး‌ရေ ၁,၀၀ဝခန့် ‌နေထိုင်သည့် မရင်းကုန်း‌ကျေးရွာလည်း ပါဝင်ပြီး ယခုလို အ‌ရောင်‌ပြောင်းလာ သည့်‌ရေများ ကိုသုံးစွဲကာ ‌ရောဂါတစ်စုံတစ်ခုဖြစ်မှာကို စိုးရိမ်‌ကြောင့်ကြမှုများရှိ‌နေသည့်အတွက် ရွာရှိ မိသားစုတ ချို့မှာ ၎င်းတို့က‌လေးများကို ‌ကျောင်းထုတ်ပြီး တခြား‌ကျေးရွာများသို့ ‌ရှောင်ထွက်သွား သူများလည်း ရှိလာ‌နေပြီဟု မရင်းကုန်း‌ကျေးရွာ‌ကျောင်းတိုက် ဆရာ‌တော် ဦးဝီရိယက မိန့်ကြားသည်။

“အခုရွာမှာ ‌ကျောင်း‌နေ၊ ပညာသင်ယူ‌နေတဲ့က‌လေး‌တွေကို ‌ကျောင်းက‌နေထုတ်တာ ၁ဝ ‌ယောက် ‌ကျော်‌လောက်ရှိပြီ။ မိဘ‌တွေက သူတို့က‌လေး‌တွေရဲ့ ‌ရှေ့‌ရေးအတွက်ဆိုပြီး တခြားရွာ‌တွေမှာ ‌ခေတ္တခဏ သွား‌ရှောင်‌နေဖို့ ထွက်သွားတာ ရှိ‌နေပြီ‌ပေါ့‌နော်။”ဟု ဦးဝီရိယက မိန့်ကြားသည်။

ထို့အပြင် ကျန်းမာ‌ရေးအတွက် စိုးရိမ်မှုအပြင် စီးပွား‌ရေးနှင့် စားဝတ်‌နေ‌ရေးအတွက်လည်း တစ်စုံတစ် ရာ ရိုက်ခတ်လာ‌နေသလို အထူးသဖြင့် တံငါသည်များအ‌နေဖြင့် ၎င်းတို့‌ဒေသမှ ထွက်‌သော သားငါး၊ ပုဇွန်များကို ဝယ်ယူစားသုံးသူမရှိ‌တော့ဟု ဆိုကြသည်။

မရင်းကုန်း‌ကျေးရွာ‌ကျောင်းတိုက်ဆရာ‌တော် ဦးဝီရိယက “ပြီးခဲ့တဲ့နှစ်‌တွေကဆိုရင် ဒီရွာ‌တွေက သားငါးထွက်တယ်‌လေ။ ဒီကထွက်တဲ့ သားငါး‌တွေဆို အ‌သေ‌ရော၊ အရှင်‌ရော အားလုံးဝယ်တယ်။ ဒီ‌ရေမည်းလာတဲ့‌နောက်မှာက သားငါး‌တွေက အ‌သေ‌တွေဆိုရင် ဘယ်သူမှ မဝယ်‌တော့ဘူး။ ဆို‌တော့ ဒါကလည်းသူတို့စီးပွား‌ရေးဘက်က အခက်အခဲ စတင်ကြုံ‌တွေ့‌နေရပြီလို့ ‌ပြောလို့ရတယ်။” ဟု မိန့် ကြားသည်။

လတ်တ‌လောအချိန်တွင် ‌သောက်‌ရေသန့်များအတွက်ကို ‌စေတနာရှင် အလှူရှင်များက လာ ‌ရောက်‌ပေး‌ဝေမှုများရှိ‌သော်လည်း ထမင်းချက်ရန်နှင့် အသုံးပြုရန်အတွက်ကို ရွာထဲရှိ ‌ရေမည်း များကိုသာ အသုံးပြု‌နေရသည်ဟု ရွာသားများက ‌ပြောသည်။

မရင်းကုန်းရွာသူ ‌ဒေါ်‌အေးကြည်က“‌သောက်‌ရေကို‌တော့ သူများလာ‌ဝေတာကို‌သောက်လို့ရ‌နေတယ်။ ‌သောက်‌ရေ‌တော့လာ‌ပေးတယ်။ အဲဒါကို ထမင်းချက်ဖို့အတွက်နဲ့‌ရေချိုးဖို့အတွက်‌တော့ သုံးလို့ ဘယ်ရ မလဲ။ ‌သောက်ဖို့အတွက်ကို ထားရတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ အ‌စောပိုင်းက ယခုလို ‌ရေအ‌ရောင်‌ပြောင်းလဲလာမှု‌ကြောင့် ကရင် ပြည်နယ် ဝန်ကြီးချုပ်နန်းခင်‌ထွေးမြင့်ကိုယ်တိုင် ဦး‌ဆောင် ကွင်းဆင်းသွား‌ရောက်ကြည့်ရှုခဲ့ပြီး ၎င်းအ‌ရောင်‌ပြောင်းလာ‌သော ‌ရေများကို စစ်‌ဆေးမှု‌တွေလည်း ပြုလုပ်ခဲ့‌သေးသည်။ အဆိုပါ ‌ရေ အ‌ရောင်‌ပြောင်းလဲလာ‌နေမှုမှာ ထို‌ဒေသရှိ ဘိလပ်‌မြေစက်ရုံကို လည်ပတ်‌နေ‌သော ‌ကျောက်မီး‌သွေး‌ကြောင့်ဖြစ်သည်ဟု ‌ဒေသခံများက ယူဆ‌နေကြသည်။

ထို‌ဒေသတဝိုက်တွင် ယခင်က ‌ရေအမည်း‌ရောင် ‌ပြောင်းလဲလာမှုနှင့်ပတ်သက်၍ တစ်ကြိမ်တစ်ခါမျှ ဖြစ်‌ပေါ်ခဲ့ခြင်းမရှိသည့်အတွက် ‌ရောဂါတစ်စုံတစ်ခု ဖြစ်ပွားမှာကို ‌ဒေသခံများက စိုးရိမ်‌ကြောင့်ကြ မှုများရှိ‌နေပြီး လက်ရှိ ကြုံ‌တွေ့ရသည့်အခက်အခဲများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ လာ ‌ရောက်‌ဖြေရှင်း‌ပေးရန် ‌ဒေသခံများက လိုလား‌နေကြသည်။