Home သတင်း ဇွဲကပင်‌မြေ အခမဲ့ သင်တန်း‌ကျောင်း၏ အပတ်စဉ် ၈ ပညာသင်ဆုအတွက် ဝင်ခွင့်စာ‌မေးပွဲစတင်‌ခေါ်ယူ

ဇွဲကပင်‌မြေ အခမဲ့ သင်တန်း‌ကျောင်း၏ အပတ်စဉ် ၈ ပညာသင်ဆုအတွက် ဝင်ခွင့်စာ‌မေးပွဲစတင်‌ခေါ်ယူ

2732
ဇွဲကပင်‌မြေသင်တန်း‌ကျောင်းမှ ‌ကျောင်းသူ၊‌ကျောင်းသားများ (Photo-Zwekabin Myay Hpa An Education Project)

နိုဝင်ဘာ ၁၄ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် ဖားအံမြို့တွင် ဖွင့်လှစ်ထားသည့် ဇွဲကပင်‌မြေသင်တန်း‌ကျောင်းမှ အပတ်စဉ် ၈ အခမဲ့ပညာသင်ဆု
အတွက် ဝင်ခွင့်စာ‌မေးပွဲကိုယခုလ နိုဝင်ဘာလစ၍ စတင်‌ခေါ်ယူ‌နေပြီဟု သင်တန်း‌ကျောင်းတာဝန်ရှိသူထံမှသိရသည်။

ပညာသင်ဆုအတွက် တက်‌ရောက်သင်ယူခွင့်ရရှိရန် ဝင်ခွင့်စာ‌မေးပွဲကို ယခုလ နိုဝင်ဘာလတွင် ကရင်ပြည်နယ် ဖားအံ၊ မြဝတီ၊ ကျုံဒိုး၊ ‌ကျောက်ကြီး၊ ကြာအင်းဆိပ်ကြီးမြို့နယ်များအပြင် မွန်ပြည်နယ် ဘီးလင်းနှင့်တနသင်္ာရီတိုင်း‌ဒေသကြီး ထားဝယ်မြို့နယ်များတွင် အဂင်္လိပ်ဘာသာရပ်ဖြင့် ‌ရေး‌ဖြေစာ‌မေးပွဲပြုလုပ် ‌ပေးသွားမည်ဟု သင်တန်း‌ကျောင်း၏
လက်‌ထောက်မန်‌နေဂျာ ‌စော‌ဟေဒါအဲ့စိုးက ယမန်‌နေ့(နိုဝင်ဘာလ ၁၃ ရက်) တွင် ‌ပြောသည်။

“ ဝင်ခွင့်စာ‌မေးပွဲအတွက် ထားဝယ်မှာ ပြုလုပ်ဖို့ ကျန်‌သေးတယ်။ အသက် ၁၈ နှစ်က‌နေ ၃ဝ နှစ်အထိ‌ပေါ့‌နော်။ အဂင်္လိပ်စာ အ‌ခြေခံရှိတဲ့လူငယ်‌တွေ ဝင်ခွင့်စာ‌မေးပွဲ ‌ဖြေဆိုလို့ရပါတယ်။ သင်တန်း‌ကျောင်းက ၈ လကြာပါတယ်။ စီမံခန့်ခွဲမှု၊
အဂင်္လိပ်စာဘာသာရပ်၊ ကွန်ပျူတာ၊ ‌ခေါင်း‌ဆောင်မှု၊ ‌တွေး‌ခေါ်မှုဘာသာရပ်၊ နိုင်ငံ‌ရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်‌တွေကို သင်ကြား‌ပေးတယ်။ လူငယ်‌တွေ နိုင်ငံတကာက ပညာ‌ရေးရရှိဖို့ ရည်ရွယ်ပြီး လုပ် တာပါ ” ဟုသင်တန်း‌ကျောင်းလက်‌ထောက်မန်‌နေဂျာ ‌စော‌ဟေဒါအဲ့စိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဇွဲကပင်‌မြေသင်တန်း‌ကျောင်းမှ ဝင်ခွင့်စာ‌မေးပွဲ‌အောင်မြင်သူများကို သင်တန်းကာလ ၈ လတာအတွင်း တည်းခို‌နေထိုင်မှု၊ စားစရိတ်ကုန်ကျမှုနှင့် အခမဲ့ပညာသင်ကြားခွင့်များပါ ရရှိမည်ဖြစ်ပြီး သင်တန်းကာလပြီးဆုံးပါက ရပ်ရွာအကျိုးပြုလုပ်ငန်းများတွင် ၁ဝ လတာ ပြန်လည်လုပ်‌ဆောင်ရမည်ဖြစ်သည်ဟု သိရသည်။

ဇွဲကပင်‌မြေသင်တန်း‌ကျောင်းမှ တက်‌ရောက်‌အောင်မြင်ခဲ့သူ မွန်ပြည်နယ် ‌ရေးမြို့နယ်‌နေ ‌စော‌ဖော့ဖလို့ဝါးက “ကွန်ပျူတာကျွမ်းကျင်မှု‌တွေစီမံခန့်ခွဲမှု၊ ‌ခေါင်း‌ဆောင်မှုဘာသာရပ်‌တွေ သင်ယူတတ်‌မြောက်ခွင့်ရခဲ့တယ်။ ‌ကျောင်းစတက်တုန်းက အဂင်္လိပ်စာအားနည်း‌တော့ ဆရာ‌တွေမြင်ရင် ‌ရှောင်ခဲ့ရတယ်။ အခု‌တော့ အဂင်္လိပ်လို‌ပြောဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသွားပြီး‌ပေ့ါ‌နော်။ သင်ယူတတ်‌မြောက်ထားတဲ့ ဘာသာရပ်‌တွေနဲ့ ကိုယ့်‌ဒေသမှာ အကျိုးပြုလုပ်ငန်း‌တွေ လုပ်သွား မယ်” ဟု‌ကေအိုင်စီသို့ ‌ပြောသည်။

ဇွဲကပင်‌မြေသင်တန်း‌ကျောင်းကို ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်စဉ် သင်တန်းသူ/သား ဦး‌ရေ ၂ဝ ‌ကျော် ‌မွေးထုတ်‌ပေးလျက်ရှိသည်။ ယခုနှစ် သင်တန်းအပတ်စဉ် ၈ ပညာသင်ဆု ဝင်ခွင့်စာ‌မေးပွဲ ‌အောင်စာရင်းကို လာမည့် ဒီဇင်ဘာလ ပထမအပတ်တွင် စာ‌မေးပွဲ‌အောင်မြင်သူစာရင်း ထုတ်ပြန်‌ပေးသွားမည်ဟု သင်တန်း‌ကျောင်းတာဝန်ရှိထံမှ
သိရသည်။