ဆင်ခြင်စရာ ဘတ်ဂျက်ဘဏ္ဍာနှင့် ရိုးရာဓလေ့ပွဲတော်များ
အစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း တိုင်းဒေသအချို့တွင် ကရင်တိုင်းရင်းသားများ၏ ရိုးရာ၊ ယဉ်ကျေးမှုပွဲတော်များ ခြိမ့်ခြိမ့်သဲ ပေါ်ထွက်လာသည်။ ဒုံးပြိုင်ပွဲ၊ တိုင်းအဆင့်/ခရိုင်အဆင့် လက်ချည်ပွဲ၊ တိုင်းနှစ်သစ်ကူးပွဲတော် စသဖြင့် ကျင်းပနေသ လို ဧရာဝတီတိုင်းဒေသကြီးတွင် တိုင်းအဆင့် ကောက်သစ်စားပွဲတော်ကို အစိုးရက ကမကထပြုကာ တမူထူးခြားစွာ ကျင်းပခဲ့ ကြသည်။ ယင်းသို့ ကရင့်ရိုးရာပွဲတော်များကို အချို့ဒေသများရှိ ကရင်ရေးရာဝန်ကြီးများက ဦးဆောင်ကျင်းပရာ၌ အစိုးရဘတ် ဂျက်အချို့ သုံးစွဲကာ ကျင်းပပေးသည်ကို တွေ့ရသည်။
၂၀၁၈ ဇန်နဝါရီလ ၂၇ရက်နေ့တွင် MCC ခန်းမ၌ ရန်ကုန်တိုင်းအဆင့် ဒုံးပြိုင်ပွဲကို ငွေကျပ်သိန်း ရာနှင့်ချီ၍ အကုန်အကျခံကာ ကျင်းပခဲ့ပြီး ရန်ကုန်တွင် ပြိုင်ဒုံးများ ပေါ်ထွက်လာရေးကို ရည်ရွယ်ခဲ့ကြသည်။ သို့သော် ရည်မှန်းချက်သို့ အတိုင်းအတာ မည် မျှရောက်ရှိခဲ့သည်ကိုမူ မတွေ့ရှိရဘဲ ဖြစ်နေသည်။ ထိုနှစ် ဩဂုတ်လ ၂၈ရက်နေ့တွင် MCC ခန်းမ၌ ရန်ကုန်တိုင်းအဆင့် ချည်ဖြူ ဖွဲ့ မဂင်္လာအခမ်းအနားကို ကျင်းပပြန်သည်။ ထိုပွဲအတွက် ကျပ်သိန်းထောင်ချီ ကုန်ကျသည်ဟု နီးစပ်သူများ၏ ပြောဆိုမှုများ ရှိခဲ့ သည်။ ပွဲတော်ရည်ရွယ်ချက်သည် ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ထိန်းသိမ်းရန်ဖြစ်ရာ အမှန်စင်စစ် ရန်ကုန်တွင် လက်ချည်ပွဲ ကျင်းပနေသည်မှာ နှစ်ပေါင်း ဆယ်နှင့်ချီပြီးဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်တွင်လည်း ၂၀၁၉ ဇန်နဝါရီ ၆ရက်နေ့၌ တိုင်းအဆင့် ကောက်သစ်စား ပွဲတော် ကျင်းပပြန် သည်။ ပွဲတော်မကျင်းပမှီ ဝေဖန်သံများ ပေါ်ထွက်လာပြီး ဝိရောဓိဖြစ်မှုများလည်း ရှိခဲ့သည်။ ပွဲတော်ဟူသည် လူအများကို ပျော် ရွှင်စရာ ဖြစ်စေသလို ရိုးရာပွဲတော်ကို ဆင်နွှဲရသဖြင့် မိမိတို့၏မျိုးချစ်စိတ်ကို တိုးပွားစေသည့်နည်းတူ အခြားတစ်ဖက်တွင် ပွဲတော်များကြောင့်လည်း နိုင်ငံရေးအရ အမြတ်ထွက်သကဲ့သို့ ဖြစ်နေသည်။ ဤသည်မှာလည်း ခေတ်အဆက်ဆက် နိုင်ငံရေး ဖြစ်စဉ်များနှင့် ယှဉ်တွဲကာ ပေါ်ထွက်လာသည့် ပွဲတော်များကိုကြည့်ရင်း ဆန်းစစ်ဝေဖန် သုံးသပ်မိခြင်းပင် ဖြစ်သည်။
ယခင် စစ်တပ် အာဏာသိမ်း နဝတအစိုးရလက်ထက်တွင် အမျိုးသားအားကစားပွဲတော်၊ ကျောင်းသားအားကစားပွဲတော်၊ ရန် ကုန်မြို့တော်ဝန် မာရသွန်ပြေးပွဲများ ကျင်းပပေးခြင်းများ၊ ၂၀၁ဝ ရွေးကောက်ပွဲပြီးနောက် ဒီမိုကရေစီလမ်းကြောင်း စတင်သည့် သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ၄၄နှစ်ကြာ ဝေးကွာလာခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် ၂၀၁၃ ဒီဇင်ဘာတွင် လက်ခံကျင်းပခဲ့သည်။
ပွဲတော်များကြောင့် ခရီးသွားလုပ်ငန်း အထောက်အကူပြုခြင်း၊ လှည့်လည်သုံးစွဲငွေများကြောင့် စီးပွားရေးတွင် အပေါင်းလက္ခ ဏာအသွင်ဆောင်ခြင်းများရှိသလို ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းရခြင်း စသည်ဖြင့် ကောင်းမွန်မူများ ရှိလာသည်။ အခြားတစ်ဖက်၌လည်း အစိုးရဘတ်ဂျက်ငွေကို ပွဲတော်များတွင် ကျခံသုံးစွဲခြင်းကိုလည်း ဆင်ခြင်စရာ ဖြစ်နေသည်။ တကယ် တမ်းတွင် နှစ်သစ်ကူး၊ လက်ချည်ပွဲများကို သက်ဆိုင်ရာ အစုအဖွဲ့များက အစိုးရဘတ်ဂျက်မရလည်း သူ့နည်းသူ့ဟန်ဖြင့် အစဉ် အလာရှိစွာ လုပ်ဆောင်လေ့ရှိခဲ့သည်။
ယခုနှစ် ရန်ကုန်တိုင်း ကရင့်ရေးရာဘတ်ဂျက် ကျပ်သိန်း ၂,၅၀ဝတွင် ပွဲတော်များအတွက် ကျပ်သိန်း ၁,၈၀ဝ သုံးမည်ဟု လျာ ထားသည်။ ကရင့်ရေးရာအတွက် ဘတ်ဂျက်သည် မများပြားသော်လည်း ပွဲတော်များအတွက် သုံးပုံနှစ်ပုံခန့် သုံးစွဲခြင်းကို ဆင် ခြင်ပြီး ကရင်တိုင်းရင်းသားများ နေထိုင်ရာဒေသများ၏ လမ်းပန်း၊ ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံများနှင့် မျိုးနွယ်စု အသီးသီးအတွက် ကရင်စာပေမြှင့်တင်ရေးမှာလည်း လိုအပ်ချက်များ ရှိနေကြသည်။
အနှစ်ချုပ်ပြောရမည်ဆိုလျင် ကရင့်ရေးရာ ဘတ်ဂျက်သည် ပြည်သူ့ဘဏ္ဍာဖြစ်သည်။ ထိုဘတ်ဂျက်ဘဏ္ဍာငွေထဲက ပွဲတော်များ အတွက် သုံးစွဲခြင်းမှာ အိတ်သွန်ဖာမှောက် ဆိုသည်ထက် အတန်အသင့် ပမာဏသာ ဖြစ်သင့်သည့်အပြင် ကရင်လူမျိုးများအ တွက် ရရှိလာမည့်ရလဒ်မှာ ရေတိုထက် ရေရှည်လိုအပ်မှုကို အထောက်အကူပြုမည့် ကဏ္ဍများတွင် သုံးစွဲခြင်းမျိုး ဖြစ်စေလို သည့်အတွက် ကရင့်အရေးအရာ လုပ်ငန်းများတွင် အစိုးရ၏ဘဏ္ဍာငွေ သုံးစွဲမှုရလဒ်ကို ချင့်ချိန် ဆင်ခြင် စဉ်းစား ဆောင်ရွက်စေ လိုပါသည်။