Home သတင်း ၆၄ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ ဒုံးပြိုင်ပွဲ ၁၁ ဖွဲ့ ယှဉ်ပြိုင်မည်

၆၄ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ ဒုံးပြိုင်ပွဲ ၁၁ ဖွဲ့ ယှဉ်ပြိုင်မည်

2329

‌အောက်တိုဘာ ၁၈ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

နိုဝင်ဘာလ ၇ ‌နေ့တွင် ကျ‌ရောက်မည့် (၆၄) နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲတွင် ကရင်ပြည်နယ်ရှိ ခရိုင်၊ မြို့နယ်၊ တိုက်နယ်၊ မြို့စသည့် ကိုယ်စားပြုဒုံးအဖွဲ့ (၁၁)ဖွဲ့ယှဉ်ပြိုင်သွားမည်ဟု ဒုံး ပြိုင်ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။

ယခုနှစ်ပြိုင်ပွဲတွင် မြဝတီခရိုင်ဒုံး၊ ကြာအင်းဆိပ်ကြီး၊ ‌ကော့ကရိတ်၊ လှိုင်းဘွဲမြို့နယ် ကိုယ်စားပြုဒုံးများ၊ ဖားအံ မြို့နယ်ရှိ မြို့‌တော်ဒုံး၊ ဟိလာဖ‌လော‌ဖောင် ‌ရွှေ‌ကော့ပရံဒုံး၊ ရ‌သေ့ပျံစု‌ပေါင်းဒုံး၊ ဟိ‌မောင်းလာဒိုး နို့ပလိန်ဖိုးဒုံး၊ ဟိလာအဲဒိုး ချိတ်‌ဘောင်ဖိုးဒုံး၊ ဖိုးတ‌ခေတ် (၁) နှင့် (၂) ဒုံးအဖွဲ့များ အသီးသီးစာရင်း‌ပေးသွင်းထား‌ကြောင်း သိရ သည်။

ယခုနှစ် ဒုံးပြိုင်ပွဲများကို နိုဝင်ဘာလ ၇ ရက်မှ ၁ဝ ရက်‌နေ့ အထိ ညအချိန်၌ ယှဉ်ပြိုင်တင်ဆက်ကပြမည်ဖြစ် ‌ကြောင်းဒုံးပြိုင်ပွဲဖြစ်‌မြောက်‌ရေး ‌ကော်မတီတာဝန်ခံ ကရင်ပြည်နယ် ‌ရှေး‌ဟောင်းသု‌တေသန နှင့်ပြ တိုက်ဦးစီးဌာန ပြည်နယ်မှူး ‌စောဝင်း‌ကျော်‌ကျော်က ‌ပြောသည်။

နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ကျင်းပ‌နေကျ ပြည်နယ်‌နေ့တွင် ယခုနှစ် ကရင်ပြည်နယ်အပြင် အခြား‌သော ပြည်နယ်နှင့်တိုင်း ‌ဒေသကြီးကိုယ်စားပြု ဒုံးအဖွဲ့များ လာ‌ရောက်ယှဉ်ပြိုင်ရန် ဖိတ်‌ခေါ်မှုများပြုလုပ်ထား ‌သော် လည်း ယ‌နေ့အထိ မည်သည့် တိုင်းနှင့်ပြည်နယ်ကိုယ်စားပြုဒုံးအဖွဲ့များမှ လာ‌ရောက်စာရင်း ‌ပေးသွင်း ထားခြင်းမရှိ‌သေး‌ကြောင်းလည်း ကျင်းပ‌ရေး‌ကော်မတီထံမှ သိရသည်။

ယမန်နှစ်၊ (၆၃)နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့၊ ဒုံးအကပြိုင်ပွဲတွင် တနသင်္ာရီတိုင်း‌ဒေသကြီး ကိုယ်စားပြု ပု‌လောမြို့နယ်ဒုံးအဖွဲ့မှ ပထမဦးဆုံးအကြိမ် လာ‌ရောက်ယှဉ်ပြိုင်ခဲ့ပြီး အကြိုးစားဆုံးဆုကို ဆွတ်ခူးရရှိခဲ့သည်။

ကရင်ပြည်နယ်‌နေ့တွင် ယခင်က ဒုံးအဖွဲ့‌ပေါင်းများစွာ ယှဉ်ပြိုင်ကပြမှုများရှိခဲ့‌သော်လည်း တနှစ်ထက်တနှစ် ပြိုင်ဒုံးအ‌ရေအတွက် ‌လျော့နည်းလာ‌ကြောင်း ပြိုင်ပွဲကျင်းပ‌ရေး‌ကော်မတီတာဝန်ရှိသူများ၏ ‌ပြောပြချက်များ အရသိရပြီး ပြီးခဲ့သည့် ၆၃ နှစ်‌မြောက်ကရင်ပြည်နယ်‌နေ့တွင် ပြိုင်ပွဲဝင်ဒုံးအဖွဲ့ ၁၄ ဖွဲ့ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာမှ ယခုနှစ် ၁၁ ဖွဲ့သာကျန်ရှိ‌တော့ခြင်းဖြစ်သည်။

ယမန်နှစ်၏ ဒုံးပြိုင်ပွဲ ပထမဆုကို မုက္ကဒိ‌ကျေးရွာယဉ်‌ကျေးမှုဒုံးအဖွဲ့က ဆွတ်ခူးရရှိခဲ့ပြီး ဒုတိယနှင့် တတိယ ဆုများကို ချစ်သူမြိုင်ဥယျာဉ်ယဉ်‌ကျေးမှုဒုံးအဖွဲ့နှင့် ဖားအံမြို့‌တော် ယဉ်‌ကျေးမှုဒုံးအဖွဲ့တို့ကလည်း‌ကောင်း၊ စတုတ္ထနှင့် ပဉ်စမဆုများကို လှိုင်းဘွဲမြို့နယ် ယဉ်‌ကျေးမှုဒုံးအဖွဲ့နှင့် ‌ကော့ကရိတ်မြို့နယ် ကိုယ်စားပြု ‌ကော့ပရံ ယဉ်‌ကျေးမှုဒုံးအဖွဲ့တို့က အသီးသီး ဆွတ်ခူးသွားခဲ့ကြသည်။