Home သတင်း သိမ်းဆည်းခံ လယ်‌မြေများ ပြန်ရရှိ‌ရေး လယ်လုပ်ကိုင်သူများ ဆန္ဒထုတ်‌ဖော်ခဲ့

သိမ်းဆည်းခံ လယ်‌မြေများ ပြန်ရရှိ‌ရေး လယ်လုပ်ကိုင်သူများ ဆန္ဒထုတ်‌ဖော်ခဲ့

2350

‌အောက်တိုဘာ ၂ဝရက်၊ ၂ဝ၁၉ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့၊ ရဲသာ‌ကျေးရွာအုပ်စု၊ ‌နောင်ခရိုင်‌ကျေးရွာတွင် ပြည်ထဲ‌ရေးဌာန လက်‌အောက်ခံ အကျဉ်းဦးစီးဌာန (‌တောင်က ‌လေး)က သိမ်းဆည်းထား‌သော လယ်‌မြေပြန်လည်ရရှိ‌ရေးအတွက် မူလ လယ်လုပ်ကိုင်သူများ ဆန္ဒထုတ်‌ဖော်မှုတစ်ရပ်ကို ‌အောက်တိုဘာလ ၁၉ရက် (ယမန်‌နေ့)က ပြုလုပ်ခဲ့သည်။

ဖားအံ-‌မော်လမြိုင် ကားလမ်းမကြီး‌ဘေးရှိ ကိုကလယ်ရွာ ဘုန်းကြီး‌ကျောင်း မုဒ်ဝအနီးရှိ သိမ်းဆည်း‌မြေထဲတွင် ဦး‌ဆောင်သူ နှင့် မူလလယ်လုပ်ကိုင်သူ စုစု‌ပေါင်း ၁ဝဦး‌ကျော်က ဆန္ဒထုတ်‌ဖော်မှု ပြုလုပ်ခဲ့ကြရာ နိုင်ငံ‌တော်သမ္မတက မူလ လယ်လုပ် ကိုင်သူများကို ပြန်လည် စွန့်လွှတ်‌ပေးရန် ညွှန်ကြားမှုရှိခဲ့သည့်အ‌ပေါ် လိုက်နာ‌ဆောင်ရွက်‌ပေး‌ရေးနှင့် ‌တောင်က‌လေး အကျဉ်း ဦးစီးအ‌နေဖြင့် ၎င်းသိမ်းဆည်း‌မြေကို မူလပိုင်ရှင်များအား ပြန်လည်လုပ်ကိုင်ခွင့်ရရှိ‌စေ‌ရေးများကို ‌ကြွေး‌ကြော်ခဲ့ကြသည်။

ဆန္ဒထုတ်‌ဖော်မှု ဦး‌ဆောင်သူများ၏ ‌ပြောပြချက်အရ လယ်‌မြေ ၅၂ဧက‌ကျော်ကို ပြည်ထဲ‌ရေးဝန်ကြီးဌာန လက်‌အောက်ခံ ‌တော င်က‌လေး အကျဉ်းဦးစီးဌာနက ပြီးခဲ့သည့် ၁၉၉၈-၉၉ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး‌နောက် ၂၀၁၂-၁၃ လယ်ယာ‌မြေ ဥပ‌ဒေအရ ပုံစံ(၇) ထုတ်ပြီး မြို့နယ် ‌မြေစာရင်းဦးစီးဌာနက တစ်ခါ ထပ်သိမ်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၁၇-၂၀၁၈ တွင် ‌ပြေစာများ ထွက်လာခဲ့ပြီးဖြစ်‌သော်လည်း မူလ လယ်လုပ်ကိုင်သူများက ပြန်လုပ်ကိုင်ခွင့်မရှိ‌သေးသည့်အ တွက် ယခုကဲ့သို့ ဆန္ဒထုတ်‌ဖော်ရခြင်းဖြစ်‌ကြောင်း ဦး‌ဆောင်သူတစ်ဦးဖြစ်သည့် ၈၈ ကရင်‌ကျောင်းသားများ၏ လူမှုဖွံ့ဖြိုး‌ရေး အသင်း ဥက္ကဌဖြစ်သူ ‌စော‌မောင်ကြီးက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူက “အစိုးရ‌တွေကို ကျ‌နော်တို့‌ပြောခဲ့ပြီးပြီ။ နိုင်ငံ‌တော်နဲ့ ပြည်သူ့အကျိုးအလို့ငှါ သိမ်းဆည်းမယ်ဆိုရင် သိမ်းပါ။ သိမ်းပြီးရင် ‌တော့ ‌လျော်‌ကြေး၊ နစ်နာ‌ကြေးကို‌တော့ ‌ပေးဖို့ဆိုတာ ကျ‌နော်တို့ အားလုံး ‌ပြောခဲ့ပြီးပြီ။ အခုအချိန်အထိ ဘာမှ ပြန်မ‌ပြော‌သေး ဘူး။”ဟု ‌စော‌မောင်ကြီးက ဆိုသည်။

အဆိုပါလယ်‌မြေ ပြန်လည်လုပ်ကိုင်ခွင့်ရရှိ‌ရေးကို ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်များမှတဆင့် ပြည်နယ်အစိုးရ တာဝန်ရှိသူ များထံ ‌တောင်းဆိုမှုရှိခဲ့‌သော်လည်း လက်ရှိအချိန်ထိ မူလ လယ်လုပ်ကိုင်သူများအ‌နေဖြင့် လယ်ယာ‌မြေကို ပြန်လည် မရရှိ‌သေး ‌ကြောင်း လယ်သမားများက ‌ပြောဆို‌နေကြသည်။

မူလလယ်လုပ်ကိုင်သူ ဂါ‌ဖော့ခလိန်း(ခ) နန်းမြသွင်က “ဘာ‌ကြောင့် ကျမတို့လယ်ကို လာသိမ်းရတာလဲ။ ဒီလို အလကားသိမ်း ပြီး ကျမတို့အ‌ပေါ် ဒီလို အနိုင်ကျင့်တာ ‌ပျော်လို့လား။ မှန်တာဖြစ်‌စေ၊ မှားတာဖြစ်‌စေ ကျမတို့‌တွေ့ဆုံပြီး ညှိနှိုင်းတိုင်ပင်လို့ ရတယ်။ ‌တွေ့ခွင့်‌တောင်းတာ အကြိမ်ကြိမ်ပဲ တစ်ခါမှအ‌တွေ့မခံဘူး။ ဘာ‌ကြောင့် ကျမတို့ကို ‌ရှောင်ရတာလဲ။ ကျမတို့လိုချင်တာ က သာတူညီမျှ‌ပေါ့။ ဒါက ဒီလိုပုံစံရှိပါတယ်လို့ ညှိညှိနှိုင်းနှိုင်းနဲ့‌ပြောရင် လက်ခံနိုင်တာ‌ပေါ့။ အခုက‌တော့ ကျမတို့ လက်မခံနိုင် ‌တော့ဘူး။ လယ်ကိုပဲ ကျမတို့ပြန်လိုချင်တယ်။”ဟု ‌ပြောသည်။

ယင်းသို့ သိမ်းဆည်းခံထားသည့် လယ်‌မြေ ၅၂ဧကမှာ ဖားအံမြို့နယ်အတွင်းရှိ က‌မော့ကစင်၊ ‌နောင်ခရိုင်၊ ‌ကော့ခါးဒီးနှင့် ‌ကော့ ကူး‌ကျေးရွာများမှ လယ်သမား ၁၆ဦးက ပိုင်ဆိုင်ခဲ့ခြင်းဖြစ်‌ကြောင် ၈၈ ကရင်‌ကျောင်းသားများအဖွဲ့၏ မှတ်တမ်းအရ သိရသည်။ ထို့အပြင် ‌အောက်တိုဘာလ ၂၄ရက်‌နေ့တွင် ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ လယ်သမား ၆ဦးအတွက် လယ်‌မြေ ၁ဝ.၅၈ဧကကို အကျဉ်းဦးစီးဌာနက တရားဝင် ပြန်လည်လွှဲ‌ပြောင်း‌ပေးမည့် အခမ်းအနား ပြုလုပ်သွားရန်ရှိသည်ဟုလည်း သိရသည်။