Home သတင်း DKBA (ခွဲထွက်) နှင့် မွန်ပြည်သစ်ပါတီတို့ ထိ‌တွေ့မှု နှစ်ကြိမ်ဖြစ်ပွားခဲ့

DKBA (ခွဲထွက်) နှင့် မွန်ပြည်သစ်ပါတီတို့ ထိ‌တွေ့မှု နှစ်ကြိမ်ဖြစ်ပွားခဲ့

4581

စက်တင်ဘာ ၂ဝ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

တိုးတက်‌သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော်-DKBA နှင့် မွန်ပြည်သစ်ပါတီ-NMSP တို့ စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက် ‌နေ့များတွင် ကရင်ပြည်နယ်၊ ဘုရားသုံးဆူ ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာတွင် နှစ်ဘက် ထိ‌တွေ့ ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု နှစ်ဖက်တာဝန်ရှိသူများက အတည်ပြု ‌ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်‌နေ့က NMSP နှင့် ဗိုလ်ချုပ် ‌စော‌ကျော်သက်လက်‌အောက်ခံ တပ် DKBA (ခွဲထွက်) တို့ ‌တွေ့ဆုံမှု တစ်ခုပြုလုပ်မှုအပြီး နှစ်ဖက် တပ်များအပြန် ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ကာ နယ်‌မြေ ရှင်းလင်းသည့် စစ်‌ကြောင်းနှင့် အနည်းငယ်ထိ‌တွေ့ခြင်းသာ ဖြစ်သည်ဟု NMSP ဘက်မှ ဗိုလ်ကြီး နိုင်အာကာ ယခုလို‌ပြောသည်။

၎င်းက “ ကြားသ‌လောက်က ကျ‌နော်တို့ စစ်‌ကြောင်း သုံးဖွဲ့ နယ်‌မြေရှင်းလင်းတာနဲ့အဲ့မှာ ထိ‌တွေ့မှု အနည်း အကျဉ်း ဖြစ်သွားတာပါ။ ကျ‌နော်ကြားသ‌လောက်က ‌တွေ့ဆုံပွဲအပြန်မှာ စစ်‌ကြောင်းက ဟိုတစ်ဖွဲ့ ဒီတစ်ဖွဲ့ ဆို‌တော့ ဖြစ်သွားတဲ့ သ‌ဘောပါ။ ဖြစ်စဉ်က‌တော့ နယ်‌မြေရှင်းလင်းရင် ‌သေနတ် သုံး‌လေးချက် ပစ်ခတ်မှုဖြစ် သွားတဲ့ ပုံစံမျိုးပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် ၎င်းတို့ နှစ်ဖွဲ့ ၁၇ ရက်‌နေ့က ‌တွေ့ဆုံမှုပြုလုပ်ခဲ့ခြင်းသည် မည်သည့်အတွက်‌ကြောင့်ဖြစ်သည်ကို မသိ ‌သေးသလို ထိခိုက်ဒဏ်ရာရရှိမှု အ‌ခြေအ‌နေကိုလည်း မသိရှိရ ‌သေး‌ကြောင်း၊ ‌ခြောက်လှန့်ပစ်ခတ်မှုမျိုးသာ ဖြစ်သည့်အတွက် ထိခိုက်ဒဏ်ရာရရှိမှု မရှိနိုင်ဟု ဗိုလ်ကြီးနိုင်အာကာက ဆက်‌ပြောသည်။
ထို့အပြင် လက်နက်ကိုင်‌တော်လှန်‌ရေး ကာလအတွင်း တစ်ဖွဲ့နှင့်တဖွဲ့အကြား ညှိနှိုင်း တိုင်ပင်‌ဆွေး‌နွေးမှုမျိုးဖြင့် သွားရမည်ဖြစ်ပြီး အမြင်မှားမှုမျိုးများရှိလျှင် ပစ်ခတ်မှုများ ဆက်ဖြစ်နိုင်သည်ဟု နို်င်အာကာက ဖြည့်စွက် ‌ပြော သည်။
၎င်းပစ်ခတ်မှုသည် DKBA(ခွဲထွက်)မှ ဗိုလ်ချုပ်‌စော‌ကျော်သက် လက်‌အေက်ခံ ဗိုလ်နဂါး ဦး‌ဆောင်သည့် အဖွဲ့နှင့် စက်တင်ဘာလ ၁၇ ရက်ည‌နေ ၅ နာရီ‌ကျော်တွင် တစ်ကြိမ်နှင့် ၁၈ ရက်‌နေ့လည် ၁၁ နာရီ ‌ကျော်တွင် တစ်ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ NMSP က စတင်ပစ်ခတ်သည့်အတွက် ပြန်လည် ပစ်ခတ်ရခြင်းဖြစ်သည်ဟု DKBA ဘက်က ဆိုသည်။

DKBA (ခွဲထွက်) မှ ဗိုလ်ချုပ်‌စော‌ကျော်သက်က “ကျ‌နော်နဲ့ အလှမ်း‌ဝေး‌တော့ အ‌သေအချာ‌တော့ မသိ‌သေးဘူး။ ဒါ‌ပေမဲ့ ကျ‌နော်သိသ‌လောက်က ကျ‌နော်တို့ဘက်လူ‌တွေနဲ့ သူတို့ ထိုင်းဘက်ခြမ်းမှာ ‌တွေ့ကြပြီး ကျ‌နော်တို့ လူ‌တွေ အပြန်မှာ သူတို့(NMSP)က လမ်းမှာ‌စောင့်ဖမ်းပြီး ကျ‌နော်တို့ ‌နေရာကို လိုက်ပြခိုင်းတယ်။ လိုက်ပြခိုင်း ပြီး ကျ‌နော်တို့ လူ‌တွေကို တက်ပစ်တာပဲ။ သူတို့ပစ်‌တော့ ကျ‌နော်တို့လည်း ပြန်ပစ်တာ‌ပေါ့။ ကျ‌နော်တို့ လူ ၆ ‌ယောက်ကို ဖမ်းမိ တယ်လို့‌တော့ ကြားတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မွန် နှင့် ကရင်သည် ရန်သူမဟုတ်ပဲ ယခုလို ၎င်းတို့၏ လုပ်ရပ်မျိုးကို နားမလည်နိုင်‌ကြောင်း လည်း ဗိုလ်ချုပ် ‌စော‌ကျော်သက်က ဆက်‌ပြောသည်။

၎င်း ပစ်ခတ်မှုနှင့်ပတ်သက်၍ ပစ်ခတ်မှုတွင် အဓိက ပါဝင်သည့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ဆက်သွယ် ‌မေးမြန်း နိုင်ခြင်းမရှိသလို နှစ်ဖက်ထိခိုက်ကျရှုံးမှုများ ရှိသည်ဟု သတင်းများထွက်‌ပေါ်‌နေမှုနှင့် ‌နောက်ဆက်တွဲ ဖြစ်စဉ်များကိုမှု သီးခြားအတည်ပြုနိုင်ခြင်း မရှိ‌သေး‌ကြောင်း သိရသည်။