Home သတင်း ပြည်နယ်နှင့်တိုင်း ကိုယ်စားပြုအသင်း ၂၄ ပါဝင်သည့် ကရင်ရိုးရာတာလ‌ပေါ့ ဟင်းချက်ပြိုင်ပွဲကြီး ကျင်းပမည်

ပြည်နယ်နှင့်တိုင်း ကိုယ်စားပြုအသင်း ၂၄ ပါဝင်သည့် ကရင်ရိုးရာတာလ‌ပေါ့ ဟင်းချက်ပြိုင်ပွဲကြီး ကျင်းပမည်

3475

စက်တင်ဘာ ၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်လူမျိုးများ‌နေထိုင်ရာ ပြည်နယ်နှင့်တိုင်း‌ဒေသကြီးများမှ ကရင်တာလ‌ပေါ့ဟင်းချက် စိတ်ပါဝင်စားသူ ဝါသနာရှင် ဟင်းချက်အသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်မည့် ကရင်ရိုးရာတာလ‌ပေါ့ ဟင်းချက်ပြိုင်ပွဲကြီးကို ယခုလ စက်တင်ဘာလ ၂၈ ရက်‌နေ့တွင် ကရင်ပြည်နယ် ဖားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

ကရင်ပြည်နယ်တွင် ဒုတိယအကြိမ်‌မြောက် ထပ်မံကျင်းပမည့် ရိုးရာတာလ‌ပေါ့ဟင်းချက်ပြိုင်ပွဲကို ကရင်ပြည် နယ်အစိုးရအဖွဲ့ လမ်းညွှန်မှုများနှင့်အတူ မြန်မာနိုင်ငံ စား‌သောက်ဆိုင်လုပ်ငန်းရှင်များအသင်း(ကရင်ဇုံ)မှ ပံ့ပိုး ကူညီမှုများဖြင့် ကျင်းပပြုလုပ်သွားမည်လည်း ဖြစ်သည်။

မြန်မာနိုင်ငံစား‌သောက်ဆိုင်လုပ်ငန်းရှင်များအသင်း(ကရင်ဇုံ)ဥက္ကဌ ဦး‌အောင်မျိုးသန့်က “ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်‌တွေကို ကရင်တိုင်းရင်းသားများရဲ့ရိုးရာအစားအစာနဲ့‌ဈေးကွက်‌ဖောက်ပြီး‌တော့ စီးပွား‌ရေး အခွင့်အလမ်းတစ်ခု ‌ဖော်‌ဆောင်နိုင်ဖို့အပြင် ဒီလိုပြည်နယ်နဲ့တိုင်း‌တွေကို ဖိတ်‌ခေါ်လိုက်ခြင်းအားဖြင့် ကျ‌နော်တို့ ကရင်ပြည်နယ် တာလ‌ပေါ့ပြိုင်ပွဲဟာဆိုရင် ပြည်နယ် တိုင်းအားလုံးက‌နေလက်ခံပြီး ပါဝင်ဆင်နွှဲလာနိုင်ဖို့ ရည် ရွယ်ချက်‌တွေနဲ့ကျင်းပတာဖြစ်ပါတယ်” ဟု‌ပြောသည်။

ကရင်ရိုးရာတာလ‌ပေါ့ဟင်းချက်ပြိုင်ပွဲတွင် ပြည်နယ်တိုင်း ကိုယ်စားပြု ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနသင်္ာရီ၊ မွန် ပြည်နယ်များမှ ၅ သင်း၊ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်ကိုယ်စားပြုအသင်း ၇ သင်း၊ ‌ကျေးရွာ တိုက်နယ် ကိုယ်စားပြု ၉ သင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားပြု ၃ သင်းဖြင့် စုစု‌ပေါင်းအသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ထိုသို့ယှဉ်ပြိုင်ရာတွင် တာလ‌ပေါ့ဟင်းအမျိုးအစားကို ငါးကြင်း၊ ဝါးဘိုးမျှစ်နှင့်‌ဒေသထွက် ဟင်းခတ်အ‌မွှေး အကြိုင်များဖြင့်သာ ယှဉ်ပြိုင်‌စေမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများအား အုပ်စုခွဲကာ အရသာချက်ပြုတ် ကျွမ်း ကျင်သပ်ရပ်မှု၊ စည်းလုံးညီညွတ်မှု၊ တူညီဝတ်စုံဝတ်ဆင်မှု၊ လုပ်‌ဆောင်ချက်‌ကောင်း မွန်မှု စသည့်အချက်များ အ‌ပေါ်အ‌ခြေခံကာ အမှတ်‌ပေးဆုံးဖြတ်သွားမည်ဖြစ်သည်ဟု ပြိုင်ပွဲကျင်းပ‌ရေး ‌ကော်မတီထံမှ သိရသည်။

ပြိုင်ပွဲအမှတ်‌ပေးဒိုင်များအ‌နေဖြင့် ကရင်စာ‌ပေယဉ်‌ကျေးမှုနှင့်ပြည်နယ်အစိုးရဌာနဆိုင်ရာများရှိ ကရင်လူမျိုး အများစုပါဝင်သည့် ဒိုင်များမှ အရသာပိုင်း၊ မြန်မာနိုင်ငံ စား‌သောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ စည်းမျဉ်း စည်းကမ်းပိုင်း စသည်ဖြင့်တာဝန်ခွဲကာ အကဲဖြတ် အမှတ်‌ပေးသွားမည်ဖြစ်ပြီး ပထမဆု ၁၁ သိန်း၊ ဒုတိယ ၉ သိန်း၊ တတိယ ၇ သိန်း၊ အထူးဆု ၃ ဆုကို ၆ သိန်း၊ နှစ်သိမ့်ဆု ၁၈ ဆုအတွက် ၁၈ သိန်း အသီးသီးချီးမြှင့် သွားမည်ဖြစ်သည်။

ကရင်ရိုးရာတာလ‌ပေါ့ဟင်းချက်ပြိုင်ပွဲကို ယခုအစိုးရလက်ထက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ပထမ ဆုံးအကြိမ်အဖြစ် စတင်ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။