Home သတင်း လူမျိုးအမည်နာမ ‌ခေါ်ဆိုခြင်း အဂင်္ါလက္ခဏာအ‌ပေါ် KNU ဝင်း‌ရေးမြို့နယ် ‌ကြေညာချက်ထုတ်ပြန်

လူမျိုးအမည်နာမ ‌ခေါ်ဆိုခြင်း အဂင်္ါလက္ခဏာအ‌ပေါ် KNU ဝင်း‌ရေးမြို့နယ် ‌ကြေညာချက်ထုတ်ပြန်

3546

စက်တင်ဘာ ၄ရက်၊ ၂၀၁၉ခုနှစ်။ ‌စောရှား

တိုင်းရင်းသားလူမျိုးများ၏ အမည်၊ နာမဝိ‌သေသန ‌ခေါ်ဆိုခြင်း လူမျိုးတစ်မျိုး၏ လက္ခဏာများ မပ‌ပျောက်‌ရေး အတွက် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဝင်း‌ရေးမြို့နယ်က ၎င်းတို့မြို့နယ်အတွင်းရှိ ‌ကျေးရွာအုပ်ချုပ်‌ရေး အဖွဲ့နှင့် ရွာသူရွာသားများသိ‌စေရန် စက်တင်ဘာလ ၁ရက်‌နေ့က ‌ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

KNU အမှတ်(၁၆)တပ်ရင်း၊ ဝင်း‌ရေးမြို့နယ်၏ ထုတ်ပြန်‌ကြေညာချက်အမှတ် ၂/၂၀၁၉တွင် ကရင်လူမျိုးဆိုပါက ‘‌စော၊ မန်း၊ စ၊ နန်း၊ ‌နော်’၊ မွန်လူမျိုးဆိုပါက ‘နိုင်၊ မင်း၊ မိ’၊ ဗမာ ဆိုပါက ‘ဦး၊ ‌မောင်၊ ‌ဒေါ်၊ မ’ စသဖြင့် အမည်များကို ရှင်းလင်းစွာ သိရှိ၍ ‌ခေါ်ဆို‌ရေးသားကြရန် ထုတ်ပြန်ချက်တွင် ရည်ညွှန်းထားသည်။

ထိုသို့ထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ KNU ဝင်း‌ရေးမြို့နယ်ဥက္ကဌ ပဒို‌စော‌မောင်‌ရွေက “အသက် ၁၈နှစ်‌အောက်ဆို အမည်‌ရှေ့မှာ ‌မောင်၊ မ၊ ၁၈နှစ်အထက်ဆို ဦး၊ ‌ဒေါ်ထည့်ပြီး သူတို့‌ကောက်ခံတာဟာ လူမျိုးကြီး ဝါးမြိုသလို ကျ‌နော် တို့ ခံစားရတယ်‌လေ။ ကရင်လို့ခံယူထားတဲ့ ကရင်တိုင်းလည်း ဒါကိုသိရှိပြီး အမည်နာမ‌တွေ ‌နောက် မလွဲမှား‌စေဖို့ ‌ပေါ့။”ဟု စက်တင်ဘာ ၄ရက်(ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၂ဝခုနှစ်တွင် ပြုလုပ်မည့် ပါတီစုံဒီမိုက‌ရေစီ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ၌ မဲထည့်နိုင်ရန် ဝင်း‌ရေးမြို့နယ်အတွင်း မဲဆန္ဒရှင် အမည်စာရင်းများ လိုက်လံ‌ကောက်ခံရာတွင် ‌ဒေသခံတိုင်းရင်းသားများ၏ အမည်နာမ‌ရှေ့တွင် ‘ဦး၊ ‌ဒေါ်’ စသည့် အမည်နာမများ ထည့်သွင်း‌ကောက်ခံမှုများရှိခဲ့သည့်အတွက် ‌ဝေဖန်မှုများဖြစ်‌ပေါ်ခဲ့သည်။

အ‌ခြေခံမဲဆန္ဒရှင် စာရင်း‌ကောက်ယူမှုများနှင့်ပတ်သက်ပြီး အမည်‌ရှေ့တွင် ဦး/‌ဒေါ် ထည့်ရခြင်းမှာ ကျား/မ ခွဲခြားနိုင် ရန်အတွက် နည်းပညာပိုင်းအရ ပြင်ဆင်‌ပြောင်းလဲမရသည့် Software ‌ကြောင့် ထိုသို့ထည့်သွင်းရခြင်းဖြစ်‌ကြောင်း ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရှင်းပြ‌ပြောဆိုမှုများရှိခဲ့သည်။

ထိုသို့‌ကောက်ခံမှုများရှိ‌နေသည့်အတွက် ဝင်း‌ရေးမြို့နယ်ရုံးမှ ‌ဆွေး‌နွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သဖြင့် အစိုးရဘက်မှ ကြာအင်းဆိပ်ကြီးမြို့နယ်အုပ်ချုပ်‌ရေးမှူးက ကရင်ဆိုပါက ‘မန်း၊ ‌စော၊ စ၊ နန်း၊ ‌နော်’ ဖြင့်သာ ပြန်လည်ပြင်ဆင် ‌ကောက်ခံသွားမည်ဖြစ်‌ကြောင်း ဩဂုတ်လ ၈ရက် ‌နေ့စွဲဖြင့် ထုတ်ပြန်ခဲ့‌ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ တာဝန်ခံ ‌စော‌ယောင့်သာအဲဆန်က “ဝင်း‌ရေးမြို့ နယ်အ‌နေနဲ့ ဒီလိုမျိုး ထုတ်ပြန်တာဟာ သင့်‌တော်တယ်။ လူထုကို အသိ‌ပေးသင့်တယ်။ ဒါ‌ပေမယ့် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ကို သံသယဖြစ်တာတစ်ခုက တိုင်းရင်းသားအမည်‌ရှေ့မှာ နည်းပညာပိုင်းအရ ကျား၊မ ဘာ‌ကြောင့်ခွဲခြားရ ခက်ရတာလဲဆိုတာ တိုင်းရင်းသားအားလုံးလက်ခံနိုင်တဲ့ သာဓက၊ အ‌ထောက်အထား‌တွေ ပြ‌ပေးဖို့လိုမယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဝင်း‌ရေးမြို့နယ်အ‌နေဖြင့်လည်း အမျိုးသား‌ရေး အသိဉာဏ် အားနည်းမှု‌ကြောင့် သူတစ်ပါး၏လှည့်စားခြင်းခံရသည့်အဖြစ်မျိုးမှ လွတ်‌မြောက်‌စေရန် အသိ‌ပေး၊ သတိ‌ပေး ထုတ်ပြန်ရခြင်းဖြစ်သလို လူမျိုးအမည်နာမ သုံးစွဲမှုနှင့်ပတ်သက်သည့် ယခုထုတ်ပြန်‌ကြေညာချက်အား ဝင်း‌ရေးမြို့နယ်ရှိ ‌ကျေးရွာတိုင်းသို့ ပို့‌ဆောင်သွားမည်ဖြစ်‌ကြောင်းလည်း ပဒို‌စော‌မောင်‌ရွှေက ‌ပြောသည်။

ကရင်ပြည်နယ်တွင် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲအတွက် ကနဦး ကြိုတင်ပြင်ဆင်သည့်အ‌နေဖြင့် ယခုနှစ် မတ်လဆန်းမှ စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများမှတဆင့် အ‌ခြေခံ မဲဆန္ဒရှင်စာရင်းများကို အိမ်တိုင် ရာ‌ရောက် ‌ကောက်ခံရယူခဲ့ကြသည်။