Home သတင်း ‌မွေးစာရင်း ကိစ္စ KNU နှင့် ပြည်နယ်အစိုးရ ဆက်‌ဆွေး‌နွေး လက်တွဲလုပ်‌ဆောင်မည်

‌မွေးစာရင်း ကိစ္စ KNU နှင့် ပြည်နယ်အစိုးရ ဆက်‌ဆွေး‌နွေး လက်တွဲလုပ်‌ဆောင်မည်

2626

စက်တင်ဘာ ၁၈၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ပြည်နယ်အစိုးရ လက်လှမ်းမမှီသည့် ဒုက္ခသည် စခန်းများ၊ ‌ရွှေ့‌ပြောင်း မြန်မာက‌လေးငယ်များနှင့် ကရင်လက် နက်ကိုင်အဖွဲ့ထိန်းချုပ်နယ်‌မြေများတွင် က‌လေး‌မွေးဖွားရာတွင် ‌မွေးစာရင်းဆိုင်ရာ ကိစ္စရပ်များကို ဆက်‌ဆွေး ‌နွေးကာ လက်တွဲလုပ်‌ဆောင်သွားရန် ရှိသည်ဟု နှစ်ဖက်တာဝန်ရှိသူများက ‌ပြောသည်။

အဆိုပါ ‌မွေးစာရင်းပြုစု မှတ်တမ်းတင်ခြင်း နှစ်ဖက်တာဝန်ရှိသူများ အစည်းအ‌ဝေးကို စက်တင်ဘာ ၁၅ ရက်‌နေ့ တွင် ဖားအံမြို့၊ ‌တော်ဝင်ရတနာဟိုတယ်၌ ကျင်းပခဲ့ပြီး ပြည်နယ်အစိုးရ လူမှု‌ရေးဝန်ကြီး၊ KNU-ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန၊ KDHW၊ မယ်‌တော် ‌ဆေးခန်း (MTC)၊ နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သား အဖွဲ့ (BPHWT) စသည့် နယ်စပ် ကျန်းမာ‌ရေး အဖွဲ့များနှင့် NGO အဖွဲ့များ တက်‌ရောက်ခဲ့သည်။

‌ကေအဲန်ယူ၊ ကရင်ကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေးဌာန-KDHWဌာနမှူး ပဒို‌စောအယ်ကလူ‌ရွှေဦးက “ အစိုးရ အ‌နေနဲ့ သူတို့ ‌ကောက်ထားတာလည်း ရှိတယ်။ ကျ‌နော်တို့‌ကောက်ထားတာ‌တွေလည်း ရှိတယ်။ ကျ‌နော်တို့ ‌ကောက်ထား တာ‌တွေကို အစိုးရဘက်က တရားဝင်အသိအမှတ်ပြုဖို့အပြင် ကရင်လူမျိုးတို့ရဲ့ အမည်‌ရှေ့ သ‌ကေင်္တ ‘‌စော၊ ‌နော်၊ နန့်၊ နန်း’ ‌တွေ ထည့်သွင်းမှုနဲ့ပတ်သက်ပြီးလည်း ဆက်ညှိနှိုင်းရမှာ အများကြီး ရှိတယ်။ ဒါ‌တွေကို တရားဝင်အသိအမှတ်မပြုမချင်း‌တော့ ဆက်ပြီးကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု ‌ပြောသည်။

တစ်ရက်တာ ပြုလုပ်သည့် ‌ဆွေး‌နွေးပွဲတွင် က‌လေး‌မွေးစာရင်း ‌ကောက်ယူထားသည့် အ‌ခြေအ‌နေ၊ လက်‌တွေ့ အ‌ကောင်အထည် ‌ဖော်မှုကိစ္စ၊ ‌မွေးစာရင်းများကို တရားဝင်အသိမှတ်ပြုမှုကိစ္စနှင့် ‌ရှေ့လုပ်ငန်းစဉ် ချမှတ်ခြင်း များကို ‌ဆွေး‌နွေးသွားခဲ့သည်။ နယ်စပ်‌ဒေသ၊ ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ က‌လေးငယ်များ၊ ဒုက္ခသည်စခန်း ရှိ က‌လေးငယ်များ ‌မွေးစာရင်းနှင့် ပတ်တသက်၍ ‌ဆွေး‌နွေးခဲ့ပြီး ‌အောင်မြင်သည်ဟု သုံးသပ်‌ကြောင်း KDHW အကြီးတန် အတိုင်ပင်ခံ ‌ဒေါက်တာမာတာက ‌ပြောသည်။

ပြည်နယ် လူမှု‌ရေးဝန်ကြီး ‌စောဘိုဘို‌ဝေ‌မောင်က “အဖက်ဖက်က ကန့်သတ်ချက်ရှိ‌နေတဲ့အထဲကမှ ပြည်သူ အကျိုးပြုအလုပ်အတွက်ဆို ကျ‌နော်တို့ ပူး‌ပေါင်းလုပ်‌ဆောင်သွားရမှာပါ။ က‌လေး‌မွေးစာရင်း ‌ကောက်ယူဖို့ အတွက် Working group (အလုပ်အဖွဲ့) ဖွဲ့ပြီး လက်‌တွေ့အ‌ကောင်အထည်‌ဖော်သွားမှာပါ” ဟု ‌ကေအိုင်စီသို့ စက်တင်ဘာ ၁၆ ရက်တွင် ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်‌ဒေသ ကျန်းမာ‌ရေးအဖွဲ့အစည်းများလက်လှမ်းမမီသည့် ‌ဒေသအချို့တွင် မှတ်တမ်းမရှိဘဲ ‌မွေးဖွားသည့် က‌လေးငယ်များ‌သောင်းချီကာရှိ‌နေနိုင်ပြီး ၎င်းက‌လေးငယ်များသည် အနာဂတ်မ‌ရေရာမှု နှင့်အတူ နိုင်ငံမဲ့က‌လေးငယ်များအဖြစ်ရှိ‌နေ‌ကြောင်း ကျန်းမာ‌ရေးအဖွဲ့အစည်းများနှင့်က‌လေးသူငယ်အ‌ရေး လုပ်‌ဆောင် ‌နေသည့်အဖွဲ့များက ‌ပြောဆိုသည်။

‌မွေးစာရင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး လာမည့် ‌အောက်တိုဘာလတွင် အစိုးရ၊ KNU နှင့် နယ်စပ်ကျန်း မာ‌ရေးအဖွဲ့အစည်းများ အချိုးချပါဝင်သည့် Working Group တစ်ခုဖွဲ့စည်းသွားမည်ဖြစ်သလို လက်တွဲပူး‌ပေါင်း ‌ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်း ဆက်ညှိနှိုင်း အ‌ကောင်အထည်‌ဖော် သွားမည်ရန်ရှိသည်ဟု နှစ်ဖက်တာဝန်ရှိသူများထံမှ သိရသည်။