Home သတင်း မီးပူတိုက်ရာမှတဆင့် ဝါယာကြိုး‌ရှော့ဖြစ်ကာ ‌နေအိမ် ၅ လုံးမီး‌လောင်မှု မြဝ တီမြို့တွင် ဖြစ်ပွား

မီးပူတိုက်ရာမှတဆင့် ဝါယာကြိုး‌ရှော့ဖြစ်ကာ ‌နေအိမ် ၅ လုံးမီး‌လောင်မှု မြဝ တီမြို့တွင် ဖြစ်ပွား

2218

စက်တင်ဘာ ၁ဝ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၂)ရပ်ကွက် ပုလဲရတနာ ၁ လမ်းတွင် စက်တင်ဘာ ၉ ရက်(ယမန်‌နေ့)၊ နံနက် ၉း၃ဝ နာရီအချိန်ခန့်က လူ‌နေအိမ်တစ်လုံးအတွင်း အဝတ်အထည်များကို မီးပူတိုက်ရာမှ ဝါယာကြိုး‌ရှော့ဖြစ်ပွားသည့်အတွက် ‌နေ အိမ် ၅ လုံး မီး‌လောင်ကျွမ်းမှုတစ်ရပ်ဖြစ်ပွားခဲ့သည်။

မီးစတင်‌လောင်ကျွမ်းခဲ့သည့် အိမ်၏ အိမ်ရှင်ဖြစ်သူ မစိုးစိုး‌ထွေးဖြစ်သူသည် ‌နေအိမ်အတွင်းအဝတ်အထည်များကို မီးပူတိုက်‌နေစဉ် မီးပလပ်ခုံမှ ဝါယာကြိုး ‌ရှော့ဖြစ်ကာ ‌နေအိမ်မီး‌လောင်ခဲ့ရာ ထိုမှတဆင့် အခြား‌ဘေးလူ‌နေအိမ် ၄လုံးကို ပါမီးကူးစက် ‌လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာတာဝန်ရှိသူများက ‌ပြောသည်။

အခင်းဖြစ်‌နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်‌နေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့၍ နံနက် ၁ဝ နာရီခွဲအချိန်ခန့်တွင် မီးငြှိမ်းသွား‌ကြောင်း မီးငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့သူများက ‌ပြောသည်။

အဆိုပါ မီး‌လောင်ကျွမ်းမှု‌ကြောင့် အလျား ၂၇‌ပေ၊ အနံ ၁၈‌ပေ သွပ်မိုးပျဉ်ကာ နှစ်ထပ်အိမ်(၅)လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး ထိုသို့လျှပ်စစ်မီးကို ‌ပေါ့ဆစွာသုံးစွဲ၍ ဝါယာ ကြိုး‌ရှော့ဖြစ်ကာ ‌နေအိမ် ၅ လုံးအား မီးကူးစက်‌လောင်ကျွမ်းခဲ့သဖြင့် မီးစတင်‌လောင်ကျွမ်းခဲ့သည့် အိမ်ရှင်ဖြစ်သူ မစိုးစိုး‌ထွေးအား မြဝတီမြို့ရဲစခန်းက (ပ) ၁၀၂၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ထားလိုက်သည်ဟု သိရ သည်။