Home သတင်း ကိုယ်တိုုင် အမှုရင်ဆိုင်သွားမည်ဟု ‌နော်အုန်းလှ‌ပြော

ကိုယ်တိုုင် အမှုရင်ဆိုင်သွားမည်ဟု ‌နော်အုန်းလှ‌ပြော

2575

စက်တင်ဘာ ၁ဝရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

၆၉ နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ ကျင်းပသည့်အတွက် အစိုးရက တရားစွဲခြင်းခံရသည့် ‌နော်အုန်းလှ အ‌နေ ဖြင့် ‌ရှေ့‌နေငှားရမ်းခြင်း မရှိဘဲ မိမိကိုယ်တိုင်အမှုကို ရင်ဆိုင်သွားမည်ဟုု စက်တင်ဘာ ၁ဝ ရက်‌နေ့ နံနက် ၁ဝ နာရီ‌ကျော်တွင် ရန်ကုန်မြို့၊ ‌ကျောက်တံတားမြို့နယ်တရားရုံး၌ အမှုရင်ဆိုင်ရန် ‌ရောက်ရှိလာသည့် ‌နော်အုန်းလှက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ ‌ရှေ့‌နေမလိုဘူး။ ဒီကိစ္စက ကိုယ့်အမှား မဟုတ်ဘူး။ ဒီပြဿနာက အစိုးရ ကိစ္စပဲ‌လေ။ ဒီလိုလုပ်တဲ့ အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေးကို ထိခိုက်နိုင်တယ်။ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကိုလည်း ထိခိုက်နိုင်တယ် လို့ အစကတည်းက ‌ပြောပြီးသားပဲ။ ဒါ‌ပေမဲ့ အခုဒီလိုလုပ်တဲ့ အခါကျ‌တော့ အစိုးရနဲ့ ရင်ဆိုင်မယ်သွားမယ်” ဟု ‌ကျောက်တံတားမြို့နယ်၊ တရားရုံးသို့ ‌ရောက်ရှိ‌နေသည့် ‌နော်အုန်းလှက ‌ပြောသည်။

လက်ရှိ အချိန်တွင် ‌ကျောက်တံတားမြို့နယ် တရားရုံးတွင် အမှုတွဲတင်ရန် သက်ဆိုင်ရာက ပြင်ဆင်‌နေပြီး အမှု တွဲတင်ပြီးပါက အာမခံရရန် တရားသူကြီးထံ ‌ပြောဆိုသွားရန်ရှိသလို အမှုတွဲတွင်ပါဝင်သည့် ကရင်လူငယ်နှစ် ဦးကိုလည်း ရန်ကုန်မြို့သို့လာ‌ရောက်ရန် ‌ခေါ်ဆိုထားပြီး အမှုတွဲတွင်ပါဝင်သူများနှင့် ညှိနှိုင်းကာ ရင်ဆိုင်သွား မည်ဟု ‌နော်အုန်းလှက ဖြည့်စွက်‌ပြောသည်။

‌နော်အုန်းလှကို စက်တင်ဘာ ၉ ရက်‌နေ့၊ ည ၇ နာရီ‌ကျော်ခန့်က အလုံမြို့နယ်ရဲစခန်းတွင် အမျိုးသမီးအမှုကိစ္စ ကူညီ‌ဆောင်ရွက်‌ပေး‌နေစဉ်အချိန်တွင် ‌ကျောက်တံတားမြို့နယ်၊ ရဲစခန်း တာဝန်ရှိသူများက လာ‌ရောက်ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁ဝ ရက်‌နေ့တွင် တရားရုံး၌ အမှုလာတင်ကာ ရုံးထုတ်ခြင်းဖြစ်‌ကြောင်း သိရသည်။

၆၉ နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပရန် သက်ဆိုင်ရာက ခွင့်မပြုသည့် အတွက် ငြိမ်းစုစီတင်ကာ မဟာဗန္ဓုလပန်းခြံ‌ရှေ့၌ ဩဂုတ် ၁၂ ရက်‌နေ့တွင် ကျင်းပခဲ့သည့်အ‌ပေါ် ‌နော်အုန်းလှ အပါအဝင် ကရင်လူငယ်နှစ်ဦးဖြစ်သည့် စသိန်း‌ဇော်မင်းနှင့် ‌စောအဲဘတ်ချိုတို့ကို ငြိမ်းစုစီ ဥပ‌ဒေအရ ‌ကျောက်တံတားမြို့နယ် ရဲစခန်းက တရားစွဲဆိုထားခြင်းဖြစ်သည်ဟု ကနဦးသိရသည်။