Home သတင်း ထိုင်းနိုင်ငံသို့ တင်ပို့‌နေ‌သော ‌ပြောင်းဆံများ တင်သွင်းခွင့် ရပ်ဆိုင်းလိုက်၍ ကုန်သည်များ အခက်ကြုံ

ထိုင်းနိုင်ငံသို့ တင်ပို့‌နေ‌သော ‌ပြောင်းဆံများ တင်သွင်းခွင့် ရပ်ဆိုင်းလိုက်၍ ကုန်သည်များ အခက်ကြုံ

2610

စက်တင်ဘာ ၁ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်‌ရေးလမ်း‌ကြောင်း တစ်ခုဖြစ်‌သော မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံ သို့ တင်ပို့‌နေသည့် မြန်မာ‌ပြောင်းဆံများကို ဩဂုတ်လ ၃၁ရက်‌နေ့က ထိုင်းနိုင်ငံဘက်ခြမ်းမှ တင်သွင်းမှု ရပ်ဆိုင်းလိုက်သဖြင့် ‌ပြောင်းဆံတန်ချိန် တစ်သိန်း‌ကျော်မှာ သတ်မှတ်ရက်အတွင်း အချိန်မှီမတင်ပို့နိုင်သည့်အတွက် ကုန်သည်များ အခက်ကြုံ‌နေရ‌ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ မြန်မာ‌ပြောင်းဆံတင်ပို့မှုကို ၂ဝ၁၉ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်‌နေ့ထိသာ ခွင့်ပြုထားရာ ၎င်း‌နေ့ ည ၈နာရီအချိန်တွင် သတ်မှတ်ရက် ကုန်ဆုံးသွားသဖြင့် ထိုင်းသို့ ပို့ရန် တင်‌ဆောင်လာသည့် ‌ပြောင်းဆံတန်ချိန် ၁၈ဝ,ဝဝဝ (တစ်သိန်းရှစ်‌သောင်းခန့်) မှာ လမ်းခရီးအ‌ခြေအ‌နေ‌ကြောင့် အချိန်မှီမတင်ပို့နိုင်သဖြင့် ယခုလို အခက်ကြုံ‌နေရခြင်းဖြစ် သည်ဟု ကုန်သည်များက ‌ပြောသည်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် ပင်းတယ၊ ဟိုပုန်း၊ ရပ်‌စောက်၊ လွိုင်လင်မြို့နယ်များမှထွက်‌သော ‌ပြောင်းဆံများနှင့် ဧရာဝတီတိုင်း‌ဒေသကြီး ဇလွန်၊ အ‌ဖျောင့်၊ ဟသင်္ာတတို့မှထွက်‌သော ‌ပြောင်းဆံများကို ရှမ်းပြည်နယ် မူဆယ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိရာမှ ‌နောင်ချိုမြို့နှင့် အနီး၌ တိုက်ပွဲများမဖြစ်ပွားခင် မြန်မာ့‌ပြောင်းဆံများအား တရုတ်နိုင်ငံမှ အခွန်တိုးမြှင့်မှု‌ကြောင့် မြန်မာ‌ပြောင်းဆံကုန်သည်များ တွက်‌ခြေမကိုက်‌တော့ဘဲ မြဝတီ နယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့ တရားဝင်ဂျူတီ‌ဆောင်၍ တင်သွင်းရန် ‌ဆောင်ရွက်လာကြ‌ကြောင်း သိရသည်။

“ကျ‌နော်တို့က ရှမ်းပြည်နယ်က ‌ပြောင်း‌တွေကို မူဆယ်ကတဆင့် တရုတ်ပြည်ကို တင်သွင်း‌နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာ့‌ပြောင်းဆံ‌တွေကို တရုတ်ပြည်က အခွန်တိုး‌ကောက်တဲ့အတွက် တွက်‌ခြေမကိုက်၍ မြဝတီနယ်စပ်မှတဆင့် ထိုင်းကို တရား ဝင် တင်ပို့တာဖြစ်ပါတယ်။ အဲ့လိုတင်ပို့ရာမှာ ဂျိုင်းမြစ်‌ရေမြင့်တက်ခဲ့ပြီး ပွန်တွန်း‌ဘော့တံတားကူးရာမှာ အဆင်မ‌ပြေဘဲ ရက်များ စွာ ကြန့်ကြာခဲ့ရပါတယ်။ အခုဆိုရင် မြန်မာ့‌ပြောင်းဆံတင်တဲ့ ကုန်တင်ကား‌တွေဟာ ထိုင်းကို မပို့ရဘဲ လမ်း‌ပေါ်မှာတင် တန်ချိန် တစ်သိန်းရှစ်‌သောင်းခန့် ရှိ‌နေပါတယ်။ အဲ့ဒါကို ထိုင်းဘက်ခြမ်းက ၃၁ရက်‌နေ့မှာ အဝင်ရပ်လိုက်တဲ့အတွက် ကျ‌နော်တို့‌ပြောင်းဆံ ကုန်သည်‌တွေ ဆုံးရှုံးမှု များစွာဖြစ်ရပါတယ်”ဟု ရှမ်းပြည်နယ်မှ ကုန်သည်တစ်ဦးဖြစ်သည့် စိုင်းကိုကိုက ‌ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မြဝတီကုန်သည်ကြီးများအသင်း ဥက္ကဌ ‌ဒေါ်သင်းသင်းမြတ်က “အခုလို ထိုင်းနိုင်ငံဘက်ခြမ်းက ‌ပြောင်း ဆံတင်သွင်းခွင့်ရပ်ဆိုင်းလိုက်တဲ့အတွက် ကုန်သည်‌တွေများစွာ အခက်ကြုံ‌နေရတာကို မြင်‌တွေ့ ကြားသိရတဲ့အတွက် ကျမတို့ ကုန်သည်ကြီးများအသင်းအ‌နေဖြင့် ‌ပြောင်းဆံများကို ‌နောက်ထပ်တစ်လ တင်သွင်းခွင့် ရက်တိုးမြှင့်‌ပေးဖို့ ထိုင်းဘက်ခြမ်း တာ ဝန်ရှိသူများအ‌နေနဲ့ ညှိနှိုင်း‌ပေးဖို့ ‌တောင်းဆိုခဲ့ပါတယ်။ ထိုင်ဘက်ခြမ်း တာဝန်ရှိသူများမှ အဆင့်ဆင့် တင်ပြပြီး စက်တင်ဘာလ ၃ရက်‌နေ့မှာ အ‌ကြောင်းပြန်မယ်။”ဟု ‌ပြောသည်။

ထိုင်းနိုင်ငံတွင် နှစ်စဉ် စက်တင်ဘာလတွင် ‌ပြောင်းထွက်ရာသီဖြစ်သဖြင့် ဩဂုတ် ၃၁ရက်‌နေ့ထိသာ အခြား‌ပြောင်းဆံများ တင်ခွင့်ပြုခြင်းဖြစ်‌ကြောင်း သိရသည်။ ယခုကဲ့သို့ ‌ပြောင်းဆံ တင်သွင်းခွင့် ရပ်ဆိုင်းလိုက်သည့်အတွက် ထိုင်းနိုင်ငံသို့ တင်ပို့ရန် ‌ပြောင်းဆံတင်‌ဆောင်လာသည့် ကုန်တင်ယာဉ် အစီး‌ပေါင်း (၅၀၀)ခန့်မှာ မြဝတီမြို့နှင့် အနီးတဝိုက်ရှိ လမ်းတစ်‌လျှောက် ရပ်တန့်ထားရသည့်အတွက် ယာဉ်‌ကြောပိတ်ဆို့မှုများ ဖြစ်‌ပေါ်လျက်ရှိ‌ကြောင်း မြို့ခံများက ‌ပြောသည်။