Home သတင်း ကရင့်အာဇာနည်‌နေ့ ကျင်းပသူ ‌နော်အုန်းလှနှင့် လူငယ် ၂ဦးတို့အမှု လာမည့် ‌အောက်တိုဘာလ ၂ ရက်‌နေ့တွင် အမိန့်ချမည်

ကရင့်အာဇာနည်‌နေ့ ကျင်းပသူ ‌နော်အုန်းလှနှင့် လူငယ် ၂ဦးတို့အမှု လာမည့် ‌အောက်တိုဘာလ ၂ ရက်‌နေ့တွင် အမိန့်ချမည်

2572

စက်တင်ဘာလ ၂၇ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ရန်ကုန်မြို့တွင် ၆၉ နှစ်‌မြောက် ကရင်အမျိုးသားအာဇာနည်‌နေ့ ကျင်းပသည့်အတွက် အစိုးရက တရားစွဲထားသည့် ကရင်အမျိုးသမီးအစည်းအရုံး (KWU) ဥက္ကဌ ‌နော်အုန်းလှနှင့် ကရင်လူငယ် ၂ဦးတို ့အမှုကို လာမယ့်‌အောက်တိုဘာ (၂)ရက်‌နေ့တွင် ရုံးချိန်းပြီး အမိန့်ချမည်ဟု ယ‌နေ့ ‌ကျောက် တံတားမြို ့နယ်တွင် ပြုလုပ်သည့် တရားခွင်တွင် တရားသူကြီးက ‌ပြောဆိုခဲ့သည်ဟု သိရသည်။

တရားခွင်တွင် ‌နော်အုန်းလှနှင့် ကရင်လူငယ် ၂ ဦးအား မည်သည့် ‌လျှောက်လဲ ချက်‌ပေးလိုသနည်းဟု ‌မေးမြန်းရာတွင် မည်သည့်‌လျှောက်လဲချက်မျှ ‌ပေးစရာမရှိဟု ‌နော်အုန်းလှတို့ဘက်က တရားခွင်တွင် ‌ပြောကြားခဲ့သည့်အတွက် လာမည့်‌အောက်တိုဘာ ၂ ရက်‌နေ့ရုံးချိန်းတွင် အမိန့်ချမည်ဟု တရားသူကြီးက ‌ပြောဆိုခဲ့လိုက်ခြင်းဖြစ်သည်။

ယ‌နေ့ ‌နော်အုန်းလှနှင့် ကရင်လူငယ် ၂ဦးတို့ တတိယအကြိမ် ရုံးချိန်းတွင် ‌ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး ဗဟို‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်အပါအဝင် နယ်ပယ်စုံမှ ပြည်သူ ၃၀ဝ ‌ကျော် လာ‌ရောက်ဝန်းရံ နှုတ်ဆက်လျက်ရှိ‌ကြောင်း တရားရုံးသို့ သတင်းသွားယူ‌နေသည့် ‌ကေအိုင်စီ သတင်း ‌ထောက်က သတင်း‌ပေးပို့သည်။

ယ‌နေ့ ရုံးချိန်းကို ‌နေ့လည် ၁၁နာရီမှာ စတင်ပြီး ၁၁နာရီ ၂ဝမိနစ်တွင် ပြီးစီးသွားသည်။